KIC News
လက်တွေ့ (ကဗျာ)
လက်တွေ့
အတွေ့အကြုံနဲ့ ဖြတ်သန်းမှုက
တွက်နည်းထက် လက်တွေ့ကျတယ်
စာမျက်နှာထဲက
အာဂုံဆောင်လာတဲ့ ဘာသာဗေဒများ...
နံရံပေါ်က
အားကျခဲ့ဖူးတဲ့ ရုပ်ပုံလွှာများ...
လက်တွေ့မှာ
ခရီးမရောက်သေးဘူး......။
ရုပ်ဝတ္ထုအားကောင်းတဲ့ ကာလမှာ
သဘောတရားရေးရာတွေက
အနိုင်အရှုံးကို မဆုံးဖြတ်နိုင်လောက်ဘူး...
မျှော်လင့်ချက်ရောင်ခြည်နဲ့ရှင်သန်တဲ့စိတ်ဓာတ်တွေက
ကျောတစ်ခင်းစာ မရှိတဲ့ညများမှာ
ကြွေးကြော်သံတွေ အသံဝင်သွားတယ်
လက်ဖြန့်ဖို့ ရွယ်လိုက်တိုင်း
အတွေးစတွေက ထိုင်းမှိုင်းသွားတယ်
လက်ရှိရုပ်လွှာကို ချပြဖို့ဝန်လေးနေရင်
အမှန်တရားတွေ သွေဖည်သွားလိမ့်မယ်
စားကျက်အတွက် မြှုပ်ကွက်များလွန်းရင်
ပဲ့တင်သံတွေ တစ်ထပ်တည်း မကျတော့ဘူး
အောက်ခြေမှာ မျှော်တလင့်လင့်နဲ့
မနက်ဖြန်များစွာ ဆိုတဲ့ မျှော်လင့်ချက်က
ဓာတ်စာတွေ အဆိပ်ဖြစ်လို့...။
ပေးဆပ်နိုင်တယ်...တဲ့
စွန့်လွှတ်နိုင်တယ်...တဲ့
နာရီလက်တံရဲ့အလှည့်အပြောင်းက
နေရာဟောင်းကို လွမ်းစေတယ်
လက်တွေ့အဆန်ဆုံးက
ရန်မူလာသူကို ခုခံဖို့...
စစ်ကောင်စီတပ်ဖွဲ့များ KNU နယ်မြေအတွင်း ဝင်ရောက်လာ၊ ဒေသခံတချို့ ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်နေ
အောက်တိုဘာ ၄ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေ ပုလောမြို့နယ် သာယာကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီဘက်မှ စစ်ကားနှစ်စီးဖြင့် ဝင်ရောက်လာပြီး ကျေးရွာနေ ဒေသခံတချို့ကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၄ ရက်နေ့၊ နံနက် ၅...
စစ်အာဏာသိမ်းပြီးနောက် ၈ လတာကာလအတွင်း လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်း ပိုမို ဆိုးရွားလာ
အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ရက်နေ့ စစ်အာဏာသိမ်းပြီး ၈လတာကြာပြီးနောက် ပြည်တွင်းပဋိပက္ခ ပိုတိုးလာပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း ပိုမိုဆိုးရွားလာကြောင်း ရှေ့ပြေးအသံအဖွဲ့ (Progressive Voice)နှင့်အတူ အရပ်ဖက်အဖွဲ့အစည်း (၉)ဖွဲ့က ယနေ့ ပူးတွဲထုတ်ပြန်သည့် စာတမ်းတိုရှင်းလင်းပွဲအရ သိရသည်။
ပိုတိုးလာသည့် ပြည်တွင်းပဋိပက္ခအတွင်း စစ်ကောင်စီ...
NCA မပျက်မယွင်းတည်ရှိသေးကြောင်း ကေအဲန်ယူ ဒူးပလာယာခရိုင် ဥက္ကဌပြောဆို
အောက်တိုဘာ ၄ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)သည် ယနေ့အထိ မပျက်မယွင်း တည်ရှိသေးပြီး မည်သည့်အဖွဲ့အစည်းမှ ၎င်းစာချုပ်ကို ပယ်ဖျက်ခြင်းမပြုသေးကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။
ယခုနှစ် အောက်တိုဘာလ ၁၅ရက်နေ့တွင် ကျရောက်မည့် NCA စာချုပ်...
