Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

သေ့ဘောဘိုး တိုက်ပွဲကြောင့် ထိုင်းဘက်ခြမ်း တိမ်းရှောင်ကြသော ဒေသခံရွာသားများ နေရပ်မပြန်ရဲကြသေး

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မြဝတီမြို့တောင်ဘက်ရှိ သေ့ဘောဘိုး စစ်ကောင်စီ စခန်းအား မေလ ၁၈ရက်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် -KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်း တပ်ဖွဲ့ များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တိုက်ပွဲဖြစ်စဉ်ကြောင့် ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်ခဲ့ကြသည့် ဒေသခံ ရွာသား...

သေ့ဘောဘိုးစခန်းသိမ်းတိုက်ပွဲအတွင်း သုံ့ပန်း ၆ ဦးနှင့် လက်နက်ခဲယမ်းအမြောက်အများသိမ်းဆီးရမိ

မေလ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ယမန်နေ့က သေ့ဘောဘိုးအခြေစိုက် စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ပူးပေါင်းတပ်ဖွဲ့ဝင် တက်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စခန်းအတွင်း စစ်ကောင်စီစစ်သုံ့ပန်း ၆ ဦးနှင့်အတူ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆီးရမိခဲ့ကြောင်း တိုက်ပွဲအတွင်းပါဝင်တိုက်ခိုက်ခဲ့သူ တပ်မှူးတစ်ဦးက ပြောသည်။ မေလ ၁၈...

စစ်ကောင်စီတပ်က ၃ ရက် ဆက်တိုက်လက်နက်ကြီးပစ်ခတ်မှုကြောင့် တောင်ကြာအင်းရွာရှိ လူနေအိမ်များထိခိုက်ပျက်စီး

မေလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၉၇)တပ်ရင်းက မေလ ၁၆ ရက်နေ့မှစပြီး မြို့၏ အနောက်ဘက်ပိုင်းရှိ တောင်ကြာအင်းကျေးရွာများဘက်ကို ယမန်နေ့ ညအထိ ၃ ရက်ဆက်တိုက်အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်မှုလုပ်ဆောင်ခဲ့သဖြင့် နေအိမ်များထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကော့ကရိတ်ရှိ စစ်ကောင်စီတပ်...

စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူ အရပ်သား ၉၀ ကျော် တစ်ပတ်ကျော်ကြာထိ ပြန်မလွှတ်လာသေး

မေလ ၁၈ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ သထုံခရိုင်၊ ဘီးလင်းမြို့နယ် စစ်ကောင်စီ လေးကေစခန်းထဲတွင် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်-BGF တပ်က ဖမ်းဆီးထားသည့် အရပ်သား ၉၀ကျော်ရှိပြီး တစ်ပတ်ကျော်ကြာသည်အထိ ပြန်လည်လွတ်လာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ မေလ ၅ရက်နေ့ကတည်းက စစ်ကောင်စီ၊ လေးကေစခန်းနှင့် ဝင်းတာပန်စခန်းကို...
Donate