KIC News
သံတောင်တွင် စစ်ကောင်စီက လူငယ်များအား ပစ်မှတ်ထားစစ်ဆေးဖမ်းဆီးနေ
ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်များက ယခင်နှစ် ဒီဇင်ဘာလမှ စတင် ကာ ဒေသတွင်းရှိ လူငယ်များအား စောင့်ကြည့်၍ မသင်္ကာဖွယ်ရာတွေ့ရှိပါက အမေးအမြန်းမရှိဖမ်းဆီး နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
တောင်ငူ-သံတောင် ၁၃ မိုင်တွင် ပြီးခဲ့သည့် ဇန်နဝါရီလ...
စစ်ကောင်စီက KNU တပ်မဟာ (၅)တွင် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေ၊ အရပ်သားနေအိမ်များ ပစ်မှတ်ထားခံနေရ
ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေအတွင်းကို စစ်ကောင်စီက ယခု ဇန်နဝါရီလဆန်းပိုင်းတွင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ယမန်နေ့ ဇန်ဝါရီ လ ၁၃ ရက်နေ့တွင်လည်း လူသောမြို့နယ်အတွင်း လူနေအိမ်နှင့် ဘုရားကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း...
စစ်ကောင်စီ၏ လေကြောင်းရန်ကြောက်သဖြင့် သစ်ခေါင်းရွာမှ ဒေသခံများ နေရပ်မပြန်ရဲဘဲတိမ်းရှောင်နေရ
ဇန်နဝါရီ(၁၄)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင် ၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ဘလောခိုကျေးရွာအုပ်စု၊ သစ်ခေါင်းကျေးရွာမှ ဒေသခံပြည်သူများသည် စစ်ကောင်စီ၏ လေကြောင်းရန်ကို ကြောက်လန့်သဖြင့် နေရပ်ပြန်မနေရဲကြသေးဘဲ ယခုအချိန်ထိ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။
အဆိုပါကျေးရွာတွင် အိမ်ခြေ(၃၂)လုံးနှင့် လူဦးရေ(၁၈၈)ဦးခန့် နေထိုင်လျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီလ(၇)...
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု အရပ်သားထိခိုက်မှုရှိနေ
ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အလယ်ကျေးရွာတွင် ယနေ့ ဇန်နဝါရီလ ၁၃ရက်၊ နံ နက်ပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးကုန်းမှ တဆင့်အချက်ရေ (၈)ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု နီးစပ်သည့် ဒေသခံတစ်ဦးက...
ကော့ကရိတ်ဒေသ စစ်ရှောင်အမျိုးသမီးများ ရပ်တည်ရေးအတွက် ခက်ခဲနေ
ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးကျေးရွာများတွင် တိုက်ပွဲများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် ဒေသခံအမျိုးသမီးများသည် စစ်ရှောင်ကာလ ကြာလာသည့်နှင့်အမျှ စားဝတ် နေရေးအတွက် ရပ်တည်ရန် အခက်အခဲများရှိလာနေကြောင်း စစ်ဘေးရှောင်အမျိုးအမီးများက ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၆ ရက်တွင် ပြန်လည်ဖြစ်ပွားသည့် တကျော့ပြန်တိုက်ပွဲကြောင့်...
ဘုရားထီးတင်ပွဲတွင် အသံကျယ်လောင်စွာဖောက်ခွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိတ်လန့်ခဲ့ရ
ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ သစ်ကတင်ရွာတွင် ဇန်နဝါရီလ ၁၀ ရက်က ကျင်းပ သည့် ဘုရားထီးတင်ပွဲအခမ်းအနား၌ နယ်ခြားစောင့်တပ်-BGF စစ်သားများက အသံကျယ် လောင်စွာ ဖောက်ခွဲခြင်းများလုပ်ဆောင်သောကြောင့် တိုက်ပွဲဖြစ်ပွားသည်ဟု ထင်မှားကာ ထိတ်လန့်ခဲ့ကြရသည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ...
စစ်ကောင်စီတပ်က လူနေအိမ်များ ဖောက်ထွင်းဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများယူဆောင်သွား
ဇန်နဝါရီ ၁၃ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်း (လေးနော်)ရွာတွင် အခြေချတပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်နေကြသော ဒေသခံရွာသားများ၏ နေအိမ်များကို ဖောက်ထွင်း ဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများ ယူဆောင်သွားမှုများလုပ်ဆောင်ခဲ့သည်ဟု...
ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ သင်းအုပ်ဆရာတော် အပါအဝင် ၅ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရ
ဇန်နဝါရီလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ၊ မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်၊ ပေကေကျေးရွာအုပ်စု၊ လေးဝါးကျေးရွာရှိ ခရစ်ယာန် ဘုရား ကျောင်းကို ယမန်နေ့ နေ့လည် ၂ နာရီအချိန်က စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ...














