KIC News
ကုန်တင်ယာဉ်များကို လာဘ်ယူလွှတ်ပေး၍ ရတခ ဒုတိုင်းမှူးအပါ ၂၀ ဦးကျော် စစ်ဆေးခံနေရဟု သတင်းထွက်
ဩဂုတ် ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့မှ တရားမဝင် ထိုင်းကုန်ပစ္စည်းများ သယ်ဆောင်လာသည့် ကုန်တင်ယာဉ်များကို ဖားအံမြို့၊ သံလွင်မြစ်စစ်ဆေးရေးဂိတ်၌ လာဘ်ယူလွှတ်ပေးသည့်အတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိုင်း မှူး အပါအဝင် ကရင်နှင့် မွန်ပြည်နယ်မှ ဝန်ထမ်း ၂၀ ဦးကျော်ကို ဖမ်းဆီးစစ်ဆေးနေသည်ဟု သတင်းများထွက်ပေါ်...
စစ်သုံ့ပန်းများကို ကောင်းစွာထားပြီး ဆန္ဒအတိုင်းစီစဉ် ပေးနေဟု ကေအဲန်ယူပြော
ဩဂုတ် ၄၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃) နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း ဇူလိုင်လကုန်ပိုင်း တိုက်ပွဲများအတွင်း ဖမ်းမိ စစ်သုံ့ပန်း ၂၆ ဦးကို ကောင်းစွာထားရှိပြီး ဆန္ဒအလျောက် စီစဉ်လုပ် ဆောင်ပေးထားသည်ဟု ကေအဲန်ယူ(ဗဟို)က ယနေ့တွင် သတင်းထုတ်ပြန်လိုက်သည်။...
ဖားအံတွင် ရေဆက်လက်မြင့်တက်ပြီး ဒေသခံ ၂ ဦး သေဆုံးခဲ့
သြဂုတ် ၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်ရပ်ကွက်များနှင့် သံလွင်မြစ်ကမ်းဘေးနေရာများတွင် ယမန်နေ့အချိန်ထိ မြစ်ရေ ဆက်လက်မြင့်တက်လျက်ရှိရာ ရေကြီးရေလျှံမှုကြောင့် ဒေသခံ အမျိုးသား ၂ ဦးသေဆုံးမှုရှိခဲ့သည်ဟု မြို့ခံ ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ဇူလိုင်လ ၂၆ ရက်နှင့် ၃၁ ရက်နေ့က ရေကြီးမှုအတွင်း...














