Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

ဇွဲကပင်တောင်တက်ပွဲတော်တွင် လောင်းကစားဝိုင်းများဖြင့် စည်ကားနေ

မတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ဖားအံမြို့ရှိ ကရင်ပြည်နယ်၏ အထင်ကရ ဇွဲကပင်တောင်တက်ပွဲတော်တွင် အန်ဂလုံ လောင်းကစားဝိုင်းများဖြင့် စည်ကားစွာ ပြုလုပ်ကျင်းပလျက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ဇွဲကပင်တောင်တက်ပွဲတော်ကို တပေါင်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင်လည်း မတ်လ(၅)ရက်နေ့မှ ယခုအချိန်ထိ ကျင်းပလျက်ရှိရာ ပွဲတော်အတွင်း လောင်းကစားဝိုင်းများ ထည့်သွင်းကာ...

သံတောင်မြို့ထဲတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် ဒေသခံနေအိမ် အလုံး ၂၀ ရှိလာ

မတ်လ ၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃)မိုင်ရှိ ရပ်ကွက်ထဲတွင် စစ်ကောင်စီတပ်၏ ဝင်ရောက်မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်ပေါင်း ၂၀ လုံးရှိသွားပြီဟု သံတောင်မြို့ခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်မှ ယမန်နေ့ မတ်လ ၆ ရက်နေ့အထိ သံတောင်မြို့ ၁၃ မိုင်...

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း CDM ရဲနှင့် တပ်မတော်သားများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်

မတ်လ ၇ ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး)မြို့နယ်အတွင်း ဝင်ရောက်လာသော CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု)ရဲနှင့် တပ်မတော်သားများကို အမျိုးသားညီ ညွတ်ရေးအစိုးရ (NUG)မှ ပေးပို့လာသည့် ဂုဏ်ပြုလက်မှတ်များအား ယမန်နေ့ မတ်လ ၆ရက်တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ CDM ပြုလုပ်သည့်...

နှစ်ဦးနှစ်ဖက်ပြဿနာများဖြေရှင်းရန် ဗိုလ်စလုံးနှင့် ထောက်ပို့ မသင်းသင်းဦးတို့ကို KTLA ဗဟိုစစ်ဌာနချုပ် ဖိတ်ခေါ်

မတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ လတ်တလော လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေသည့် ကော်သူးလေ အာမီ (KTLA) ၏ ဆင်ဖြူစစ်ကြောင်းမှ ဒုဗိုလ်မှူးကြီးစောစလုံးနှင့် ထောက်ပို့တပ်ခွဲမှူး မသင်းသင်းဦးတို့ကို နှစ်ဦးနှစ်ဖက်ပြဿနာများ ဖြေရှင်းရန်အတွက် နံနက်ဖြန် မတ်လ (၈)ရက်နေ့ နံနက် (၉)နာရီ အချိန်တွင်...

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် ဖေဖော်ဝါရီလအတွင်း လူနေအိမ် ၃၆ လုံး ပျက်စီးပြီး အရပ်သား ၃...

မတ်လ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင်၊ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဖေဖော်ဝါရီလအတွင်း လူနေအိမ် ၃၆ လုံးပျက်စီးပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံးကာ၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင်...

ဝေါမြို့နယ်၊ ဘုရားပျိုရွာတွင် စစ်ကောင်စီတပ် ဖမ်းဆီးသွားသော ဒေသခံ(၁၃)ဦးအား ပြန်လွှတ်ပေးခြင်းမရှိသေး

မတ်လ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ဘုရားပျိုကျေးရွာ၌ ယမန်နေ့ မတ်လ(၅) ရက်နေ့တွင် စစ်ကောင်စီတပ်များ ဖမ်းဆီးဆောင်သွားသော ဒေသခံရွာသား(၁၃)ဦးအား ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ဒေသ တွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။ ဘုရားပျိုကျေးရွာအထွက်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဝေါမြို့နယ်ပြည် သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ က...

ရွှေကုက္ကိုလ်ဒေသအတွင်း အခြေချစီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသဖြင့် အိမ်ခြံမြေစျေးမြင့်တက်နေ

မတ်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြ၀တီမြို့မြောက်ဘက်ရှိ လောင်းကစားကာစီနို မြို့တော်သစ်နေရာ ရွှေကုက္ကိုလ်ဒေသ အတွင်း ရွှေ့ပြောင်းအခြေချ စီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသည့်အတွက် အိမ် ယာခြံမြေစျေးများ မြင့်တက်လာနေသည်ဟု ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။ လောင်းကစား၊ ကာစီနိုနှင့် ဖျော်ဖြေရေးလုပ်ငန်းများလာရောက်လုပ်ကိုင်နေမှုကြီးမား...

ကော့ကရိတ်ဒေသရှိ စာသင်ကျောင်းများ သင်ခန်းစာမပြီးစီးဘဲ စာမေးပွဲဖြေဆိုရ

မတ်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ ပညာရေးဌာနအောက်ရှိ စာသင်ကျောင်းများသည် ယခုနှစ် ပညာသင်နှစ်တွင် ‌နယ်မြေမတည်ငြိမ်မှုကြောင့် သင်ခန်းစာအားလုံး သင်ကြားမှုမပြီးစီးဘဲ စာမေးပွဲဖြေဆိုခဲ့ရကြောင်း ပညာရေးနှင့်နီးစပ်သူများက ပြောသည်။ တိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိသည့် ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီ ပညာရေး ဌာနအောက်ရှိ စာသင်ကျောင်းများ မကြာခဏပိတ်နေရသဖြင့် ပညာသင်ယူနေသည့်...
Donate