KIC News
တိုင်းရင်းအမျိုးသမီး သတင်းထောက်အခန်း ကဏ္ဍနှင့် သူတို့အပြော
ဆိုင်းမိုင်(မြစ်ကြီးနားဂျာနယ်၊ အယ်ဒီတာချုပ်)
မြန်မာပြည်မှာ မီဒီယာအမျိုးသမီးအခန်းက တော်တော်လေးကို အရေးပါနေပြီ၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ မီဒီယာဖွံ့ဖြိုးလာပြီး ဒီအလုပ်ယောက်ျားလေးတွေပဲ လုပ်ရတဲ့အလုပ်မဟုတ်ဘူး ။ မိန်းကလေးတွေလေးပါ တတတ်တအား ပါဝင်သင့်တယ်။ အမျိုးသမီးတွေပါဝင်လို့ ဘာတွေကောင်းလဲဆိုရင် ဋ္ဌာနဆိုင်ရာနဲ့ချဉ်းကပ်တဲ့အခါမှာကောင်းတယ်။ ပြီးရင်သူတို့ရဲ့ အိုင်ဒီယာတွေကယောက်ျားတွေနဲ့မတူဘူး ဂျာနယ်မှာတော်တော်များကြည့်လိုက် နိုင်ငံရေး၊ ဘောလုံး၊ စစ်ရေးအဲဒါတွေဘဲလူတွေက အရမ်းကို...
ပဒိုမန်းရှာကျဆုံးခြင်း ၈ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၊ အထွေထွေအတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလားဖန်း ကျဆုံးခြင်း (၈)နှစ်ပြည့်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် သေဘေထာ့ နေရာရှိ ပဒိုမန်းရှာလားဖန်း အုတ်ဂူရှေ့၌ ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အစဉ်အလာ မပျက်ပြုလုပ်...
ကေအဲန်ယူ ဗဟိုသစ်တောဌာနမှ သုံးနှစ်အတွင်း ကျေးရွာပိုင် ဘုံသစ်တော ၆၈ ခု သတ်မှတ်အတည်ပြု
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
သစ်တောထိန်းသိမ်းရေးအတွက် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ဗဟို သစ်တောဌာနမှ သုံးနှစ်အတွင်း ကျေးရွာပိုင် ဘုံသစ်တော ၆၈ ခုကို သတ်မှတ်အတည်ပြုခဲ့သည်ဟု ကေအဲန်ယူ ဗဟို သစ်တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက ဖေဖော်ဝါရီ ၁၅ရက်နေ့တွင် ပြောဆိုသည်။
ကေအဲန်ယူ...
ကျိုက်မရော လမုခိုကျေးရွာအုပ်စုအတွင်း ကျားကိုက်ခံရသည့်ဟု ယူဆရသည့် နွားသေ ပျောက်ဆုံးမှုရှိနေ
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ စောမြတ်ဦးသာ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လမုခိုကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများတွင် ဖေဖော်ဝါရီလ ၂ရက် နေ့မှစတင်ကာ ဖားပေါင်တောင်ခြေရင်း တောင်ဝိုင်းကွင်းတွင် ကျားကိုက်ခံထားရသည်ဟု ယူဆရသော နွားသေတွေ့ရှိပြီး နွားပျောက်ဆုံးမှုများလည်း ရှိနေသည့်အတွက် ဒေသခံများ စိုးရိမ်မှု ဖြစ်ပေါ်နေသည်ဟု ကေအိုင်စီသို့...
တိုင်းရင်းမီဒီယာများကို ထောက်ပံ့ရန် သန်းရာချီလျာထားကြောင်း အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေပြော
ဖေဖော်ဝါရီ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသတင်းမီဒီယာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထောက်ပံ့ပေးရန် လာမည့် အစိုးရဘတ်ဂျက်တွင် ကျပ်ငွေ သန်းရာချီလျာထားကြောင်း ပြည်ထောင်စုဝန်ကြီးကိုယ်စား အမြဲတန်းအတွင်းဝန် ဦးတင့်ဆွေက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဖေဖော်ဝါရီ ၁၄ မှ ၁၆ ရက်ထိ ကျင်းပနေသည့်...
