KIC News
အုန်းဖျန်ဒုက္ခသည်စခန်းတွင် ကိုဗစ်ပိုးကူးစက်မှု ရုတ်တရက်တိုးပွားလာသည့်အတွက် စခန်းတွင်းသွားလာမှုထပ်မံ ကန့်သတ်
အောက်တိုဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဖုတ်ဖရာ့မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းတွင် ယခုအောက်တိုဘာလ ၄ ရက်နေ့မှ စ၍ စခန်းတွင်း နေထိုင်သူများထံမှ ကိုဗစ်ပိုးကူးစက်မှု ရုတ်တရက်တိုးပွားလာခြင်းကြောင့် စခန်းတွင်း သွားလာမှု များကို ထပ်မံကန့်သတ်တားမြစ်လိုက်ရကြောင်း စခန်းတာဝန်ရှိသူများထံ မှသိရသည်။
ယခုလ အောက်တိုဘာ...
မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ (၁၀,၀၀၀) ခန့် ထိုးပေးမည်
အောက်တိုဘာ ၈ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ယနေ့ အောက်တိုဘာ ၈ ရက်မှ ၁ဝ ရက်နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ ၁၀,၀၀ဝ (တစ်သောင်း)ခန့် ထိုးနှံပေးသွားမည်ဟု သိရသည်။
ယနေ့ အောက်တိုဘာ...
ပိုင်ကျုံမြို့နယ်တွင် BGF တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရသဖြင့် ၄ ဦးသေဆုံး
အောက်တိုဘာ ၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် နောင်မြလွဲနှင့် ကော့အီဆိုင်ကျေးရွာကြားရှိ နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်နေထိုင်သည့်နေရာကို ယမန်နေ့အောက်တိုဘာလ ၇ ရက်နေ့ ညက တိုက်ခတ်ခံရပြီး မိသားစုဝင်အပါအဝင် ၄ ဦးသေဆုံးသည်ဟု BGF က ပြောသည်။
ယမန်နေ့ ည ၁၁...
မြန်မာ့ရာဘာဈေးနှုန်း မြှင့်တက်လာသော်လည်း ကျပ်ငွေတန်ဖိုးနိမ့်ကျ၍ တောင်သူများခက်ခဲနေဆဲ
စက်တင်ဘာ ၇ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ကေအိုင်စီ
လက်ရှိ မြန်မာ့ရာဘာ အချောပြား(RSS3) တစ်ပေါင်လျှင် ကျပ် ၁ဝဝဝ ကျော်အထိ ဈေးနှုန်းမြှင့်တက်လာသော်လည်း ရာဘာထုတ်လုပ်သည့်ပစ္စည်းဈေးနှုန်းတက်ခြင်းနှင့် ကျပ်ငွေတန်းဖိုးလည်း ကျဆင်းသွားသည့်အတွက် တွက်ချေမကိုက်ဟု ရာဘာစိုက်တောင်သူများက ပြောသည်။
ရာဘာအထူပြား(အကြမ်း) တစ်ပေါင်လျှင် ယခင်နှစ်က ၅ဝဝ ကျပ်မှ...
ရေတိုက်စားမှုကြောင့် မိဇံကျွန်းရှိ အပန်းဖြေစခန်း ဘန်ဂလို မျောပါပျက်စီး
အောက်တိုဘာ ၇ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ အပန်းဖြေနေရာတစ်ခုဖြစ်သည့် မိဇံကျွန်းတွင် ရေတိုက်စားမှုကြောင့် အောက်တိုဘာလ ၄ ရက်နေ့က တည်းခိုသည့် ဘန်ဂလိုမျောပါပြီး ပျက်စီးဆုံးရှုံးမှုအချို့ရှိသည်ဟု ၎င်းဝန်ထမ်းများထံမှ သိရှိရသည်။
သံလွင်မြစ်ရေတိုက်စားမှုကြောင့် မိဇံကျွန်းအပန်းဖြေစခန်းတွင် ဆောက်လုပ်ပြီးစီးထားသည့် ဘန်ဂလိုတစ်လုံးနှင့် မြစ် ကမ်းနားရှိ တဲတစ်လုံး ရေထဲမျောပါသွားကြောင်း ၎င်းအပန်းဖြေစခန်းတွင်...
KNU၏ လှုပ်ရှားမှုကိုစောင့်ကြည့်သတင်းပေးရန် BGFမှ ဒေသခံများကို ယာယီကျေးရွာသူကြီး အတင်း အဓမ္မဖွဲ့စည်းခိုင်းနေ
အောက်တိုဘာ ၇ ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၁)၏ လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားဆောင်ရွက်မှုများ ကို စောင့်ကြည့်သတင်းပေးရန် ကျေးရွာ ၄ ရွာရှိ ဒေသခံကျေးရွာသားများကို ယာယီကျေးရွာ အုပ်ချုပ်ရေးမှူး(အ ရပ်ခေါ်သူကြီး) ဖွဲ့စည်းပေးရန် နယ်ခြားစောင့်တပ်(BGF)၏ (၁၀၁၄) တပ်ရင်းလက်အောက်ခံ တပ်ခွဲမှူးတစ်ဦးက အမိန့်ပေးညွှန်ကြားခဲ့ကြောင်း KNU...
ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
ဆက်သွယ်မေးမြန်းခြင်း (အင်တာဗျူး)
Covid-19 ဆိုင်ရာရောဂါအကြောင်းကို အများပြည်သူတစ်ရပ်လုံး သိသင့်သိထိုက်ခြင်းနှင့် လိုက်ပါလုပ်ဆောင်နိုင်စေရေး အတွက် ထိုင်း-မြန်မာနယ်စပ်တွင် အခြေစိုက်သည့် ငှက်ဖျားကျန်းမာရေးနှင့် ဆေးသုတေသနအဖွဲ့ (Shoklo Malaria Research Unit – SMRU)မှ အကြီးတန်း သုတေသနပညာရှင် ဒေါက်တာအောင်ပြည့်ဖြိုးအား KIC - ကရင်သတင်းဌာန က...














