Home Authors Posts by KIC News

KIC News

22007 POSTS 0 COMMENTS

စစ်ရာဇဝတ်မှုကျူးလွန်သည့် ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုအပေါ် KNU တပ်မဟာ ၅ ကန့်ကွက်ရှုတ်ချ

ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ဧပြီလ ၁၁ ရက်နေ့က ပြည်သူလူထုအပေါ် စစ် ရာဇဝတ်မှု ကျူးလွန်သည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ ၅ က ကန့်ကွန်ရှုတ်ချကြောင်း ဧပြီလ...

KNU အသွင်ယူ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရမိခဲ့

ဧပြီလ ၁၈ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းရှိ မဲကနယ်ကျေးရွာအတွင်းသို့ ယနေ့ ဧပြီလ(၁၈)ရက်နံနက် ၆ နာရီအချိန်တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ယူနီဖောင်းဝတ် အသွင်ယူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကို ကော်ဘရာစစ်ကြောင်း (၂ )၊ Venom Column စစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ...

ကျေးရွာတွင်း ပစ်ခတ်မှုများကြောင့် ဒေသခံရာချီ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရ

ဧပြီလ ၁၈ ရက်၊ ၂၀၂၃ ခုနှစ်။ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ ဆိပ်ဖူးကျေးရွာတွင် စစ်ကောင်စီ လက်အောက်ခံပျူစောထီးအဖွဲ့နှင့် ကော့သောင်းမြို့အခြေစိုက် ဒေသခံပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းနေထိုင်သူ ဒေသခံ ရာချီနီးစပ်ရာ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်ဟုသိရသည်။ ခမောက်ကြီးမြို့၊ ဆိပ်ဖူးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနှင့် ဒုခေါင်းဆောင်...

ကရင်ပြည်နယ် တောင်ကလေးအကျဥ်းထောင်မှ အကျဉ်းသား ၈၃ ဦးပြန်လွတ်၊ နိုင်ငံရေးအကျဉ်းသား ၂ ဦး သာပါဝင်

ဧပြီလ ၁၈ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် အကျဉ်းစခန်း အသီးသီးမှ အကျဉ်းသူ၊ အကျဉ်းသားများ (၃,၀၁၅) ဦး လွှတ်ပေးရာတွင် ကရင်ပြည်နယ်တောင်ကလေး အကျဥ်းထောင်မှ နိုင်ငံခြားသားအကျဥ်းသားအပါအဝင် ၈၃ ဦးခန့်လွတ်မြောက်ခဲ့သည်ဟု သိရှိရသည်။ အဆိုပါ ပြန်လည်လွတ်မြောက်လာသူ ၈၃...

ကျိုက်ကော်ရဲစခန်း ဝင်ရောက်ပစ်ခတ်မှုတွင် ၆ ဦးသေဆုံးခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြော

ဧပြီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်ရှိ ကျိုက်ကော်(သိမ်ဆိပ်)ရဲစခန်းကို ယနေ့ ဧပြီလ ၁၇ရက်နေ့ နံနက်တွင် ဝင်ရောက်ပစ်ခတ်မှု ပြုလုပ်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ ယနေ့နံနက် ၁၀နာရီ ၁၅မိနစ်တွင် သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က...

BPLA (၂)နှစ်ပြည့် KNLA ဒုတိယစစ်ဦးစီးချုပ် သဝဏ်လွှာပေးပို့

ဧပြီလ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ ယနေ့ ဧပြီလ (၁၇)ရက်နေ့တွင် ကျရောက်သည့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်-BPLA၏ ဖွဲ့စည်းတည်ထောင်ခြင်း (၂)နှစ်ပြည့် အခမ်းအနားသို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ သဝဏ်လွှာပေးပို့ခဲ့သည်။ KNLA ဒုတိယစစ်ဦးစီးချုပ်၏ သဝဏ်လွှာထဲတွင် အခက်အခဲအကြပ်အတည်းများကြား၌ ယုံကြည် ချက်ဖြင့် အနာဂတ်အတွက်...

ပိတောက်‌တွေနီစေ သင်္ကြန်မြေ ခေါင်းစဉ်ဖြင့် ထားဝယ်ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီ လှုပ်ရှားမှုပြုလုပ်

ဧပြီလ ၁၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှုကော်မတီမှ သင်္ကြန်အတွင်း လောင်းလုံမြို့နယ်တွင် ပိတောက်တွေနီစေ သင်္ကြန်မြေ ခေါင်းစဉ်ဖြင့် နှစ်ရက်တာအကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြောင်း လောင်းလုံမြို့နယ်ဒေသခံများက ပြောသည်။ အဆိုပါ လှုပ်ရှားမှုအစီအစဉ်ကို ဧပြီလ ၁၅ရက်(မဟာသင်္ကြန်အကြတ်နေ့)နှင့် ဧပြီလ ၁၆ရက် (မဟာသင်္ကြန် အတက်နေ့)တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု...

သင်္ကြန်ကာလအတွင်း မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ထိပါးမှုများရှိနေ

ဧပြီလ ၁၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ် ကျေးနယ်ဒေသဘက်ရှိ သင်္ကြန်မဏ္ဍပ်များတွင် ရေကစားကြသော အရက်သေစာ သောက်စားသူများသည် မဏ္ဍပ်ရှေ့ကို ရောက်ရှိလာသော မိန်းကလေးများ၏ ခန္ဓာကိုယ်အား ထိပါးခြင်း၊ မဖွယ်မရာကိုင်တွယ်ခြင်းစသည့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ပြုလုပ်လေ့ရှိသည်ဟု ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ ဆိုယ်ကယ်စီးရင်းပေါင်နှင့်တင်ပါးတိုကို ကိုင်တွယ်ခံရသူ အမျိုးသမီးတစ်ဦးက...

ရွှေကုက္ကိုလ်က ပေးသော သင်ခန်းစာ

ရွှေကုက္ကိုလ်က ပေးသော သင်ခန်းစာ မောင်ကျော်စွာ (၂၀၂၃ခုနှစ်၊ ဧပြီလ ၁၇ရက်) ကံမကောင်း၊ အကြောင်းမလှမှုဟာ တစ်ကိုယ်တည်း၊ တစ်ယောက်တည်း မလာတတ်။ အပေါင်းအဖော်တွေနဲ့ လာတတ်တယ်လို့ ပြောလေ့ဆိုလေ့ရှိကြ ပါတယ်။ ထို့အတူပါပဲ လောင်းကစားမှုဟာလည်း သူ့ရဲ့ခွဲခြားလို့မရတဲ့ မိုက်ဖော်ဆိုးဖက်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ဖြန့်ဖြူးမှု၊ အကျင့် ပျက်လာဘ်စားမှု၊ လက်နက်ကိုင်အကြမ်းဖက်မှု စတဲ့ တသီတတန်းတည်းသော...
Donate