KIC News
စာဖတ်ပရိဿတ်များကို အသိပေးခြင်း
ကေအိုင်စီ Website စာမျက်နှာအား စာဖတ်ပရိဿတ်များအနေဖြင့် လွယ်ကူမြန်ဆန်စွာ တက်ရောက်ဖတ်ရှုနိုင်ရန် လတ်တလောတွင် အကြီးစား ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်လျက်ရှိသည်။ ထို့ကြောင့် ဩဂုတ်လ ၂၇ရက်နေ့ညပိုင်းတွင် ကေအိုင်စီ Website စာမျက်နှာအား တက်ရောက်ဖတ်ရှုခွင့် ရရှိမှာမဟုတ်ဘဲ ဩဂုတ် ၂၈ ရက်နေ့ ညနေမှသာ ပုံမှန်ပြန်လည်ဖတ်ရှုနိုင်မည်ဖြစ်...
ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားနိုင်ရေး အဖွဲ့အတွင်း UNFC ဆွေးနွေးခဲ့
ဩဂုတ် ၂၇ရက်၊ ၂၀၁၈ခုနှစ်။ စအိုင်ဆူး
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC အနေဖြင့် လက်ရှိ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဆက်လက် ပါဝင်သွားနိုင်ရေးအတွက် ယမန်နေ့ (ဩဂုတ်လ ၂၆ရက်)က ထိုင်း-မြန်မာနယ်စပ်တစ်နေရာတွင် ၎င်းတို့၏ ဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေးကို ပြုလုပ်ခဲ့ကြသည်။
UNFC အနေဖြင့် ၎င်းတို့၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)နှင့်...
ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင်ခဲ့သူများနှင့် လုပ်ငန်းစဉ်ပြန်လည်သုံးသပ်မည့် အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်သွားမည်ဟု KNU ထုတ်ပြန်
ဩဂုတ် ၂၇ရက်၊ ၂ဝ၁၈ခုနှစ်။ စောသိန်းမြင့်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်-NCA အကောင်အထည်ဖော်မှုဆိုင်ရာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်မည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း ထဲထဲဝင်ဝင် ဆောင်ရွက်ခဲ့သူများနှင့် လုပ် ဆောင်သွားမည်ဟု KNU-ကရင်အမျိုးသားအစည်းအရုံးက ၎င်းတို့၏ ၁၆ကြိမ်မြောက် ကွန်ဂရက်အပြီး ဒုတိယအကြိမ် ဗဟိုအမြဲ တမ်းကော်မတီ အစည်းအဝေးအပြီး ဩဂုတ်လ...
ငြိမ်းချမ်းရေး စီးရီးမှာ သီချင်းနှစ်ပုဒ်ဆိုထားတယ်လို့ တေးသံရှင် စဖေါင်က ပြောပါတယ်
ဩဂုတ် ၂၇ရက် ၊ ၂၀၁၈ ခုနှစ်။ KIC Outlet
ပြီးခဲ့တဲ့နှစ်က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဂီတပွဲတော်မှာ Grand Final အထိရောက်ခဲ့တဲ့ တေးသံရှင် စဖေါင် (Sa Paung)က သူရဲ့ လတ်တလော အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့ KIC Outlet ကို အခုလို ပြောပါ...
အယ်ဒီတာ့အာဘော်
ကုန်သွယ်ရေး အဓိကလမ်းပိုင်း ကော့ကရိတ်-အိန္ဒုလမ်း အမြန်ပြုပြင်သင့်ပြီ
ဇူလိုင်လကုန်ပိုင်း မိုးများ၊ရေကြီးမှုဖြစ်ပေါ်ခဲ့ပြီးနောက် ကော့ကရိတ်-အိန္ဒု လမ်းပိုင်းမှာ ယခုအခါ ဆိုးရွားစွာ ပျက်စီးနေပြီး ကား သေးများ သွားလာ၍မရတော့သလို ကားကြီးများလည်း အသည်းအသန် ရုန်းကန်သွားလာနေရသည့် အခြေအနေ ဖြစ်ပေါ်နေ သည်။ အဆိုပါလမ်းပိုင်းသည် ကရင်ပြည်နယ်အတွင်း သွားလာ၊ သယ်ယူပို့ဆောင်ရေးတွင် အားထားရသည့်လမ်းဖြစ်သည့်အ...
