Home သတင်း ယုံကြည်မှုများ ဆက်လက်မကျဆင်း‌ရေး ‌တွေ့ဆုံညှိနှိုင်းရန် လိုအပ်‌နေပြီဖြစ်‌ကြောင်း KNU ‌ပြော

ယုံကြည်မှုများ ဆက်လက်မကျဆင်း‌ရေး ‌တွေ့ဆုံညှိနှိုင်းရန် လိုအပ်‌နေပြီဖြစ်‌ကြောင်း KNU ‌ပြော

3426

ဇန်နဝါရီ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

KNU-ကရင်အမျိုးသားအစည်းအရုံးနှင့် မြန်မာ့တပ်မ‌တော်တို့အကြား ‌အောက်‌ခြေထိ‌တွေ့မှုများ ဆက်လက်မဖြစ် ပွား‌ရေးနှင့် ယုံကြည်မှုများ ဆက်လက်မကျဆင်း‌စေ‌ရေးအတွက် နှစ်ဖက်‌တွေ့ဆုံညှိနှိုင်း‌ဖြေရှင်းရန် လိုအပ်‌ကြောင်း KNU ဗဟိုက ယ‌နေ့ (ဇန်နဝါရီလ ၈ရက်)တွင် သတင်းထုတ်ပြန်လိုက်သည်။

လတ်တ‌လော ဖြစ်ပွား‌နေသည့် ‌အောက်‌ခြေထိ‌တွေ့မှုများသည် ယခင် ဆက်လက်‌ဆွေး‌နွေးရန် နှစ်ဖက် သ‌ဘောတူညီထား‌သော တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို မ‌ဆွေး‌နွေးနိုင်ခြင်း‌ကြောင့်ဖြစ်ပြီး ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် ပြည်သူလူထုများ ယုံကြည်မှုကျဆင်း‌စေကာ ‌အောက်‌ခြေထိ‌တွေ့ပစ်ခတ်မှု အသွင်များ ဖြစ်‌ပေါ်လာရခြင်းဖြစ်သည်ဟု KNU က ဆိုသည်။

KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက “ကျ‌နော်တို့က NCA လည်း ‌ရေးထိုးထားတယ်၊ Bilateral လည်းထိုးထားတယ်ဆို‌ပေမဲ့ သ‌ဘောတူညီထားတဲ့ ဆက်လက်‌ဆွေး‌နွေးရမယ့် ကိစ္စ‌တွေက ဘာမှမ ဖြစ်လာတဲ့ အခါကျ‌တော့ အကုန်လုံးက လိပ်ခဲတည်းလည်းဖြစ်ပြီး ‌အောက်‌ခြေမှာလည်း မလိုလားအပ်တဲ့ တပ်မ‌တော်ရဲ့ အင်အားတိုးချဲ့မှု‌တွေ လမ်း‌ဖောက်လုပ်မှု‌တွေက ‌တောက်‌လျှောက်ဖြစ်‌နေတာ‌ပေါ့။ ဒါကို‌ဖြေရှင်း နိုင်ဖို့က တပ်ပိုင်းဆိုင်ရာ‌ဆွေး‌နွေးပွဲကို ၂၀၂ဝ အထိ ‌တောက်‌လျှောက် ကြိုးစားလာခဲ့‌ပေမဲ့ အခုထိ အဲ့‌ဆွေး‌နွေးပွဲ ‌တွေမဖြစ်‌သေးဘူး” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ယခင် ၂၀၁၂ ခုနှစ်က KNU ဘက်မှ အဆိုပြုတင်ပြထားသည့် “‌ကြောက်ရွံ့မှုကင်းသည့် ပြည်သူ ပြည်သားများ အဖြစ် ဘဝရပ်တည်‌ရေးအာမခံရန်”အချက်ကို ‌ဆွေး‌နွေးရန် သ‌ဘောတူထားခဲ့‌သော်လည်း ဆက်လက် ညှိနှိုင်း ‌ဆွေး‌နွေးနိုင်ခြင်းမရှိခြင်း‌ကြောင့် ‌အောက်‌ခြေပြဿနာများဖြစ်ပွားရခြင်းဖြစ်‌ကြောင်း KNU က ဆိုသည်။

တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးနိုင်ရန် သ‌ဘောတူညီချက် နှစ်ကြိမ်အထိ ပြန်လည်ရယူခဲ့ရ‌ကြောင်း နှင့် လတ်တ‌လောပြဿနာများကို ဆက်လက်မဖြစ်‌ပေါ်‌စေရန် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦး‌ဆောင်သည့် တပ်မ‌တော် ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့ နှင့် အမျိုးသားပြည်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC)သို့ လိပ်မူ၍ နှစ်ကြိမ်တိုင်တိုင် စာ‌ပေးပို့အ‌ကြောင်းကြားထားရာ NRPC ဘက်မှ အ‌ကြောင်းပြန် လာ‌သော်လည်း တပ်မ‌တော်ဘက်မှ ယ‌နေ့ အချိန်ထိ အ‌ကြောင်းပြန်ခြင်းမရှိ‌သေး‌ကြောင်း ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

