Home Authors Posts by KIC News

KIC News

21805 POSTS 0 COMMENTS

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ တက္ကသိုလ်တက်မည့်သူများ မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ပညာသင်‌ထောက်ပံ့မှု ‌လျှောက်ထားနိုင်

ဇူလိုင် ၃ဝရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ ဆယ်တန်း‌အောင်မြင်ထားပြီး တက္ကသိုလ်ပညာသင်ယူလိုသူနှင့် တက္ကသိုလ်တက်‌ရောက်‌နေသည့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ‌ဒေသခံ‌ကျောင်းသူ/‌ကျောင်းသားများအ‌နေဖြင့် ပညာသင်‌ထောက်ပံ့မှုကို မာန်မြင့်ဟိန်းပညာ‌ရေး‌ဖောင်‌ဒေးရှင်းတွင် ‌လျှောက် ထားနိုင်‌ကြောင်း ‌ဖောင်‌ဒေးရှင်း တာဝန်ရှိသူများက ‌ပြောသည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် ဆယ်တန်း‌ဖြေဆို‌အောင်မြင်ပြီး တက္ကသိုလ်တက်‌ရောက်မည့်သူများမှာ နိုဝင်ဘာလ ၃၁ရက် ‌နေ့ ‌နောက်ဆုံးထား ‌လျှောက်ထားရမည်ဖြစ်ပြီး...

ကရင်ပြည်နယ်တွင် H1N1 ဓာတ်ခွဲအတည်ပြုလူနာ ၆ဦးရှိဟု ကျန်းမာ‌ရေးဦးစီးဌာနမှူး‌ပြောဆို

ဇူလိုင် ၂၉ရက်၊ ၂၀၁၉ခုနှစ်။ စဖန်း‌ရှောင်း ပြည်နယ်နှင့် တိုင်း‌ဒေသကြီးအချို့တွင် ဖြစ်ပွား‌နေသည့် ပြင်းထန်ရာသီတုပ်‌ကွေး H1N1 မှာ ကရင်ပြည်နယ်တစ်ခုလုံး အတိုင်း အတာအရ ယ‌နေ့အထိ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူဦး‌ရေ ၆ဦးရှိ‌ကြောင်း ကရင်ပြည်နယ် ကျန်းမာ‌ရေးဦးစီးဌာနထံမှ သိရသည်။ အဆိုပါပြင်းထန်ရာသီတုပ်‌ကွေးကို ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်ဖြစ်သည့် ‌ရောဂါကြည့်ရှု‌ထောက် လှမ်းသည့်စနစ်ဖြင့် ‌စောင့်ကြပ်ကြည့်ရှုမှုများ...

နှစ် ၇ဝရှိ တက္ကသိုလ် စာ/ယဉ် တည်တံ့‌ရေး ဂျူနီယာကရင်‌ကျောင်းများ ဆက်လုပ်သွားရန် တိုက်တွန်း

ဇူလိုင် ၂၈ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း နှစ်‌ပေါင်း ၇ဝ သက်တမ်းရှိပြီး ဖြစ်သည့် ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ- ရန်ကုန်) ဆက်တည်တံ့နိုင်‌ရေးအတွက် မျိုးဆက်သစ် ဂျူနီယာ ကရင်‌ကျောင်းသူ၊ ‌ကျောင်းသားများ ဆက်လက် လုပ်‌ဆောင်သွားရန် တိုက်တွန်းလိုသည်ဟု စီနီယာ တက္ကသိုလ်ကရင်‌ကျောင်းသားများက ‌ပြောသည်။ ကရင်တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ (တက္ကသိုလ်များ...

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ဘီးခွန်ဂိတ်ဖွင့်မည်ကို ‌ဒေသခံများမလိုလား

ဇူလိုင် ၂၈ရက်၊ ၂ဝ၁၉ခုနှစ်။ ‌စောမြတ်ဦးသာ ကြာအင်းဆိပ်ကြီးမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝင်း‌ရော်‌ဒေသ၊ ခလယ်-တံခွန်တိုင် မြို့ဝင်ဘီးခွန်‌ကောက်ခံ‌ရေးဂိတ်တစ်ခု ကို ယခုနှစ်တွင် ‌လေလံတင်‌ရောင်းချပြီး လာမည့်‌အောက်တိုဘာလအတွင်း ဖွင့်လှစ်ထားရှိသွားမည့်အ‌ပေါ် မလိုလားကြ‌ကြောင်း ‌ခေါ်ယူ‌တွေ့ဆုံ ရှင်းလင်းမှုအပြီးတွင် ‌ဒေသခံများက ‌ပြောဆိုကြသည်။ ယမန်‌နေ့က ခလယ်‌ကျေးရွာအုပ်စု ဘုရားငါးဆူရွာအဝင် ဘီးခွန်‌ကောက်ခံ‌ရေးဂိတ်အား ထားရှိ‌ဆောင်ရွက်နိုင်ရန် နယ်ခြား‌စောင့် တပ်-BGF...