တိုင်းရင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ် တိုင်းရင်းမီဒီယာညီလာခံ စတင်ကျင်းပ
ဖေဖော်ဝါရီ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာ မြန်မာ့သတင်း(BNI)က ဦးဆောင်၍ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ဖေဖော်ဝါရီ ၁၄ရက်မှ ၁၆ရက်နေ့အထိ ကျင်ပမည့် တိုင်းရင်းမီဒီယာမှတဆင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆီသို့ ဆောင်ပုဒ်ဖြင့် စတုတ္ထအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို စတင်ကျင်းပနေပြီဖြစ်သည်။
၎င်းညီလာခံသို့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးမြတ်အောင်၊ ပြည်ထောင်စုဝန်ကြီးကိုယ်စား...
ဖက်ဒရယ် နဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ
(မောင်ကျော်စွာ)
(၂၀၁၆ ဖေဖေါ်ဝါရီ ၁၄)
လက်ရှိအနေအထားမှာ “ဖက်ဒရယ်” ဆိုတာကို ကိုယ့်ရပ်တည်ချက် ကိုယ့်ရှေ့ရှုချက်နဲ့ကိုယ် အင်အားစု အသီးသီးက လက်ခံပြောဆိုနေကြပါပြီ။
(SNLD) ဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ သူတို့လေ့လာထားတဲ့ပုံစံတွေ အများကြီးရှိပေမယ့်၊ “အကောင်းဆုံးကတော့ ဂျာမနီပေါ့ဗျာ”လို့ အင်တာဗျူးတစ်ခုမှ ဖြေလိုက်တာကို သတိပြုလိုက်မိပါတယ်။ အဲဒီမှာ သူထပ်ပြီး ဆက်ပြောတာကို...
ကလေးသူငယ်များနှင့် အမျိုးသမီးများ အကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးမှု KNU ပြုလုပ်
ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်းရှောင်း
လက်နက်ကိုင် ပဋိက္ခအတွင်း ကလေးသူငယ်များနှင့် အမျိုးသမီးများ၏ အခွင့်အရေးနှင့် အကာအကွယ်ပေး ရေးဆိုင်ရာ အသိပညာများရရှိစေရန် ရည်ရွယ်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ ဌာနချုပ်ရှိ တပ်ဖက်ဆိုင်ရာ အရာရှိများအား KNU နိုင်ငံခြားရေးဌာနက...
ကရင်ပြည်နယ် မြို့တော်တွင် ပထမဆုံးအကြိမ် ကရင်အမျိုးသားနေ့ ကျင်းပ
ဖေဖော်ဝါရီ ၁၂ရက်၊ ၂၀၁၆ ခုနှစ်။ နန့်သွာဖောင်
ဆယ်စုနှစ် ခုနှစ်ခုနီးပါး ကရင်အမျိုးသားနေ့ ကျင်းပခွင့်မရသော ကရင်ပြည်နယ် မြို့တော် ဖားအံမြို့တွင် ဖေဖော်ဝါရီ ၁၁ရက်နေ့က ကျရောက်သော (၆၈)နှစ်မြောက် ကရင်အမျိုးသားနေ့ကို ကရင်အမျိုးသား အစည်းအရုံးမှ ဦးဆောင်ပြီး ယမန်နေ့က ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။
ဖားအံမြို့ ဇွဲကပင်ခန်းမတွင် ကျင်းပသည့်...
ဖာပွန်ခရိုင်တွင် ကရင်အမျိုးသားနေ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ ၅နေရာ ကျင်းပ
ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၆ခုနှစ်။ စောခါးစူးညား
ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်နေ့) ကျရောက်သော (၆၈)နှစ်မြောက် ကရင်အမျိုးသားနေ့၌ ကရင် အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)၊ ဖာပွန်(မူတြော်)ခရိုင်တွင် လမ်းလျှောက်ချီတက် ဆန္ဒထုတ်ဖော်ပွဲ ၅ နေရာ ပြုလုပ်ကျင်းပခဲ့သည်။
၎င်းဒေသရှိ ကေအဲန်ယူ၏ အုပ်ချုပ်ရေးနှင့် တပ်ဖက်ဆိုင်ရာ ခေါင်းဆောင်များ...













