KIC News
၇၃ နှစ်မြောက် ကော်သူးလေနေ့အပေါ် အမှတ်တရစကား
၇၃ နှစ်မြောက် ကော်သူးလေနေ့အပေါ် အမှတ်တရစကား
ယနေ့ ဇွန်လ ၁၄ ရက်နေ့မှာ ကော်သူးလေအစိုးရအဖြစ်ဖွဲ့စည်းခြင်း ၇၃ နှစ်မြောက်ရှိပြီဖြစ်ပါတယ်။ ကော်သူးလေအစိုးရ ဖွဲ့စည်းခြင်း ၇၃ နှစ်တာကာလအတွင်းမှာ ကရင်ပြည်သူတွေ လိုလားချက်က ဘယ်အတိုင်းအတာအထိရရှိနေပြီလဲ၊ ဒါနဲ့ပတ်သက်ပြီးအမြင်အချို့ကို စုစည်းဖော်ပြလိုက်ပါတယ်။
နန်းဆူလိုင့် (ပြည်တွင်းလူငယ်)
အခု လူကြီးတွေက လူငယ်တွေအတွက် ကြည့်ပေးတာ နည်းသေးတယ်။...
ဖလူးရွာ ကိုယ်ထူကိုယ်ထ ကျောင်းဖွင့်ရန် ရပ်မိရပ်ဖများ စီစဉ်လုပ်ဆောင်နေ
ဇွန်လ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့တောင်ဘက် ၊ လေးကေကော်ဒေသ ဧရိယာအတွင်းရှိ ဖလူးကြီးကျေးရွာ ဒေသခံရပ်မိရပ်ဖများ စုပေါင်း ညှိနှိုင်း၍ ကျေးရွာဘုရားရှိခိုးကျောင်းတွင် ယခုရက်ပိုင်းအတွင်း ကိုယ်ထူကိုယ်ထ စာသင်ကျောင်း ဖွင့်လှစ် သင်ကြားရန် စီစဉ်လုပ်ဆောင်နေသည်ဟု ဒေသခံကျောင်းသားမိဘများက ပြောသည်။...
အခွင့်အရေးဆိုင်ရာ ပိုမိုရရှိရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံကို ဒုက္ခသည်များ တောင်းဆိုခဲ့
ဇွန်လ ၁၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မယ်လ ဒုက္ခသည်စခန်းကို ဇွန်လ ၉ ရက်နေ့က ရောက်ရှိလာခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဖြစ်သူ မစ္စတာ Derek Chollet ကို ဒုက္ခသည်အခွင့်အရေး ပိုမိုရရှိ ရေး လုပ်ဆောင်ပေးရန်အတွက် တင်ပြတောင်းဆိုခဲ့သည်ဟု တွေ့ဆုံမှုအတွင်းပါဝင်သည့်...
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြဝတီမြို့တွင် ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေ
ဇွန်လ ၁၃ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုဇွန်လဆန်းပိုင်းလောက်စပြီး ရပ်ကွက် ၃ ခုခန့်တွင် နေ့ရောညပါ အိမ်တွင်းပစ္စည်းများ ဖောက်ထွင်းခိုးယူခံရမှုများ ဆက်တိုက်ဖြစ်ပွားနေကြောင်းမြို့ခံများထံမှ သိရသည်။
မြဝတီမြို့ ရှိ စကားဝါလမ်းရှိ အမှတ်(၁) ရပ်ကွက်၊ မနော်ဟာရီလမ်းရှိ အမှတ်(၂) ရပ်ကွက်နှင့် ကြံခင်းလမ်းရှိ...















