KIC News
ဖားအံ သံလွင်မြစ်အတွင်း စစ်ကောင်စီ စစ်သင်္ဘောများ တိုးချထား
မေ ၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်၊ သံလွင်မြစ်အတွင်း စစ်ကောင်စီက စစ်သင်္ဘော စခန်းများတိုးချထားပြီး စစ်ရေးပြင်ဆင်မှုများ ရှိသည်ဟု ဖားအံမြို့ခံများက ပြောသည်။
အဆိုပါ ဖားအံမြို့နယ်၊ သံလွင်မြစ်အတွင်း စစ်သင်္ဘောစခန်းများမှာ ဖားမဲတောင်နေရာတွင် တစ်နေရာ တရုတ်လှ ကျေးရွာအနီး ကမ်းနား၌ တစ်နေရာ၊ တရုတ်လှနှင့်ဖားကပ် ကျေးရွာကြားရှိ...
သံတောင်-တောင်ငူလမ်းပိတ်ထားသဖြင့် ပစ္စည်းပြတ်လပ်မှု ဖြစ်ပေါ်နေ
မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်နယ်မြေ၊ တောင်ငူခရိုင်၊ တပ်မဟာ(၂)၊ သံတောင် ကြီးမှ တောင်ငူမြို့နယ်သို့ ကူးသန်းသွားလာသည့် အဓိကလမ်းမကြီး ပိတ်ထားသဖြင့် နေရာအချို့တွင် ကုန်ပစ္စည်းပြတ်လပ်မှုဖြစ်ပေါ်နေသည်ဟု သံတောင်ကြီးဒေသခံများက ပြောသည်။
နယ်မြေတွင်းသွားလာသည့် ဒေသခံများ၏ လုံခြုံရေးအတွက် ကေအဲန်ယူ၊ တပ်မဟာ(၂)ဘက်က အဆိုပါလမ်းကို...
ဒူးပလာယာ စစ်ရှောင်များအတွက် ရံပုံငွေစျေးရောင်းပွဲတော်တွင် ပါဝင်ကူညီကြရန် ကရင်လူငယ်များ ဖိတ်ခေါ်
မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြုလုပ် မည့် ရံပုံငွေ စျေးရောင်းပွဲတော် အစီအစဥ်တွင် ပါဝင်ကူညီကြရန် ဦးဆောင်စီစဉ်သူ ကရင်လူငယ်များက ဖိတ်ခေါ်လိုက်သည်။
ထိုင်းနိုင်ငံ၊...














