KIC News
မဲဆောက်ဒေသရှိ မြန်မာရွှေ့ပြောင်းကျောင်းသားများ၏ ဖက်ရှင်ပြပွဲ (Fashion Show) စွမ်းရည် ယှဉ်ပြိုင်
နိုဝင်ဘာ ၃ဝ ရက်၊ ၂၀၁၇ခုနှစ်။ စောရှား
ကလေးများ၏ပင်ကိုယ် အရည်အသွေးများကို မြှင့်တင်ပေးရန်နှင့် တိုင်းရင်းသားများ၏အမျိုးသားရေး လက္ခဏာများ ထိန်းသိမ်းရန် ရည်ရွယ်ကာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ဆာသူးလေ အထက်တန်းကျောင်းခန်းမတွင် မဲဆောက်ဒေသရှိ ရွှေ့ပြောင်းမြန်မာအထက်တန်းကျောင်း ၃ ကျောင်းမှ ကျောင်းသူကျောင်းသားများက ၎င်းတို့၏ ဖက်ရှင်ပြပွဲ(Fashion Show) စွမ်းရည်ကို...
ပဲခူးတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲတော်ကို မင်းလှမြို့တွင် ပြုလုပ်ရန် စာ/ယဉ်ပြင်ဆင်
နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၇ခုနှစ်။ စောထွန်းလင်း
ကရင်နှစ် ၂၇၅၇ခုနှစ်၊ ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအဆင့်အဖြစ် မင်းလှမြို့နယ် ဘောလုံးကွင်း၌ ဒီဇင်ဘာ ၁၆ရက်မှ ၁၈ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး၊ ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ၏ ပြန် ကြားရေးတာဝန်ခံ စောဩဂတ်စတင်းက ကေအိုင်စီသို့ ပြောသည်။
၎င်းက “ပဲခူးတိုင်းအဆင့် နှစ်သစ်ကူးပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊...
ကရင်နှစ်သစ်ကူးနေ့အခမ်းအနား နေပြည်တော်ရှိ ကရင်လွှတ်တော်အမတ်များ ဦးဆောင်ကျင်းပမည်
နိုဝင်ဘာ ၂၉ရက်၊ ၂၀၁၇ခုနှစ်။ စောမြတ်ဦးသာ
နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်ရောက် ကရင်လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်ကာ ဒီဇင်ဘာ ၁၈ရက်နေ့ တွင် ကျရောက်မည့် ၂၇၅၇ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို နေပြည်တော် MCC2 ခန်းမ၌ ပြုလုပ်သွားမည်ဟု ကျင်းပ ရေးကော်မတီ အတွင်းရေးမှူးဖြစ်သူ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်...
အယ်ဒီတာ့အာဘော်
အလေးထားဖော်ဆောင်ရမည့် မီးခိုးတိတ် စီးပွားရေး
စီးပွားရေးနယ်ပယ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းကို “မီးခိုးတိတ် စီးပွားရေး”ဟု တင်စားခေါ်ဝေါ်လေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယင်းလုပ်ငန်းသည် အခြားအခြားသော စက်မှုအခြေခံ စီးပွားရေးလုပ်ငန်းများဖြစ်သည့် စက်ရုံ၊ အလုပ် ရုံများကဲ့သို့ မီးခိုးတလူလူ မထွက်ဘဲ စီးပွားဖြစ်နိုင်ခြင်းကို တင်စားခေါ်ဆိုသည်ဟု ယေဘုယျအားဖြင့် မှတ်ယူကြသည်။
ကရင်ပြည်နယ်အတွင်း၌ သဘာဝတရားကို အခြေခံ၍...
ဧရာဝတီတိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူနှင့် ရေးရာလုပ်ငန်းဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း
“ကျမတို့ကရင်တွေက ရိုးသားတယ်။
အဲ့ဒီရိုးသားတဲ့အပေါ်မှာ ဖိနှိပ်ခံကြရတာကို ကိုယ့်ကိုယ်ကို မသိကြဘူး။”
- တိုင်းဒေသကြီးရဲ့ ကရင်ရေးရာဝန်ကြီးအနေနဲ့ သက်တမ်း(၂)နှစ်ကာလအတွင်းမှာ ဘာတွေလုပ်ဆောင်ခဲ့ပြီးပါပြီလဲ။
ဒီ(၂)နှစ်အတွင်းမှာ ကရင်တွေနဲ့ပတ်သက်ပြီး တိုးတက်ဖွံ့ဖြိုးဖို့အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ သွားလာ ရေးအတွက် ဧရာဝတီတိုင်းတစ်ခုလုံးမှာ ကျမမှာတာဝန်ရှိတယ်။ အဲ့ဒါကြောင့် အလိုအပ်ဆုံးဖြစ်တဲ့ စာသင်ကျောင်းတွေ လိုအပ် တဲ့...
လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဧရာဝတီတိုင်းဒေသကြီးမှ ကရင်ဒေသခံတချို့၏ ခံစားမျှော်လင့်မှုများ
မန်းမြဝင်း (စာပေယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး၊ တောကျောင်းကျေးရွာအုပ်စု)
ငြိမ်းချမ်းရေးကိစ္စနဲ့ပတ်သက်ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးဆိုရင် ကရင်လူမျိုးတွေအတွက် အများကြီး အကျိုးကျေးဇူးရှိ တယ်။ ဒါပေမဲ့ ကျနော်တို့ ကရင်လူမျိုးတွေမှာ စစ်မှန်မှုမရှိတဲ့ သွေးခွဲခံရမှု၊ ရန်တိုက်ခံရမှု များစွာကြုံတွေ့ခဲ့ရတာကြောင့် များစွာ ဒုက္ခဖြစ်ခဲ့တယ်။ ငြိမ်းချမ်းရေးနဲ့ လက်နက် ဘယ်လောက်ပဲ လဲလှယ်ခဲ့ပေမဲ့ အခက်အခဲ...
ဖိုးတခေတ်(ခေါ်) ကရင်ကိုယ်တော်လေးမွေးနေ့ သုံးရက်တိုင်ကျင်းပ
နိုဝင်ဘာ ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
ကရင်လူမျိုးတို့၏ ရိုးရာဓလေ့များနှင့်အညီ နေထိုင်သူဟု လူသိများသည့် ဖိုးတခေတ် ကရင်ကိုယ်တော်လေး၏ ၂၄ ကြိမ် မြောက် ကရင်ရိုးရာထမုဒ်ပူဇော်ပွဲနှင့် မွေးနေ့မဂင်္လာပွဲ အခမ်းအနားကို ဖားအံမြို့နယ် အတွင်းရှိ ဂျိုင်းကျေးရွာအုပ်စု၊ ကရင်အမျိုးသားကျေးရွာ ရိုးမဟာကုန်းတွင်...
ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး ဥပဒေကြောင်းအရ အထောက်အကူပြုနိုင်ရန် ကရင်ရှေ့နေများ ကြိုးပမ်း
နိုဝင်ဘာ ၂၇ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး
ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရာတွင် ဥပဒေကြောင်းအရ သုံးသပ် အထောက်အကူပြုနိုင်ရန် ကရင်ဥပဒေပညာရှင်များ နှင့် ရှေ့နေများပါဝင်သည့် သင်တန်းတစ်ခုကို နိုဝင်ဘာလ ၂၇ရက်နှင့် ၂၈ရက်နေ့များတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။
လူ့အခွင့်အရေးကိုအခြေခံသည့် ဖက်ဒရယ်စနစ်ကို ကျင့်သုံးရာတွင် ဥပဒေကြောင်းအရ သုံးသပ်နိုင်ရန်နှင့် ဥပဒေပညာရှင်များ၏ ပါဝင်သွားနိုင်သည့် အခန်းကဏ္ဍများကို...
အီတူးထာ့ IDP ဒုက္ခသည်များ၏ ရေရှည်ရပ်တည်နိုင်ရေး အစီအစဉ် ရေးဆွဲချမှတ်နေ
နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ စောရှား
ယခုနှစ် စက်တင်ဘာလကတည်းက နိုင်ငံတကာ ထောက်ပံ့ကူညီမှုများ ပြတ်တောက်သွားခဲ့သည့် ထိုင်း-မြန်မာနယ်စပ်ရှိ အီတူးထာ့ ပြည်တွင်းစစ်ရှောင် IDP ဒုက္ခသည်များ ရေရှည်ရပ်တည်နိုင်ရေးအတွက် စီးပွားရေးအခွင့်အလမ်း ဖန်တီးပေး မည့် အစီအစဉ်များကို ရေးဆွဲချမှတ်နေပြီဖြစ်ကြောင်း အီတူးထာ့ပံ့ပိုးရေးကော်မတီ (ETT Supporting...
မင်းလွင်တောင်ကို စမ်းသပ်ခြင်းနှင့် လေ့လာခြင်းဆက်လုပ်ရန် သက်တမ်းတိုးပေးကြောင်း ထုတ်ပြန်
နိုဝင်ဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ကေအိုင်စီ
မင်းလွင်တောင်ဒေသအတွင်း ဒေသခံများ၏ သဘောထားဆန္ဒမပါဘဲ ဓာတ်သတ္တုစမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းတို့ကို တပေါင်းတည်းလုပ်ကိုင်ရန် နိုဝင်ဘာ ၂၃ ရက်နေ့က သထုံမြို့နယ် ဒု အုပ်ချုပ်ရေးမှူး(ကိုယ်စား)လက်မှတ်ဖြင့် ဖြူမင်းထွန်းကုမ္ပဏီအား သက်တမ်းတိုးခွင့်ပြုမိန့်ထုတ်ပြန်ခဲ့သည်ဟု မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ယနေ့ ပြောဆိုလိုက်သည်။
မင်းလွင်ဒေသ...