ဖားအံမြို့ တပ်မ ၂၂ ရှေ့ ချိန်ကိုက်မိုင်း ၁ လုံး ပေါက်ကွဲ အုတ်တံတိုင်း နှစ် ကန့်...
အောက်တိုဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် ဖားအံမြို့ရှိ တပ်မ ၂၂ အရှေ့တွင် ယနေ့အောက်တိုဘာလ ၃ရက်နေ့ ည ၇ နာရီဝန်းကျင်ခန့်က ချိန်ကိုက်မိုင်း တစ်လုံး ပေါက်ကွဲမှု ဖြစ်သွားခဲ့ကြောင်း သိရသည်။
ထိုမိုင်းပေါက်ကွဲမှုကြောင့် တပ်အရှေ့ အုတ်တံတိုင်း ၂ ကန့်ခန့်...
KNU တပ်မဟာ ၅ နယ်မြေတွင် တစ်ရက်အတွင်း စစ်ကောင်စီတပ်သား ၂၃ ဦးကျဆုံးပြီး ၃ဝ ဦး ဒဏ်ရာရ
အောက်တိုဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅နယ်မြေတွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃ဝ ရက်နေ့က ကေအဲန်ယူ တပ်မဟာ ၅ တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်မှ ၂၃...
မြဝတီမြို့တောင်ပိုင်းတွင် စစ်ကောင်စီတပ်များမှ လုံခြုံရေး တင်းကြပ်စစ်ဆေးမှုကြောင့် ဒေသခံများသွားလာရေးခက်ခဲနေ
အောက်တိုဘာ ၃ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်း ကျေးရွာများဖြစ်သော ဘဲဟိကလော် ၊ ထီးမယ်ဝါးခီး ၊ လေးကေကော်၊ ဖလူးကြီး ၊ ဖလူလေးကျေးရွာ သေဘောဘိုး ၊ ဝေါလေ ဒေသတစ်လျှောက် ကျေးရွာများမှ ဒေသခံများ မြဝတီမြို့ သို့ လာရာတွင် ယနေ့...
ပုလောတွင် အမျိုးသားတစ်ဦး စွပ်စွဲလုပ်ကြံ သတ်ဖြတ်ခံရပြီး တခြားကျေးရွာတွင် အလောင်းသွားပစ်မှု ဖြစ်ပွားခဲ့
အောက်တိုဘာ ၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
တနသင်္ာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာနေ အမျိုးသားတစ်ဦး စက်တင်ဘာလ ၃ဝရက်နေ့ ညက စစ်ကောင်စီ အားပေးထောက်ခံသူ ပျူစောထီးအဖွဲ့ဝင်များက ပုံစံမျိုးစုံ စွပ်စွဲပြောဆို ပစ်သတ်ပြီးနောက် အလောင်းကို ပုလောမြို့နယ် အော့ပူ(ရှမ်းဒွတ်) ကျေးရွာတွင် လာပစ်သွားခဲ့မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ...
မြန်မာငွေတန်ဖိုးကျချိန် ထိုင်းကုန်ဈေးနှုန်းတက်၍ ကုန်စုံဆိုင်များတွင် ဝယ်သူနည်းပါးလာ
အောက်တိုဘာ ၁ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်း ထိစပ်နေသည့် ကရင်ပြည်နယ်တွင် နယ်စပ်ကုန်သွယ်မှုအရ မြန်မာငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာချိန် ကုန်ဈေးနှုန်းများမှာ ယခင်ဈေးထက် နှစ်ဆခန့် မြင့်တက်သွားသည့်အတွက် ပြည်နယ်အတွင်းရှိ ကုန်စုံ ဆိုင်များ၌ ဈေးဝယ်သူ နည်းပါးလာကြောင်း ကုန်ဆိုင်ရောင်းသူများထံမှ သိရသည်။
ကရင်ပြည်နယ်ရှိ ပြည်သူလူထု အများစုမှာ...














