KIC News
စစ်ရေးအခြေအနေများကြောင့် ဝင်းရော်ဒေသ နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးကျင်းပနိုင်ခြင်းမရှိသေး
ဒီဇင်ဘာ ၂၂ ရက်၊ ၂ဝ၂၂ ခုနှစ်၊ ကေအိုင်စီ
ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ် ) ဝင်းရော်ဒေသတွင် စစ်ရေးအခြေအနေများကြောင့် နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ၂ နှစ်မြောက်လာသည့်အထိ စုပေါင်းကျင်းပနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တော်လှန်ရေးကောင်စီအစိုးရလက်ထက်တွင် စတင်ကျင်းပလာခဲ့ကြသည့် ဝင်းရော်ဒေသနယ်လုံးဆိုင်ရာ နှစ်သစ် ကူးနေ့သည်...
ရေးဘီလူးအဖွဲ့ က သွားရောက်ပစ်ခတ်၍ စစ်ကောင်စီ တပ်သား(၄)ဦးသေဆုံးပြီး (၃)ဦးပြင်းထန်ဒဏ်ရာရ
ဒီဇင်ဘာ၂၀ရက်၊၂၀၂၂ခုနှစ်။ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း(ခလရ-၅၈၆)ကို ရေးဘီလူးအဖွဲ့က သွားရောက်ပစ်ခတ်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား (၄)ဦးသေဆုံးပြီး (၃)ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးဘီလူး အဖွဲ့ခေါင်းဆောင်ကပြောသည်၊၊
ရေးမြို့နှင့် တစ်မိုင်အကွာတွင်ရှိသော စစ်ကောင်စီတပ် (ခလရ-၅၈၆)တပ်ရင်းကို ဒီဇင်ဘာလ ၂၀ ရက်နေ့ ယနေ့ နေ့လည် ၁၁နာရီ ၄၉မိနစ်...
ငွေဆောင်မြို့၊ အမှတ်(၄)လမ်းဟောင်းဘေးရှိ နေအိမ်များအား စစ်ကောင်စီ ဖိအားပေးဖျက်ခိုင်းနေ
ဒီဇင်ဘာ ၂၀ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ဧရာဝတီတိုင်း၊ ငွေဆောင်မြို့နယ်ရှိ ဂေါ်ရန်ဂျီကျွန်းအထိ ပေါက်ရောက်သော အမှတ်(၄)ရပ်ကွက်လမ်းဟောင်း၏ လမ်းအလယ်မျဉ်းမှစ၍ လမ်းဘေးဝဲယာ စုစုပေါင်းပေ(၁၅၀)အတွင်းရှိသော နေအိမ်များနှင့် ဆိုင်ခန်းများအား တစ်ပတ်အတွင်းဖျက်ပေးရန် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်ခေါင်းများမှ လိုက်လံပြောကြားထားပြီး ငုတ်ရိုက်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ လမ်းဘေးဝဲယာရှိ...
မြဝတီ−ကော့ကရိတ်အာရှလမ်း သင်္ဃန်းညီနောင်ဂိတ်တွင် ပိတ်ဆို့နေသည့်ကားများ ယနေ့အထိ ပိတ်မိနေဆဲ
ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်အနီးတွင် ဒီဇင်ဘာလ(၁၈)ရက် နေ့လည်(၁၁)နာရီအချိန်မှစ၍ တံတားအောက်ခြေတိုင်များ ပျက်စီးနေသောကြေင့် ကားများ ယနေ့အချိန်ထိ ပိတ်မိ နေဆဲဖြစ်ကြောင်း ယာဉ်မောင်းတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ရက်နေ့က ကော့ကရိတ်မြို့နယ် တံတားကျိုးကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သား...
မြဝတီမြို့ အိမ်ဆိုင်တစ်ဆိုင်၌ မီးလောင်မှုဖြစ်ပွား
ဒီဇင်ဘာလ ၁၉ ရက်၊၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အမှတ်(၁)တံတားအနီးတွင် ယနေ့ ဒီဇင် ဘာလ(၁၉)ရက် နံနက်(၉) နာရီ(၁၅)မိနစ်အချိန်၌ အိမ်ဆိုင်တစ်ဆိုင်တွင် မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်ဟု မြဝတီမြို့ အလင်းသစ်လူမှုကယ်ဆယ်ရေးအသင်း (Rescue Myawaddy)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုင်း−မြန်မာနယ်စပ်၊ အမှတ်(၁)ချစ်ကြည်ရေးတံတားအနီးရှိ အိမ်ဆိုင်တစ်ဆိုင်မှ...
မီးလောင်ပျက်စီးသွားသော သင်္ဃန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံ လာရောက်ပြင်ဆင်ခြင်းမရှိသေး
ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
အမည်မသိလက်နက်ကိုင်အဖွဲ့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့်မီးလောင် ပျက်စီးသွားသော မြဝတီမြို့နယ်အတွင်းရှိ သင်္ယန်းညီနောင် လျှပ်စစ်ဓါတ်အားခွဲရုံကို စစ်ကောင်စီဘက်မှ ပြန်လည် ပြင်ဆင်ရန် ညွှန်ကြားလာမှုမရှိသေးကြောင်းလျှပ်စစ်ဌာနနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
မြ၀တီမြို့အပါအ၀င် မြို့နယ်လေးမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများအား...
စစ်ကောင်စီ လက်နက်ကြီးကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အဘိုးအိုတစ်ဦး လက်နက်ကြီးကျည်ထိမှန်
ဒီဇင်ဘာလ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်၊ ကော့နွဲကျေးရွာတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၉ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အသက် (၉၀)ကျော်အရွယ် အဘိုးတစ်ဦး လက်နက် ကြီးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံများက ပြောသည်။
ယနေ့ကော့နွဲကျေးရွာအနီး ကျောက်စရစ်ကုန်းနေရာတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်...














