KIC News
ဩဂုတ်လထဲမှာ ကျရောက်တဲ့ ကရင့်ရိုးရာလက်ချည်ပွဲကို ဒီနှစ်မှာလည်း ထိုင်းနိုင်ငံနယ်စပ် မဲဆောက်မြို့နယ်မှာ ကျင်းပခဲ့ကြပါတယ်။
https://www.youtube.com/watch?v=-xAqq7HdMX0
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပြီးခဲ့တဲ့ရက်တွေထဲက မိုးကြီးပြီး မြစ်ဖျားက တောင်ကျရေ စီးဆင်းလာမှုကြောင့် ဝင်းရော်မြစ်ကူးကြိုးတံတားနှစ်စင်း ရေထဲမျောပါသွားပြီးတဲ့နောက်...
https://www.youtube.com/watch?v=MRBhD5O003k&t=4s
အချင်းချင်း ပြန်လည်တိုက်ခိုက်ရန် ဆန္ဒမရှိတော့ကြောင်း BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူပြော
ဩဂုတ်လ ၂ဝ ရက်၊ ၂ဝ၁၉ခုနှစ်။ ကေအိုင်စီ
ညီအစ်ကို အချင်းချင်းကြားတွင် ပြန်လည်တိုက်ခိုက်ကြရန် ဆန္ဒမရှိတော့ဘဲ ပြည်နယ်တွင်း ငြိမ်းချမ်းမှုရရှိလာပါ က လက်နက်မကိုင်လိုတော့ကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲ ရေးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူက (၉)နှစ်မြောက် BGF တပ်နှစ်ပတ်လည် နေ့အခမ်းအနားတွင် ပြောဆိုလိုက်သည်။
တိုးတက်သော...
လျှပ်စစ်မီးကိစ္စကြောင့် KNU/KNLA (PC)တပ်ဖွဲ့ဝင်က ကျေးရွာအုပ်ချုပ်ရေးမှူးအား သေနတ်ဖြင့်ပစ်ခတ်သဖြင့် ဆေးရုံတင်ထားရ
ဩဂုတ် ၂ဝ ရက်၊ ၂ဝ၁၉ခုနှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့ ဝှေ့ရှမ်းကျေးရွာအုပ်စု ညောင်နန်းသာကျေးရွာအတွင်း လျှပ်စစ်မီး အသုံးပြုရေးသွယ် တန်းမှုကိစ္စနှင့်ပတ်သက်၍ အချင်းများရာမှ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA (PC) အဖွဲ့ဝင်အချို့က ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူအား သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်အတွက် လက်ရှိ အုပ်ချုပ်ရေးမှူးမှာ ဆေးရုံတင်ထားလိုက်ရသည်ဟု...
ကရင့်အာဇာနည်နေ့ ဦးဆောင်ကျင်းပသူများကို တရားစွဲဆိုခြင်းအပေါ် ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့ အစည်းအချို့ ရှုတ်ချ
ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ နန်းဝေဖြိုးဇာ
ရန်ကုန်မြို့တွင် ကရင်အမျိုးသားအာဇာနည်နေ့အခမ်းအနား ဦးဆောင်ကျင်းပသူများကို အာဏာပိုင်များမှ တရားစွဲဆိုထားခြင်းနှင့်ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း ပြည်တွင်း၊ ပြည်ပ ကရင်အဖွဲ့အစည်းအချို့က ယခုရက်ပိုင်းအတွင်း သဘောထားထုတ်ပြန်ချက် အသီးသီးထုတ်ပြန်မှုများပြုလုပ်ခဲ့ကြသည်။
ကရင်အာဇာနည်နေ့ ကျင်းပမှုများနှင့်ပတ်သက်ပြီး ကန့်ကွက်ခံရမှုနှင့် တရားစွဲဆိုမှုများကို ရှုတ်ချသည့်အနေဖြင့် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO၊ နော်ဝေးနိုင်ငံရောက်...
