KIC News
KNU ထိန်းချုပ်နယ်မြေ ဖားအံခရိုင် မြိုနယ်အချို့တွင် မြေဂရမ်အသစ်ထုတ်ပေးနေ
နိုဝင်ဘာ ၁၃ရက်၊၂၀၁၅ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ ဖားအံခရိုင်၊ တပ်မဟာ(၇) နယ်မြေအတွင်းရှိ မြို့နယ်အချို့တွင် ကေအဲန်ယူက ထုတ်ပေးသော မြေဂရမ်မရှိသေးသည့် လယ်ယာခြံမြေများကို ကေအဲန်ယူ(ဗဟို) လယ်ယာမြေဌာနမှ ယခုလ အတွင်း မြေဂရမ်အသစ်များ ထုတ်ပေးနေပြီးဟု ဖားအံခရိုင်၊ လယ်ယာမြေဌာန အတွင်းရေးမှူး စောဟေထူးက ကေအိုင်စီသို့...
ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက်ကြောင်း စာတစ်စောင် KNU ဒုဥက္ကဋ္ဌ ပဒိုနော်စီဖိုးရာစိန် ပေးပို့
နိုဝင်ဘာ ၁၃ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌပဒိုနော်စီဖိုးရာစိန်မှ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့နိုင်သည်အထိ တစ်ပြည်လုံး အတိုင်း အတာဖြင့် အမတ်နေရာအများဆုံး ရရှိထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ဝမ်းမြောက် ကြောင်း သဝဏ်လွှာတစ်စောင်ကို နိုဝင်ဘာလ ၁၂ရက် နေ့စွဲဖြင့် ပေးပို့ခဲ့ကြောင်း သိရသည်။
ယင်းသဝဏ်လွှာကို...
ကရင်လူငယ်ညီလာခံ ဖြစ်ပေါ်ရေးပါဝင်သည့် ရှေ့လုပ်ငန်းစဉ် (၁၇)ရပ် လူငယ်ကွန်ဖရင့် ချမှတ်
နိုဝင်ဘာ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
နယ်စပ်အခြေပြု ကရင်လူငယ်အဖွဲ့အစည်းများဖြင့် ကေအဲန်ယူ ထိန်းချုပ်နယ်မြေဖြစ်သည့် သေဘေထာ့၌ နိုဝင်ဘာလ ၉ရက်နေ့ မှ စတင်ကာ ၁၁ရက်နေ့အထိ ပြုလုပ်ကျင်းပခဲ့သည့် ကရင်လူငယ်ကွန်ဖရင့်(Karen Youth Conference)တွင် ကရင်လူငယ်ညီ လာခံကြီးတစ်ခု ဖြစ်ပေါ်လာရေး အပါအဝင် ရှေ့လုပ်ငန်းစဉ် ၁၇ရပ်ကို ဆုံးဖြတ်ချက်ချခဲ့ကြသည်။
၎င်းကွန်ဖရင့်...
ကရင်ကဗျာဆရာများ အမျိုးသားရေးကဗျာစာအုပ် ပထမဆုံးအကြိမ် စုပေါင်းထုတ်ဝေ
နိုဝင်ဘာ ၁၁ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ပြည်တွင်းပြည်ပရှိ ကရင်ကဗျာဆရာ ၁၁ဦးစုပေါင်းကာ ‘ 11 X 3 ’ ကရင်တွေရေးတဲ့ ကဗျာများ အမည်ရ အမျိုးသားရေး ကဗျာစာအုပ် တစ်အုပ်ကို နိုဝင်ဘာ ဒုတိယအပတ်အတွင်း ထုတ်ဝေဖြန် ့ချိလိုက်ပြီးဟု စာအုပ် ဖြစ်မြောက်ရေး...
ပါတီမူဝါဒများကြောင့် တိုင်းရင်းသားပါတီများ အရေးနိမ့်ခဲ့ဟု အရပ်ဖက်များသုံးသပ်
နို်ဝင်ဘာ၁ဝရက်၊ ၂၀၁၅ခုနှစ်။ စအိုင်စူး
လက်ရှိ မြို့နယ်ကော်မရှင်အသီးသီး၏ ထုတ်ပြန်ကြေညာချက်များအရ ကရင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်သည့် တို်င်း ရင်းသားပါတီများ အရေးနိမ့်ရခြင်းသည့် ပါတီ၏ ချမှတ်ထားသော မူဝါဒများကြောင့် ဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက်အဖွဲ့အစည်းများက သုံးသပ်ပြောဆိုလိုက်သည်။
သွီးလူထုအခြေပြုလူမှုကူညီရေး အထောက်အကူပြုကွန်ယက် ဥက္ကဌ မန်းသိန်းဇော်က "လက်ရှိ ကရင်ပြည်နယ်မှာ တိုင်းရင်း သားပါတီတွေ...
