KIC News
ကေအဲန်ယူထံမှကူးယူထားသည့်ပုံဖြင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှင့်ပြည်သူများ ဒဏ်ရာရမှုအပေါ် သတင်းအမှားဖြန့်
ကေအဲန်ယူထံမှကူးယူထားသည့်ပုံဖြင့် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးနှင့်ပြည်သူများ ဒဏ်ရာရမှုအပေါ် သတင်းအမှားဖြန့်
ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။
KIC, The Red Flag, MFCN
ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့နယ် ရေလဲအနောက်ဘက်ကမ်းရွာနှင့် သင်္ကန်းကုန်းရွာမှ အသက်(၁၈)နှစ်အောက်ကလေးငယ်(၂)ဦးနှင့် ပြည်သူ(၂)ဦးအား နတ်သံကွင်းမြို့အခြေစိုက် စစ်ကောင်စီတပ်နှင့်ရွှေကျင်မြို့အခြေစိုက် ခြေလျှင်တပ်ရင်း ခမရ-၃၀၇ တို့ကလက်နက်ကြီးပစ်ခတ်၍ ဒဏ်ရာရရှိမှုအပေါ်...
ထိုင်းပိုင်နက်တွင် တွေ့ရှိသည့် ကာမီကာဇီဒရုန်း မဲ့သဝေါအူးမူးထကျောင်းသို့ ပစ်ခတ်သည့် ဒရုန်းအဟောင်းဖြစ်နိုင်ဟု KNU တပ်မဟာ (၇)မှူး ပြော
ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်၊ ခွန်မယ့်ဝေကျေးရွာအနီးရှိ တောတွင်းတစ်နေရာ၌ ယနေ့ ဇူလိုင် ၂၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ၏ ကာမီကာဇီဒရုန်းတစ်လုံးတွေ့ရှိခြင်းသည် ဧပြီလက မဲ့သဝေါ ဒေသ၊ အူးမူးထကျောင်းသို့ ပစ်လွတ်သည့် ဒရုန်းအဟောင်း...
ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ဩဂုတ်လအတွင်း အပြီးသတ် ထိုးစစ်ဆင်မည်ဟု သတင်းထွက်
ဇူလိုင် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလ သင်္ကြန်ကာလအတွင်းက လက်လွတ်ခဲ့ရသည့် ကျုံဒိုး-ကော့ကရိတ် အာရှလမ်း ပိုင်းကို လာမည့် ဩဂုတ်လအတွင်း အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။
အဆိုပါ လမ်းပိုင်းကို ပြန်စိုးမိုးရေး ထိုးစစ်ဆင်ရန်အတွက်...
BGF မှ KNA ပြောင်းမည့်အရေး ဆွေးနွေးပွဲ သဘောတူညီမှုရရှိ
ဇူလိုင် ၂၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
နယ်ခြားစောင့်တပ်-BGF မှ ကရင့်အမျိုးသားတပ်မတော်-KNA အဖြစ် ပြောင်းလဲဖွဲ့စည်းမည့်အရေး ဆွေးနွေးပွဲတွင် တက်ရောက်သူ ကရင်နိုင်ငံရေးပါတီများ၊ ကရင်ပြည်နယ်၊ မြို့နယ်အသီးသီးရှိ ကျေးရွာတာဝန်ရှိသူများနှင့် သံဃာတော်အများစု၏ သဘောတူညီထောက်ခံမှု ရရှိခဲ့ကြောင်း ဦးဆောင်ပြုလုပ်သူ BGF ထိပ်ပိုင်းခေါင်းဆောင်ထံမှ သိရသည်။
ကရင်ပြည်နယ်ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနှင့်စည်းလုံးညီညွှတ်ရေး...
သိန်းခွန်ရွာ တိုက်ပွဲတွင် တပ်သားသစ် ၉ ဦး လက်နက်များနှင့်အတူ ကေအဲန်ယူထံ ဘက်ပြောင်းခိုလှုံ
ဇူလိုင်၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မြိတ်-မောတောင် အာရှလမ်းမကြီးဘေးရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲအတွင်းမှ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သားသစ် ၉ ဦး လက်နက်များနှင့်အတူ ကေအဲန်ယူ၊ တပ်မဟာ-၄၊ ကရင်အမျိုး သား လွတ်မြောက်ရေးတပ်မတော်-KNLA၊ တပ်ရင်း ၁၁ ထံသို့ ဘက်ပြောင်း ခိုလှုံလာသည်ဟု...
အကြိမ်ကြိမ်အခါခါ သက်သေပြသထားခဲ့ပြီးပြီပဲ မဟုတ်ပါလား
အကြိမ်ကြိမ်အခါခါ သက်သေပြသထားခဲ့ပြီးပြီပဲ မဟုတ်ပါလား
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက “ဒီဇင်ဘာ (၂၀၂၅) နဲ့ ဇန်နဝါရီ (၂၀၂၆) မှာ ကျင်းပမယ်” ဆိုတဲ့ “အထွေထွေရွေးကောက်ပွဲ” အတွက် ဦးတည်ပြီး စစ်ရေး - နိုင်ငံရေး -...
မိမိနေရပ်သို့ ပြန်လည်အခြေချနိုင်ကြောင်း ဒုက္ခသည်များအား KNU ဖိတ်ခေါ်
ဇူလိုင် ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများမှ ပြည်သူများအနေဖြင့် ဆန္ဒရှိပါက မိမိနေရပ်သို့ ပြန်လည်အခြေချ နေထိုင်နိုင်ပြီဖြစ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တာဝန်ရှိသူများက ဖိတ်ခေါ်လိုက်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၅ နှင့် ၁၆ ရက်နေ့တွင် ထိုင်းနယ်စပ်ရှိ မယ်လအူး၊ မယ်လမို ဒုက္ခသည်စခန်း...
ကော်သူးလေနှင့်ထိုင်းနယ်စပ် နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါး စိုးမိုးထားနိုင်ပြီဟု KNU ပြော
ဇူလိုင် ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေနှင့်ထိုင်းနယ်စပ်တစ်လျှောက် နယ်နိမိတ် ၉၀ ရာခိုင်နှုန်းနီးပါးကို စိုးမိုးထားနိုင်ပြီဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်နေ့တွင် ပြုလုပ်သည့် ကေအိုင်စီနှင့်သီးသန့် အင်တာဗျူးအတွင်း ပြောဆိုသည်။
ကပြင်ရပ်ဝန်း ISP Myanmar မှ...














