KIC News
နေရပ်ပြန်ရန် ဖိအားပေးခံရမှာကို ထိုင်းဘက်ရှိ စစ်ဘေးရှောင်သူများ စိုးရိမ်ထိတ်လန့်နေ
ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
လေးကေကော် ဒေသတွင်း တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ထွက်ပြေး ခိုလှုံနေရသည့်ဒေသခံများအား မြန်မာပြည်ဘက်အခြမ်းသို့ နေရပ်ပြန်လည် ဝင် ရောက်နေထိုင်ကြရန် စစ်ကောင်စီဘက်က ပြောဆိုလာမှုများရှိ သည့်အပေါ် နေရပ်ပြန်ရန် ဖိအားပေးခံရမှာကို စိုးရိမ်ထိတ်လန့်နေကြောင်း ထိုင်းဘက်အခြမ်းတွင် ယာယီခိုလှုံ နေထိုင်သူများက ပြောသည်။...
ကေအဲန်ယူ ထားဝယ် ဆက်ဆံရေးရုံးတာဝန်ခံ ခရိုင်ဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခံရ
ဇန်နဝါရီ ၁၈ ရက် ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး၏ (၁၉)ကြိမ်မြောက် ဘိတ်-ထားဝယ်ခရိုင် (တပ်မဟာ-၄) ကွန်ဂရက်အစည်းအဝေး၏ ရွေးကောက်ပွဲ၌ ခရိုင်ဥက္ကဌနေရာကို ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံလည်းဖြစ်သူ ခရိုင်တွဲဘက်အတွင်းရေးမှူး ပဒိုစောဖလိုစိုးဝင်းကို ရွေးကောက်တင်မြှောက်လိုက်ကြောင်း သိရသည်။
အဆိုပါ(၁၉)ကြိမ်မြောက်ကွန်ဂရက်ကို ဘိတ်ထားဝယ်ခရိုင်၏ ဌာနချုပ်ရှိရာ အမလာတွင် ဇန်နဝါရီလ...
သတိပေးစာထုတ်ပြီးနောက် BGF စခန်းတစ်ခုကို KNU တပ်မဟာ ၅ ရှင်းလင်း
ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းမပြုရန် ကရင်နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်များကို သတိ ပေးစာထုတ်ပြန်ပြီးနောက် ယမန်နေ့ ဇန်နဝါရီလ ၁၆ ရက်နေ့က ဖာပွန်မြို့နယ်အတွင်းရှိ BGF တပ်စခန်းတစ်ခု ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ဝင်များက သွားရောက်...
နယ်စပ်လုံခြုံရေးအရ သောင်ရင်းမြစ်ကမ်းနားရှိ စစ်ရှောင်များအား မဲ့ကိုကင်းတောင်သူစုမှတစ်ဆင့် အစားအသောက်များ ချက်ပြုတ်ပို့ဆောင်ပေးနေ
ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ထိုင်းစစ်တပ်က လုံခြုံရေးအရ စစ်ဆေးကန့်သတ်မှုများ တိုးမြှင့်ထားသည့်အတွက် နယ်စပ်သောင်ရင်း မြစ်ကမ်းနားရှိ လေးကေကော်ဒေသမှ စစ်ဘေးရှောင်သူများအား မဲ့ကိုကင်းတောင်သူစုမှတစ်ဆင့် အစားအသောက်များ ချက်ပြုတ်ပို့ဆောင်ပေးနေသည်ဟု သိရှိရသည်။
လေးကေကော်ဒေသမှ စစ်ဘေးရှောင်သူများအတွက်ကူညီနေသည့် အလှူရှင်အဖွဲ့အချို့သည် ထိုင်း- မြန်မာနယ်စပ်နေရာများအား အထောက်အထားမဲ့ သွားလာနေမှုရှိသည့်အပေါ်...
အာရှလမ်းတွင် လောင်စာဆီတင်ယာဉ် ၂ စီးပစ်ခတ်ခံရ၊ ယာဉ်မောင်း ၂ ဦး သေ၊ ယာဉ် ၁ စီး...
ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်း ကွမ်းခြံကွေ့ကုန်းတက်နေရာတွင် ယနေ့ ဇန်နဝါရီ ၁၆ရက်၊ မွန်းလွဲ (၁)နာရီခန့်က လောင်စာဆီတင်ယာဉ် ၂စီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း ၂ဦး သေဆုံးကာ ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သည် ဟု သိရသည်။
"မြဝတီမြို့ကနေ...
ကော့ကရိတ်တောင်ဘက်တွင် တိုက်ပွဲ ပြင်းထန်ပြီး နှစ်ဖက်ကျဆုံးမှုများရှိနေ
ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
တိုက်ပွဲများ ဖြစ်ပွားနေသည့် KNU-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ နယ်မြေ ကော့ကရိတ်မြို့ တောင်ဘက်ဒေသတွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များ...