နှစ် ၆ဝပြည့် ကရင်ပြည်နယ်နေ့တွင် ပထမဦးဆုံးအကြိမ် ငြိမ်းချမ်းရေးပြခန်း ပြသ
နိုဝင်ဘာ ၁၁ရက်၊၂၀၁၅ ခုနှစ်။ နန်းဝေဖြိုးဇာ၊ စအိုင်စူး
ကရင်တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် အစိုးရတို့အကြား ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များ နှင့်ပတ်သက်၍ ငြိမ်းချမ်းရေးပြခန်းတစ်ခုကို ယခုနှစ် နိုဝင်ဘာ ၁ဝရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နှစ် ၆ဝပြည့် ကရင်ပြည် နယ်နေ့ ပွဲတော်ဖွင့်ပွဲ အခမ်းအနားတွင်...
ကရင်ပြည်နယ်၊ မြို့နယ်အလိုက် ရွေးကောက်ပွဲမဲရလဒ်များ
ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်
ပြည်သူ့လွှတ်တော်
ဦးစောတင်ဝင်း (NLD) =၁၁၅၅၁ မဲ
ဦးစောထွဋ်ခေါင်လွင်(USDP) = ၈၉၀၃ မဲ
အမျိုးသားလွှတ်တော် မဲအမှတ်(၁)
ဒေါ်နော်ဆာမူးထူး(NLD) = ၅၄၃၄ မဲ
ဦးစောမြဝင်း(USDP) = ၄၉၁၇ မဲ
အမျိုးသားလွှတ်တော် မဲအမှတ်(၂)
စောရှားဖောင်အွာ (NLD) = ၆၀၀၅ မဲ
ဒေါ်နော်တင်တင်ဝင်း(USDP) = ၃၄၃ဝ မဲ
ပြည်နယ်လွှတ်တော်အမှတ်(၁)
ဦးစောထူးကပေါ်(USDP) =၄၂၉၆ မဲ
ဦးနေထက်ရဲ(NLD) = ၄၁၀၇ မဲ
ပြည်နယ်လွှတ်တော်အမှတ်(၂)
ဦးတင်မျိုးဦး(NLD) =...
အနိုင်ရပါတီသည် စနစ်ကို ပြောင်းလဲနိုင်စေသတည်း
(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၁ဝရက်)
“၂၀၁၅ ရွေးကောက်ပွဲ” ဆိုသော လိမ်ညာကောက်ကျစ်မှုမျိုးစုံ ပြွမ်းတီးသော ဝကင်္ဘာတစ်ခုကို ပြည်သူတို့ ဖြတ်သန်းသွားခဲ့ကြ ပြီ။ ရှေ့ခရီးလမ်းသည် သာယာဖြောင့်ဖြူးနေသော မင်းလမ်းမကြီး မဟုတ်သေး။ အုပ်စိုးသူများက တမင်လုပ်ကြံဖန်တီးထား သည့် ခလုတ်ကန်သင်းများဖြင့် ပြည့်နှက်နေသော ခရောင်းလမ်းသာ ဖြစ်မြဲဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေ...
ရန်ကုန်တိုင်း ကရင်ရေးရာ NLD အနိုင်ရရန် အလားအလာကောင်းနေ
နိုဝင်ဘာ ၁ဝရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ကိုယ်စားလှယ်လောင်း နော် ပန်းသဉ်ဇာမျိုး အနိုင်ရရန် အလားအလာကောင်းနေကြောင်း မြို့နယ် ၃၀ကျော်၏ မဲရေတွက်ပြီးသည့် ကနဦးရလဒ်များအရ သိရ သည်။
နိုဝင်ဘာလ ၉ရက်နေ့ ညပိုင်းအထိ ကနဦးရေတွက်ပြီးသည့် ကရင်ရေးရာမဲစာရင်းများအရ ကရင်တိုင်းရင်းသား...














