KIC News
ကျိုက်မရော အပါအဝင် အကျဉ်းထောင်များ၌ ရေမသန့်ရှင်းမှုကြောင့် အကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရဟု JNPP ပြော
မတ်လ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်အပါအဝင် မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် မသန့်ရှင်းသည့်ရေကိုသာ သုံးစွဲနေရသဖြင့် အကျဉ်းသားများ ကျန်းမာရေးအခြေအနေ စိုးရိမ်ရကြောင်း နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ တရားမျှတမှုကွန်ရက် (JNPP) က ယနေ့တွင် သတိပေးထုတ်ပြန်လိုက်သည်။
အကျဉ်းထောင်အတွင်းသို့ ပြင်ပမှ သောက်ရေသန့်ပေးပို့မှုကို အကျဉ်းထောင်အာဏာပိုင်များက ကန့်သတ်ပိတ်ပင်ထားသဖြင့်...
စစ်အုပ်စု၏ ဝင်ငွေနှင့် လေယာဉ်ဆီလမ်းကြောင်းကို ထိရောက်စွာပိတ်ဆို့ရန် KPSN တောင်းဆို
မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်းစစ်အုပ်စုကို ဝင်ငွေရရှိစေသည့် လမ်းကြောင်းနှင့် လေယာဉ်ဆီ အထောက်အပံ့ပေးနေသည့် လမ်းကြောင်းများကို ပိတ်ဆို့မှု ထိထိရောက်ရောက် လုပ်ဆောင်ရန် ကရင်ငြိမ်းချမ်းရေးအထောက် အကူပြုကွန်ရက် (KPSN) က နိုင်ငံတကာသို့ ယမန်နေ့ (မတ်လ ၁၁ ရက်) နေ့က...
သရက်ချောင်းရှိ ဝင်းဝစခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်၊ စစ်အုပ်စုတပ်ဖွဲ့ဝင် (၅၃) ဦး သေဆုံး
မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲလာခဲ့သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ် (သရက်ချောင်းနယ်မြေ) အမှတ် (၈) လမ်းမကြီး၊ မင်းဒပ်ကျေးရွာရှိ ဝင်းဝ တပ်စခန်းကို ယမန်နေ့ မတ်လ (၁၁) ရက်နေ့တွင်...
တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းသဖြင့် အရာရှိနှစ်ဦးကို DKBA အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်
မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းမှ သွေဖယ်ပြီး တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းလုပ်ဆောင်သဖြင့် အရာရှိ (၂) ဦးကို တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း မတ်လ (၁၁) ရက်နေ့တွင် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) က...
ငါးရက်ဆက်တိုက် လေကြောင်းဗုံးကြဲမှုကြောင့် ဖလူး၊ မင်းလက်ပံရွာနေအိမ်များ ထိခိုက်ပျက်စီးမှုများပြား
မတ် ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-ကရင်နယ်စပ်၊ မြဝတီမြို့တောင်ဘက်ပိုင်း၊ ဖလူးနှင့်မင်းလက်ပံကျေးရွာဘက်တွင် မတ်လ(၈)ရက်မှ ယနေ့ မတ်လ(၁၂)ရက်နေ့အထိ စစ်အုပ်စု ကလေကြောင်းဗုံးကြဲမှု နေ့စဥ်မပြတ်လုပ်ဆောင်သောကြောင့် ရွာရှိနေအိမ်၊ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုများပြားလာကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
မြေပြင်မှထိုးဖောက်ဝင်ရောက်နိုင်ခြင်းမရှိသဖြင့် စစ်အုပ်စုက ဂျက်တိုက်လေယာဉ်၊ Y12၊ Y8 လေယာဉ်များ...
ကရင်လူငယ်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စ တရားမျှတစွာအရေးယူပေးရန် ထိုင်းကရင်အဖွဲ့ တောင်းဆို
မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်တစ်ဦးကို ထိုင်းမျိုးချစ်အဖွဲ့ဝင်များက အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့် အညီ တရားမျှတစွာ အရေးယူပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကရင်ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကွန်ရက် (Karen Network for Culture and Environment...
ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား
ညောင်လေးပင်မှာ သေဆုံးသူတွေဟာ KNU, PDF ဖြစ်ပြီး ရွာကို စစ်တပ်က စစ်ကြောင်းမထိုးခဲ့ဘူးဆိုတဲ့ ဝါဒဖြန့်သတင်းအမှား
မတ် (၁၁)ရက်၊ ၂၀၂၆ ခုနှစ်။
KIC/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag/ MFCN
အနှစ်ချုပ်
စစ်လော်ဘီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကနေ ဖြန့်ချိထားတဲ့ “ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ...
ပဲခူးတိုင်းတွင် စစ်ပဋိပက္ခကြောင့် ငါးနှစ်အတွင်း အရပ်သား ၁,၄၀၀ ကျော် သေဆုံးခဲ့
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီးတွင် အာဏာစသိမ်းသည့်အချိန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့ထိ ငါးနှစ် အတွင်း စစ်ပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား (၁,၄၆၀) ဦးအထိ ရှိလာကြောင်း Data for Myanmar ၏...
စက်သုံးဆီစျေးနှုန်း အဆမတန်မြင့်တက်မှုကြောင့် ဖားအံမြို့ခံများ၏ နေ့စဉ်ဘဝ ကျပ်တည်းလာ
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖားအံတွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းနှင့် ဆီဆိုင်များတွင် ဝယ်ယူရန် ခက်ခဲလာခြင်းတို့ကြောင့် ဆိုင်ကယ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုသူများနှင့် ရုံးဝန်ထမ်းများ နေ့စဉ်လူမှုဘဝအတွက် သွားရေးလာရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း မြို့ခံများထံမှ သိရသည်။
လက်ရှိတွင် စက်သုံးဆီဆိုင်အချို့၌ မော်တော်ယာဉ်နံပါတ် စုံ/မ...
မြဝတီတွင် စစ်အုပ်စု ပြည်သူ့စစ်အဖွဲ့နှင့် DKBA အဖွဲ့တို့ကြား ပစ်ခတ်မှုဖြစ်ပွား၊ DKBA တပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ
မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ စစ်အုပ်စု အုပ်ချုပ်ရေးရုံးရှိ ပြည်သူ့စစ်အဖွဲ့များနှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့တို့အကြား ယမန်နေ့ မတ်လ ၁၀ ရက် ညပိုင်းက နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး...