ကရင့်အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်း စတင်ဖွင့်လှစ်
ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ခုနှစ်။ စောရှား
စတုတ္ထအကြိမ်မြောက် ကရင့်အမျိုးသားရေးနှင့် နိုင်ငံရေးဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်း ဆရာဖြစ်သင်တန်းကို ဖားအံမြို့နယ်၊ ဗုဒ္ဓဂယာရှိ ခလောက်ထောင်ကျေးရွာ၌ ဩဂုတ်လ ၁၉ ရက်(ယနေ့)မှ ၃ဝ ရက်အထိ ပြုလုပ်လျက်ရှိ သည်ဟု သိရသည်။
ကရင်လူငယ်အစည်းအရုံး -KYOနှင့် ကရင်လူငယ်ကွန်ရက်-KYNတို့မှ ဦးဆောင်...
KNU ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောအောင်ဝင်းရွှေ ကွယ်လွန်
ဩဂုတ် ၁၉ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ လက်ရှိ ဗဟိုအမြဲတမ်းကော်မတီဝင်လည်းဖြစ် ယခင် KNU နိုင်ငံခြားရေးဌာနမှူးဟောင်းလည်းဖြစ်သူ ပဒိုစောအောင်ဝင်းရွှေသည် ယမန်နေ့ (ဩဂုတ်လ ၁၈ရက်) ညနေပိုင်းတွင် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
အသက် (၅၅)နှစ်အရွယ် ပဒိုစောအောင်ဝင်းရွှေသည် ဦးနှောက်ကင်ဆာရောဂါဝေဒနာဖြင့် ထိုင်းနိုင်ငံ၊ မဲ ဆောက်မြို့...
ဖားအံ၊ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနား လူငယ် ၈ဝဝကျော် တက်ရောက်
ဩဂုတ် ၁၇ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို ကရင်ပြည်နယ်၏မြို့တော် ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဩဂုတ်လ ၁၇ ရက်(ယနေ့)တွင် ကျင်းပပြုလုပ်ခဲ့ကြရာ စိတ်ပါဝင်စားသူ လူငယ် ၈ဝဝကျော် တက်ရောက်ခဲ့ကြသည်။
နိုင်ငံအရပ်ရပ်တွင် ကျင်းပမှုများရှိနေသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားကို...
တရားစွဲခံရသူ နော်အုန်းလှနှင့် လူငယ် ၂ဦးအား ဝိုင်းရံကူညီပေးရန် KNU concerned group ထုတ်ပြန်
ဩဂုတ် ၁၇ရက်၊ ၂၀၁၉ခုနှစ်။ ကေအိုင်စီ
၆၉နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ရန်ကုန်မြို့တွင် ဦးဆောင်ကျင်းပခဲ့သူ KWU-ကရင်အမျိုးသမီး အစည်းအ ရုံးမှ နော်အုန်းလှနှင့် ကရင်လူငယ် ၂ဦးအား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားစွဲဆိုထားမှုအပေါ် ဝိုင်းရံကာကွယ်ကူညီပေးကြရန် KNU concerned group က ယနေ့ ဩဂုတ်လ...
ကျောက်ဘီလူးကျေးရွာအုပ်စုတွင် ရေကြီးမှုကြောင့် စပါးကျီအားလုံးနီးပါး ပျက်စီး
ဩဂုတ် ၁၆ရက်၊ ၂ဝ၁၉ခုနှစ်။ စောမြတ်ဦးသာ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဩဂုတ်လ ၈ရက်နေ့က ခုံခံရွာတောင်ခြေအနီးရှိ ဝင်းရော်မြစ်ဖျားမှ ရေစီးဆင်း လာမှုကြောင့် ကြိုးတံတားနှစ်စင်း ရေထဲမျောပါသွားပြီး ကျောက်ဘီလူးကျေးရွာအုပ်စုအတွင်းရှိ ရွာများမှ စပါးကျီအားလုံးနီးပါး ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။
အဆိုပါ ရေကြီးမှုကြောင့် သံဖြူဇရပ်-ဘုရားသုံးဆူကားလမ်းမကြီးရှိ ခုံခံတံတားနှင့် တောင်စွန်း-ကျောက်ဘီလူးရွာ ဆက်သွယ်...














