KIC News
ကော့ကရိတ်မြို့ စစ်ကောင်စီဌာနဆိုင်ရာရုံးများ အဝင်အထွက်လမ်းပိတ်ကာ အရပ်ဝတ်ဖြင့် အလုပ်လုပ်နေကြရ
ဖေဖော်ဝါရီလ ၁ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီဆိုင်ရာဌာနရုံးများ ဝင်ရောက်စီးနင်း ခံရသည့် နောက်ပိုင်း လက်ရှိတွင် ရုံးများပိတ်ထား၍ အဝင်အထွက်လမ်းပိတ်ကာ အရပ်ဝတ်ဖြင့် အလုပ်လုပ်နေကြရကြောင်း ကော့ကရိတ်မြို့ခံများကပြောသည်။
ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီဌာနဆိုင်ရာရုံးများကို ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်- KNLA ပူးပေါင်းတပ်နှင့် ကော်သူးလေအာမီ -KTLAတို့...














