Home Authors Posts by KIC News

KIC News

22508 POSTS 0 COMMENTS

ကော့ကရိတ် ရှိ ခလရ ၉၇ လက်နက်ကြီးပစ်ခတ်မှုကြောင့် အင်ဥရှာသည့် ဒေသခံများ ထိခိုက်သေဆုံး

ဇွန်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတန်ကူးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တောင်ယာကွင်းအတွင်း အင်ဥရှာပြန်လာသည့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ဒေသခံရွာသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။ ယမန်နေ့ ဇွန်လ ၆ရက်နေ့တွင် ကော့ကရိတ်မြို့တောင်ပိုင်းရှိ...

စစ်ကောင်စီစာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ်ထကျောင်းမှ ကျောင်းသူ/သားများကို လက်မခံ

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ စာသင်ကျောင်းအချို့တွင် ကိုယ်ထူကိုယ် ထကျောင်းမှ တစ်ဆင့်ပြောင်းရွှေ့လာသည့် ကျောင်းသူ/ကျောင်းသားများကို လက်မခံကြကြောင်း ကျောင်းသားမိဘနှင့် ကျောင်းဆရာ/မများထံမှ သိရသည်။ ကိုယ်ထူကိုယ်ထကျောင်းမှထွက်သည့် ကျောင်းသူကျောင်းသားများသည် တရားမဝင် သည့်ကျောင်းမှ လာသည်ဆိုပြီး စစ်ကောင်စီ လက်အောက်ခံစာသင်ကျောင်းအချို့က လက်မခံကြသလို လက်ခံသည့်...

နတ်သံကွင်းဆေးရုံနှင့် လူနေအိမ်အချို့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုခံရ၊ ဒေသခံ တစ်သောင်းကျော်ရှောင်တိမ်းနေ

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ နတ်သံ ကွင်းမြို့အတွင်းသို့ ယနေ့နံနက်ပိုင်းက စစ်ကောင်စီမှ‌ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ဆေးရုံနှင့် လူနေအိမ်အချို့ထိခိုက် ပျက်စီးပြီး ဒေသခံတစ်သောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း မြေပြင်သတင်းအရင်းအမြစ်များမှ သိရသည်။ ယနေ့မနက် လေးနာရီဝန်းကျင်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့်...

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံးထိခိုက်ပျက်စီး

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့တောင်ပိုင်း‌ရှိ ဆံဖလားကျေးရွာတွင် ယမန်နေ့ည ၁ နာရီ ၅၀ မိနစ်အချိန်က စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သောကြောင့် ကျေးရွာစာသင်ကျောင်းနှင့် လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ အမည်မဖော်လိုသူ ရွာသားတစ်ဦးက "ညက...

ကုန်ဈေးနှုန်းနှင့်ပစ္စည်းသယ်ယူရေးစရိတ်ကြောင့် နယ်စပ်ဒေသရှိ ဈေးဆိုင်ပိုင်ရှင်များ ဆိုင်လည်ပတ်မှု ခက်ခဲလာ

ဇွန်လ ၆ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ထိစပ်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင် ရှိ နယ်စပ်ကျေးရွာများတွင် တစ်နိုင်တစ်ပိုင်အားဖြင့် ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင်ပိုင် ရှင်များသည် ယခင်ထက် ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုန်စရိတ်များကြောင့် ဆိုင်လည်ပတ်ရာတွင် အခက်အခဲများတွေ့ကြုံလာရကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်...

စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့များထောင်ထားသော မိုင်းများ နင်းမိ၍ နွားများထိခိုက်ဒဏ်ရ

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကော့ကရိတ်မြို့အနီး ကျေးရွာများရှိ ဒေသခံပြည်သူခြံဝင်းများတွင် စစ်‌ကောင်စီတပ်နှင့် ၎င်းတို့လက်အောက်ခံနယ်ခြားစောင့်တပ်-BGF အဖွဲ့တို့ ထောင်ထားသော မြေမြှုပ်မိုင်းများနင်းမိ၍ ယခုရက်ပိုင်းအတွင်း ဒေသခံများ၏ အိမ်မွေးနွားများ ထိခိုက်ဒဏ်ရာရရှိမှုများလာသည်ဟု သိရသည်။ ကော့ကရိတ်မြို့အနီးရှိ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသော နယ်ခြားစောင့်တပ်(BGF)နှင့် ကော့ကရိတ်မြို့အနီး စစ်ကောင်စီတပ်များသည်...

ရွှေကုက္ကိုလ်နှင့် အင်ကြင်းမြိုင်ဒေသ ၂ ခုကို ပေးသည့် လျှပ်စစ်ဓာတ်အားလိုင်း ထိုင်းဖြတ်တောက်

ဇွန်လ ၆ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ မြဝတီမြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသနှင့် မြဝတီမြို့တောင်ဘက်ပိုင်းရှိ အင်ကြင်းမြိုင်ဒေသတို့ကို သွယ်တန်းပေးဝေနေသည့် ထိုင်းနိုင်ငံက လျှပ်စစ်မီးများကို ဇွန်လ ၅ ရက်နေ့ ညသန်းခေါင် အချိန်တွင် ဖြတ်တောက်လိုက်ပြီးဖြစ်ကြောင်း ရွှေကုက္ကိုလ်ဒေသခံရွာသားတစ်ဦးက အတည်ပြုပြောဆိုသည်။ အဆိုပါ ဒေသ ၂ ခုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ လျှပ်စစ်မီးလိုင်း...

တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအကြား ရာသီတုပ်ကွေးအဖြစ်များနေ

ဇွန်လ ၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအကြားတွင် ရာသီတုပ်ကွေး အဖြစ်များနေကြောင်း ၎င်းစစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်။ မိုးတွင်းကာလ ကျရောက်လာသည့်အတွက် ပြီးခဲ့သည့် မေလလယ်မှစတင်၍ စစ်ဘေးရှောင် ပြည်သူများ အကြားတွင် ရာသီတုပ်ကွေးများ စတင်ဖြစ်ပေါ်လာနေပြီး ကူးစက်ဖြစ်ပွားသူဦးရေများပြား လာသော ကြောင့် ဆေးဝါးပစ္စည်း...
Donate