KIC News
လေပြင်းတိုက်ခတ်မှုကြောင့် မယ်လ ဒုက္ခသည်စခန်း၌ နေအိမ်တစ်ထောင်ကျော် ပျက်စီးမှုဖြစ်
ဧပြီလ ၅ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မယ်လ ကရင်ဒုက္ခသည်စခန်းတွင် ဧပြီလ ၃ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ် တစ်ထောင်ကျော် ပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း စခန်း တာဝန်ရှိသူများ ပြောပြသည့် စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၃...
မြဝတီမြို့မှ ဖမ်းဆီးခံရသူ ၁၀ဝ ဝန်းကျင်အနက် အသက် ၁၈ နှစ်အောက်သာ အာမခံပေး ထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံအချုပ်ထောင်တွင်...
ဧပြီလ ၅ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ဖမ်းဆီးခံရသူ လူ ၁၀ဝ ဝန်းကျင်ခန့်အနက်မှ အသက် ၁၈ နှစ်မပြည့်သူများကိုသာ အာမခံဖြင့်လွှတ်ပေးထားပြီး ကျန်သူများကို မြဝတီနှင့်ဖားအံမြို့ရှိ အချုပ်ထောင်တို့တွင် ထိန်းသိမ်းထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယအပတ်မှစကာ မတ်လ ၂၇...
စစ်ကောင်စီအတွက် အုပ်ချုပ်ရေးမှူးအသစ် ထပ်မံရွေးချယ်ခန့်အပ်ရန် BGF တောင်းဆို
ဧပြီလ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ တဝန်ဖန်ယား စံပြကျေးရွာတွင် စစ်ကောင်စီမှ ခန့်အပ်မည့် အုပ်ချုပ်ရေးမှူးကို ဒေသခံများမလိုလား၍ ကန့်ကွက်ခဲ့သဖြင့် တာဝန်မှနုတ်ထွက်သွားသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွင် နောက်ထပ် အုပ်ချုပ်ရေးမှူးသစ်ခန့်အပ်ရန် နယ်ခြားစောင့်တပ်-BGFမှ ယမန်နေ့ (ဧပြီလ ၄ရက်) က လာရောက်တောင်းဆိုခဲ့ကြောင်း...
စစ်ရှောင်များကို ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို တစ်ကြိမ်စာ သယ်ဆောင်ခွင့်ရ
ဧပြီ ၅ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး မဲ့စမ်လက်(သောလယ်ထာ)တွင် သောင်တင်နေသည့် ကရင်စစ်ရှောင်များအတွက် ကူညီမည့် ထောက်ပံ့ရေးပစ္စည်းများကို ယနေ့နံနက်ပိုင်းတွင် နယ်မြေခံထိုင်းအာဏာပိုင်များက တစ်ကြိမ်စာသယ်ဆောင်ခွင့်ပြုလိုက်ပြီဟု သိရသည်။
စစ်ရှောင်ကူညီထောက်ပံ့ရေးအတွက် လုပ်ဆောင်နေသူတစ်ဦးက “အနယ်နယ်အရပ်ရပ်က ထိုင်းလူမှုအဖွဲ့အစည်းတွေက လာပြီးညှိနှိုင်းလို့ ဖွင့်ပေးလိုက်တဲ့သဘောပါ။ အထက်က ညွှန်ကြားချက်နဲ့ ဖွင့်တာမဟုတ်ပါဘူး။ တစ်ခါစာ သယ်ဆောင်ခွင့်ပေးလိုက်တာဖြစ်တယ်။အခု...
၂၀၀၈ခြေဥ ဖျက်သိမ်းခြင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို PPST ကြိုဆိုထောက်ခံ
ဧပြီလ ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းနှင့် ဖက်ဒ ရယ်ဒီမိုကရေစီပဋိဉာဉ် (Federal Democracy Charter) ကြေညာချက်ကို ကြိုဆိုထောက်ခံကြောင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်ဖွဲ့ (PPST)က...
စစ်ရှောင်ကရင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်မရသေး
ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မူတြော်ခရိုင်မှ စစ်ရှောင်ပြည်သူများအတွက် ပို့ဆောင်မည့် ထောက်ပံ့ကူညီမှုပစ္စည်းများ ယနေ့ ဧပြီ ၃ရက်နေ့က ထိုင်း-မြန်မာနယ်စပ် မဲ့စရင်းယန်းမြို့နယ် မဲ့စလက်(သောလယ်ထာ)တွင် ရောက်ရှိလာ သော်လည်း ထိုင်းအာဏာပိုင်များဘက်က နယ်စပ်ဖြတ်ကျော် သယ်ဆောင်ခွင့်မပြုသေးကြောင်း သိရှိရ သည်။
ထိုင်းကရင်အဖွဲ့ (KTG) နှင့် အစိုးရမဟုတ်သော အဲန်ဂျီအို...
CDM လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသူမည်သူမဆို ထိရောက်စွာအရေးယူမည်ဟု KNU ဒူးပလာယာခရိုင်ပြော
ဧပြီ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
၎င်းတို့နယ်မြေအတွင်း အာဏာဖီဆန်မှု (Civil Disobedience Movement -CDM)လှုပ်ရှားမှုကို အနှောင့်အယှက်ပြုသည့် မည်သည့် ပုဂ္ဂိုလ်မဆို ထိရောက်စွာ အရေးယူသွားမည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဒူးပလာယာခရိုင်(တပ်မဟာ ၆) က ယနေ့(ဧပြီ ၃ရက်) ကြေညာချက်ထုတ်ကာ ပြောဆိုလိုက်သည်။
စစ်အာဏာသိမ်းမှုကို...
KNU ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ဗိုလ်ချုပ်ကြီး ယွက်စစ် ရှုတ်ချ
ဧပြီ ၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၅) ဒေသ ဗုံးကြဲတိုက် ခိုက်ခံရမှုအပေါ် ငြိမ်းချမ်းရေး လုပ်ငန်း စဉ် ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှုတ်ချကြောင်း ယနေ့ ပြုလုပ်သည့် PPST ၏...
စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးမှုရှိဟု KNU သတင်းထုတ်ပြန်
ဧပြီ ၃ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် နယ်မြေအတွင်း စစ်ကောင်စီတပ် လက်အောက်ခံ (စကခ-၈) ရှေ့တန်းတပ်မဌာနချုပ်မှ ဧပြီ ၂ ရက် ည ၈နာရီတွင် ပြည်သူများနေထိုင်ရာဒေသများသို့ လက် နက်ကြီး (၁၂ဝ မမ) (၅)လုံးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်...














