KIC News
ထိုင်းနိုင်ငံတွင်း တရားမဝင် ခိုးမဝင်ကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများ သတိပေး
ဒီဇင်ဘာ ၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး
ထိုင်းနိုင်ငံ၏ ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ကြေညာထားသည့် အရေးပေါ်ကြေညာချက်ဥပဒေအရ ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူများအပေါ် ကြီးလေးသည့် ပြစ်ဒဏ်များကို ထပ်မံတိုးမြှင့် ကြေညာလိုက်ခြင်းကြောင့် မြန်မာနိုင်ငံသားများ အနေဖြင့် တရားမဝင် ခိုးမဝင်လာကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေး ပြောဆိုလိုက်သည်။
သဘာဝ...
အမျိုးသားရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် ကရင်၊ မွန်၊ ရှမ်း၊ ပအိုဝ်းလူငယ်များ လုပ်ငန်းစဉ်ချမည်
ဒီဇင်ဘာ ၉ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ စောမြတ်ဦးသာ
အမျိုးသားရေးကဏ္ဍများနှင့် နိုင်ငံရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်လာနိုင်အောင် လုပ်ငန်းစဉ်ချမှတ်သွားမည်ဟု ဒီဇင်ဘာ ၈ ရက်နေ့က KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့ နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)ရုံး ခန်းမဆောင်၌ ပြုလုပ်သည့် လူငယ်နှီးနှောဖလှယ်ပွဲတွင် လူငယ်ကိုယ်စားလှယ်များက ပြောဆို...
ကိုဗစ်ကာလ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဖွင့်ရန် အခက်အခဲ ရှိနေဆဲဟု စည်ပင်ဝန်ကြီး ပြောဆို
ဒီဇင်ဘာ ၉ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်းဝေဖြိုးဇာ
ကိုဗစ်ကူးစက်မှု နေ့စဉ်တိုးလာသဖြင့် ကရင်ပြည်နယ်တွင် ကာလကြာရှည်စွာ ပိတ်ထားရသည့်အတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်ဖွင့်နိုင်ရေးမှာ အခက်အခဲရှိနေဆဲဖြစ်ကြောင်း ကရင်ပြည်နယ် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးသန်းနိုင်က ဒီဇင်ဘာလ ၈ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ဝန်ကြီးဦးသန်းနိုင်က “ကားဂိတ်တွေတော့ ဖွင့်တာပဲ။ သွားတာလာတာ...
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဖေဖော်ဝါရီ ပထမအပတ်တွင် ကျင်းပရန်လျာထား
ဒီဇင်ဘာ ၉ ရက်၊၂၀၂ဝ ပြည့်နှစ်။ စောထွန်းလင်း
၂၀၂ဝ ပြည့်နှစ် ထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ ကိုယ်စားလှယ်များတက်ရောက်ရမည့် တတိယအကြိမ် ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ပထမအပတ်တွင် ကျင်းပသွားရန်လျာထားကြောင်း လက်ရှိ ပြည်ထောင်စုလွှတ် တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောသည်။
“လွှတ်တော်အသီးသီးရဲ့...
UNESCO တွင် ယှဉ်ပြိုင်မည့် ကရင်ဒုံးအကကို စာသင်ကျောင်းများတွင် သင်ကြားနိုင်ရေးပါ ရည်ရွယ်ထား
ဒီဇင်ဘာလ ၈ရက်၊ ၂၀၂ဝပြည့်နှစ်။ စောရှား
ကရင်ရိုးရာဒုံးအကကို UNESCO (ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်း) အသိအမှတ်ပြု ရေးအတွက် တင်သွင်းရန်သာမက စာသင်ကျောင်းများ၌ ဂီတဆိုင်ရာဘာသာရပ်ထဲပါ ထည့်သွင်းသင်ကြားနိုင်ရန် ရည် ရွယ်ထားကြောင်း ကရင်အမျိုးသားမျိုးနွယ်စုများအသင်း-KNTA ၏ ပြောပြချက်အရ သိရသည်။
အမျိုးသားယဉ်ကျေးမှုလက္ခဏာများ မပပျောက်အောင်...
လင်ယောက်ျားဖြစ်သူအား လူငှားသတ်ခိုင်းသည့် လူသတ်မှု ဖော်ထုတ်ဖမ်းဆီး
ဒီဇင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖြစ် ပွားခဲ့သော ဇနီးဖြစ်သူမှ လင်ယောက်ျားဖြစ်သူကို လူငှားပြီးသတ်ခိုင်းခဲ့သည့် လူသတ်မှုဖြစ်စဉ်အား ယနေ့ (ဒီဇင် ဘာ ၈ ရက်) တွင်...