“ လက်ရှိ ကိုဗစ်ကာလမှာ တပ်ပိုင်းဆိုင်ရာကို‌ဆွေး‌နွေးဖို့ ကိုယ်တိုင်မ‌တွေ့ဆုံနိုင်‌ပေမဲ့ အနည်းဆုံး အွန်လိုင်း က‌နေ Information share တာပဲဖြစ်ဖြစ်၊ Agenda exchange လုပ်တာပဲဖြစ်ဖြစ် အဲ့က‌နေ စလုပ်နိုင်ဖို့က နိုဝင်ဘာ ၂၄ ‌လောက်မှာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်တို့ကို စာ‌ပေးပို့လိုက်တယ်။ ဘာပြန်စာမှ ပြန်မလာဘူး။ အဲ့ ‌တော့ ဒီဇင်ဘာလ ၁၂ရက်‌နေ့မှာ ‌နောက်ထပ်တစ်‌စောင်ပို့လိုက်တယ်၊ အဲ့မှာက NRPC ကိုပါ လိပ်မူလိုက် တယ်။ လကုန်ခါနီး‌လောက်‌တော့ NRPC က ‌တွေ့ဖို့စာပြန်လာတယ်။ တပ်မ‌တော်ဘက်က‌တော့ ဘာမှ စာပြန် တာ မရှိ‌သေးပါဘူး” ဟု ပဒို ‌စောတာဒိုမူးက ‌ပြောသည်။

လတ်တ‌လော ဖြစ်ပွားခဲ့သည့် KNU အုပ်ချုပ်နယ်‌မြေများဖြစ်‌သော မူ‌တြော်ခရိုင်နှင့် ‌ညောင်‌လေးပင် ခရိုင်အ တွင်းရှိ ပြည်သူလူထုများ၏ တပ်မ‌တော် တပ်စခန်းများရုပ်သိမ်း‌ရေး ထုတ်‌ဖော်ဆန္ဒပြမှုများကိုလည်း စာနာ ‌ထောက်ခံ‌ကြောင်းလည်း KNU ၏ ထုတ်ပြန်ချက်၌ ဆိုထားသည်။

အလားတူ ‌ဒေသခံများ၏ တပ်မ‌တော် တပ်စခန်း ရုပ်သိမ်း‌ရေး အပါအဝင် ‌တောင်းဆိုချက်များကို တပ်မ‌တော် အ‌နေဖြင့် ‌လေးစားလိုက်နာမှု မရှိပါက ပြည်သူလူထု၏ အကျိုးစီးပွားနှင့် လုံခြုံ‌ရေးအား အကာအကွယ်‌ပေးရန် KNU တပ်မဟာ အ‌နေဖြင့် တာဝန်ရှိသလို လုပ်‌ဆောင်သွားမည်ဖြစ်‌ကြောင်းလည်း ယမန်‌နေ့က သတိ‌ပေး ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁ရက်‌နေ့က ‌ဒေသခံ ပြည်သူလူထု‌ကျေးရွာအတွင်းရှိ တပ်မ‌တော် စခန်းများကို ၂၀၂ဝ နှစ်အကုန်အပြီး ရုပ်သိမ်း‌ပေးရန် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟိုမှ ထုတ်ပြန် ‌တောင်း ဆိုလိုက်ပြီး‌နောက်တစ်‌နေ့ ဒီဇင်ဘာ ၂ရက်‌နေ့မှစ၍ KNU တပ်မဟာ (၅) နယ်‌မြေ၊ မယ်‌ဝေ(မဲဝိုင်) ‌ဒေသ၌ တပ်မ‌တော်နှင့် KNLA တပ်ဖွဲ့ဝင်အကြား ပစ်ခတ်မှုများစတင်‌ပေါ်‌ပေါက်ခဲ့သည်။

အလားတူ ၎င်း‌ဒေသရှိ ‌သောင်းနှင့်ချီ‌သော ‌ဒေသခံများမှာလည်း တပ်မ‌တော်စခန်းများ ပြန်လည်ရုပ်သိမ်း‌ပေး ‌ရေးအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၃ဝ ရက်နှင့် ယခုနှစ် ဇန်နဝါရီလ ၆ ရက်‌နေ့တွင် နှစ်ကြိမ်တိုင်တိုင် ဆန္ဒ‌ဖော် ထုတ်ခဲ့ကြသည်။