KIC News
ကော့ကရိတ်မြို့တွင်းမှ ပြောင်းရွှေ့သူ နေ့စဉ်နီးပါး ရှိနေ
ဇူလိုင် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် နေထိုင်သည့် ဒေသခံများ မြို့တွင်း၌ အခြေခံစားသောက်ကုန် ဈေးနှုန်းမြင့်တက်နေမှု၊ လုံခြုံရေး စသည့် အထွေထွေကိစ္စရပ်များကြောင့် တခြားဒေသသို့ ပြောင်းရွှေ့ ထွက်ခွာသူ နေ့စဉ်နီးပါး ရှိနေသည်ဟု ကူညီပေးနေသူများက ပြောသည်။
ကော့ကရိတ်မြို့တွင်း၌ အလုပ်အကိုင်ရှားပါးခြင်းနှင့် ဝင်ငွေနည်းလာခြင်း၊...
လောင်းလုံး ပန်းတင်အင်းရွာကို စစ်ကောင်စီ စစ်ကြောင်းထိုး ဒေသခံ ၂ ဦး သေဆုံး
ဇူလိုင် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့၊ နံနက်ပိုင်း တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးသွားသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူနှင့် ဒေသခံတို့က...
ပဲခူးတိုင်းရေကြီးမှုအတွင်း ၃ ဦးသေဆုံး၊ သောက်သုံးရေ နှင့်စားစရာပြတ်လပ်
ဇူလိုင် ၂၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်းမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားလျက်ရှိရာ ယမန်နေ့ ဇူလိုင် ၂၈ ရက်နေ့အထိ အမျိုးသား(၃)ဦး ရေစီးနှင့်မျှောပါသေဆုံးခဲ့သလို သောက်သုံးရေနှင့် စားစရာပြတ်လပ်နေသည်ဟု အနီးကပ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်သည့် အဖွဲ့များထံမှ သိရသည်။
ဇူလိုင်လအတွင်း မိုးကြီးရေလျှံပြီး မြစ်နှင့်ချောင်းရေမြင့်တက်မှုများကြောင့် အဆိုပါမြို့နယ်သုံးခုရှိ...














