KIC News
မုန်းမြို့နယ်တွင် စစ်တပ်က လက်နက်ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ
စက်တင်ဘာ ၈ ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီးထူ(ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့ နယ်အတွင်းရှိ ကျေးရွာများသို့ အာဏာသိမ်း စစ်တပ်၏ တပ်ရင်းစခန်းကုန်းများမှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင်...
ကရင်နီတွင် စစ်တပ်စစ်ကြောင်းများက ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့
စက်တင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ မြို့နယ်များအတွင်းသို့ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်က ပြီးခဲ့သည့် ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၂၅ ကြိမ် ကျူးလွန်ခဲ့သည်ဟု ကရင်နီလူ့အခွင့် အရေးအဖွဲ့ (KnHRG) ယနေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်တပ်က လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း၊...
စစ်တပ်က ရသေ့ဂူရွာကို ပေါင် ၅၀၀ ဗုံး နှစ်လုံးကြဲပြီးနောက် မြေပြင်စစ်ကြောင်းများ မယ်ထော်သလေး၊ မဲကနယ်သို့ ရောက်လာ
စက်တင်ဘာ ၈၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်၊ ရသေ့ဂူရွာသို့ အာဏာသိမ်း စစ်တပ်က ပေါင် ၅၀၀ ဗုံးနှစ်လုံးဖြင့် ယနေ့ နံနက် ၈ နာရီခွဲကျော်ချိန်တွင် ကြဲချတိုက်ခိုက်ခဲ့ပြီး မြို့သစ်အနီး မယ်ထော်သလေးရွာနှင့် မဲကနယ်ရွာတို့၌ မြေပြင်စစ်ကြောင်း ရောက်ရှိလာသည်ဟု ကေအိုင်စီ စစ်ရေးသတင်းရင်းမြစ်က...
အောင်ဇေယျစစ်ဆင်ရေးကို ၅၀၃+ ရက်ကြာဟန့်တားနိုင်ခဲ့ပြီး ထိုအတောအတွင်း မဆုတ် တန်းခံစခန်း ၁၈ ခုကို သိမ်းယူခဲ့
အာရှလမ်းမကြီး စစ်ဆင်ရေးတွင် ပါ၀င်ခဲ့သည့် KNLA၊ KNDO၊ PDF၊ MLA တပ်ဖွဲ့ဝင်များကို KNU ဂုဏ်ပြု၊ နိုင်ငံ တော် အဆင့်ဆိုသည့် အောင်ဇေယျစစ်ဆင်ရေးကို ၅၀၃+ ရက်ကြာဟန့်တားနိုင်ခဲ့ပြီး ထိုအတောအတွင်း မဆုတ် တန်းခံစခန်း ၁၈ ခုကို သိမ်းယူခဲ့
စက်တင်ဘာ ၇၊...
ရွှေ့ပြောင်းအလုပ်သမား ကူညီရေးအဖွဲ့ JACBA ၂၁ နှစ်ပြည့် အထမ်းအမှတ် စုပေါင်းသွေးလှူ
စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိလာသည့် ရွေ့ပြောင်း မြန်မာ အလုပ်သမားများကို ကူညီရန် ရည်ရွယ်တည်ထောင် ခဲ့သည့် မြန်မာပြည်သားများအရေး ပူးတွဲလှူပ်ရှားမှုကော်မတီ (JACBA) ဖွဲ့စည်းတည်ထောင်ခြင်း ၂၁ နှစ်ပြည့် အထိမ်းအမှတ် စုပေါင်းသွေးလှူပွဲကို ယနေ့ နံနက်ပိုင်းတွင် မယ်တော်ဆေးခန်း၌ ပြုလုပ်ခဲ့သည်။...
နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်ပါက နိုင်သည့်ဘက်မှ ကူညီမည်ဟု DKBA ပြော
စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
လာမည့် ရွေးကောက်ပွဲသည် ပြည်သူ့ ကိုယ်စားပြု ကိုယ်စားလှယ်များ ပေါ်ထွက်လာရေးအတွက် ကြိုးပမ်းမှု တစ်ခုဖြစ်၍ ပြည်သူ့ ဆန္ဒနှင့်အညီ ထိန်းချုပ်နယ်မြေအတွင်း ရွေးကောက်ပွဲ ဖြစ်လာပါက နိုင်သည့်ဘက်မှ ကူညီ သွားမည်ဟု ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော်-DKBA က...
လေးကေ့ကော် ဒေသခံများ စစ်ဘေးပြန်ရှောင်နေရ
စက်တင်ဘာ ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သလို မြေပြင်တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများ ယာယီရွှေ့ ပြောင်းနေထိုင်သွားရန် အုပ်ချုပ်ရေး တာဝန်ရှိသူက အသိပေးထားသည်ဟု စစ်ဘေးရှောင်အရေး လုပ်ဆောင်နေသူ ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိ မြဝတီမြို့ နိုဖိုး၊...