‌ဖျောက်ဖျက်မရနိုင်ပြီ ရင်ထဲက ကရင့်အာဇာနည်

လာမည့် ဩဂုတ်လ ၁၂ရက်‌နေ့သည့် ၆၉နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ ဖြစ်သည်။ အာဇာနည်ဟူသည် အများပြည်သူ အကျိုး အတွက် အမှန်တရားဘက်မှရပ်တည်ကာ ကိုယ်ကျိုးစွန့်၊ ‌ပေးဆပ်အနစ်နာခံကာ အသက်စွန့်ပြီး လုပ်‌ဆောင်ခဲ့သူများကို ဆိုလို သည်။ ကမ္ဘာ့နိုင်ငံတိုင်းတွင် အာဇာနည်ပုဂ္ဂိုလ် များစွာ ရှိသည်။ မြန်မာနိုင်ငံတွင်လည်း မြန်မာ့လွတ်လပ်‌ရေးကြိုးပမ်းမှုတွင် အသက်စွန့် သွားခဲ့ကြသည့်...

ငါတို့လည်း ငါတို့ဘဝနဲ့ ရှင်သန်မယ်

-ငါတို့က လစာမရှိဘူး ... မရှိတာကို မရှိဘူးလို့‌ပြောရင် မင်းတို့ ဘယ်ယုံမလဲ ... မင်းတို့က ခွဲတမ်းနဲ့ကိုး ...။ -ငါတို့မှာ ... ရှိတာ‌တွေ‌တော့ အများကြီးပဲ ... အိပ်မက်နဲ့ ယုံကြည်ချက်ရှိတယ်။ ရင်ဘတ်မှာ လွတ်လပ်မှုရှိတယ် ‌ဘောလ်ပင်နဲ့ ဗလာစာရွက်ရှိတယ် ထုဆစ်‌ရေးခြစ်ထားတဲ့ စာလုံးတချို့ရယ်‌ပေါ့ ...။ -ဘဝကြမ္မာနိဒါန်းမှ ... အဆုံးမဲ့ဇာတ်အထိ ညှိမရတဲ့ပုစ္ဆာ အခန်းဆက်မှာ ဝါကျစီကြည့်မိတယ် သတ်ပုံအမှား‌တွေ ‌တွေ့တယ် သဒ္ဒါအမှား‌တွေ ‌တွေ့တယ် --- ‌တွေ့တယ် ‌တွေ့တာကို ‌တွေ့မ‌နေနဲ့ ......

အ‌ခြေခံမဲစာရင်းတွင် တိုင်းရင်းသားကိုယ်စားပြုအမည် မသုံးခြင်းအ‌ပေါ် မဖြစ်သင့်ဟု KPP ‌ပြော

ဇူလိုင် ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ ‌စောထွန်းလင်း ဧရာဝတီတိုင်း‌ဒေသကြီး ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲက လူဦး‌ရေစာရင်းနှင့် အ‌ခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရာ တွင် တိုင်းရင်းသားများ ကိုယ်စားပြု အမည်များ ထည့်သွင်းပြုစုခြင်းမရှိသည့်အ‌ပေါ် မဖြစ်သင့်ဟု ကရင်ပြည်သူ ့ပါတီ (KPP)က ဇူလိုင် ၂၆ ရက်တွင် သ‌ဘောထားထုတ်ပြန်ကာ...

စက်ရုံအတွင်း ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂ဝ ဦး‌ကျော် ဖမ်းဆီးခံရ

ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူး ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့၊ မယ်‌သောင်‌ကျေးရွာလမ်းအနီးရှိ PB (Prime Boss Co.Ltd) အထည်ချုပ် စက်ရုံကို ယ‌နေ့ (ဇူလိုင် ၂၆ရက်) နံနက် ၁၁ နာရီ‌ကျော်တွင် သက်ဆိုင်ရာ ထိုင်းတာဝန်ရှိသူများက ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှု...
Donate