မဲဆောက်နယ်စပ် ကရင်ရိုးရာလက်ချည်ပွဲ ထိုင်းအာဏာပိုင်နှင့် အလွှာစုံလူထု ၁၀၀၀ကျော် ပါဝင်ဆင်နွှဲ
ဩဂုတ် ၂၆ရက်၊ ၂၀၁၈ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့၊ ဟွေးခလုတ်ကျေးရွာ၊ ဇောတိကာရုံဘုန်းတော်ကြီးကျောင်းတွင် ယနေ့ ဩဂုတ်လ ၂၆ ရက် (ဝါခေါင်လပြည့်)တွင် ပြုလုပ်သည့် ကရင့်ရိုးရာ ချည်ဖြူဖွဲ့မဂင်္လာပွဲသို့ ရွှေ့ပြောင်းအလုပ်သမားများ၊ နယ်စပ်နေပြည်သူများ နှင့် မဲဆောက်မြို့ ထိုင်းအာဏာပိုင် အပါအဝင် အလွှာစုံလူထု ၁၀၀၀ကျော်...
ဖားအံမြို့ ၏ ၄၁ ကြိမ်မြောက် ရိုးရာဝါခေါင်လ ချည်ဖြူဖွဲ့ မဂင်္လာပွဲတော် ဇွဲကပင်ခန်းမတွင် ကျင်းပ
ဩဂုတ်လ ၂၅ ရက်၊ ၂၀၁၈ ခုနှစ်။ နန့်ဘွားခလိန်
ကရင်ပြည်နယ်၊ ဖားအံမြို့ ၏ (၄၁)ကြိမ်မြောက် ကရင်ရိုးရာ ဝါခေါင်လချည်ဖြူဖွဲ့ မဂင်္လာပွဲတော် အခမ်းအနားကို ယနေ့ (ဩဂုတ်လ ၂၅ရက်) ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့ကြသည်။
အဆိုပါ အခမ်းအနားကို ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရပ်မိရပ်ဖများက ကျင်းပခြင်းဖြစ်ပြီး အသစ်...
လေးကေကော်မြို့သစ်တွင် မီးရပြီ
ဩဂုတ် ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ စောရှား
ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တောင်ဘက်တွင်ရှိသော လေးကေကော်မြို့သစ်တွင် ဩဂုတ်လ ၁၅ ရက်နေ့မှစတင်ကာ လျှပ်စစ်မီးများ စတင်ဖြန့်ဝေပေးနေပြီဖြစ်ကြောင်း လေးကေကော်မြို့ တည် ဆောက်ရေးနှင့် စီမံခန့်ခွဲရေးကေ်ာမတီ အတွင်းရေးမှူး စောဌေးမြင့်အောင်က ကေအိုင်စီသို့ ပြောသည်။
လေးကေကော်မြို့...
ကရင်ရိုးရာလက်ချည်ပွဲကို ရွှေ့ပြောင်းကျောင်းသားများ အစဉ်အလာမပျက် ကျင်းပ
ဩဂုတ်လ ၂၄ ရက်၊ ၂၀၁၈ ခုနှစ်။ ကေအိုင်စီ
ယခုလအတွင်း ကျရောက်သည့် ကရင်ရိုးရာ လက်ချည်ပွဲကို မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့် ဆာသူးလေ အထက်တန်းကျောင်းမှ ကျောင်းသူကျောင်းသားများ၊ ဆရာ၊ မိဘများစုပေါင်း၍ ယနေ့ (ဩဂုတ်လ ၂၄ရက်) ကျင်းပခဲ့ကြသည်။
တိုင်းတစ်ပါးရောက်နေသည့်တိုင် မိမိတို့၏ ဓလေ့ရိုးရာ အစဉ်အလာများမပျောက်ပျက်အောင် ထိန်းသိမ်းခြင်း အပြင်...
BGF အမှတ် (၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်း
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲကနယ်ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၂၁ရက်နေ့က ကျင်းပပြုလုပ်သည့် နယ်ခြားစောင့် တပ်၏ (၈)နှစ်ပြည့် တပ်နှစ်ပတ်လည်နေ့တွင် ၎င်းတို့၏ ရပ်တည်ချက် အမြင်သဘောထားများနှင့် ပတ်သက်၍ BGF အမှတ် (၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁ဝခုနှစ်၊...















