KIC News
တောင်ငူ-သံတောင်လမ်းတွင် စစ်ကောင်စီက စစ်ဆေးရေးများပိုမိုတင်းကြပ်ထားပြီး အဖမ်းအဆီးများရှိနေ
မေလ(၂)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့ တောင်ငူ-သံတောင်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ဂိတ်စခန်းများတွင် ပြီးခဲ့သည့်အပတ်မှစ၍ ဆိုင်ကယ်များကို တားမြစ်စစ်ဆေးခြင်း၊ အရပ်သားပြည်သူများ၏ဖုန်းများကို စစ်ဆေးရှာဖွေခြင်းများ ပိုမိုလုပ်ဆောင်နေပြီး ဖမ်းဆီးခံရမှုများရှိနေကြောင်း သံတောင်မြို့ခံများက ပြောသည်။
သံတောင်(၁၃)မိုင်တွင် ပြီးခဲ့သည့် ဧပြီလ(၂၅)ရက်နေ့ညပိုင်းက နေရပ်ပြန်လာသောစစ်ဘေးရှောင်များတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များပါလာကြသည်ဟု စစ်ကောင်စီကစွပ်စွဲပြောဆို၍ မြို့တွင်းသို့ လက်နက်ကြီးများဖြင့်...
စစ်ကောင်စီတပ်အခြေချရာ နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် KRF သတိပေးထုတ်ပြန်ထား
မေလ (၂)ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဒေသခံပြည်သူများအနေဖြင့် ယခုမေလမှစ၍ စစ်ကောင်စီတပ်၏ လက် အောက်ခံ အဖွဲ့အစည်းများ တည်ရှိရာ နေရာများတွင် နေထိုင်သွားလာခြင်းမပြုကြရန် ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က ယမန်နေ့တွင် သတိပေး ထုတ်ပြန်ထားသည်။
ကျိုက်ထိုမြို့နယ်တွင် တော်လှန်ရေးအင်အားစုအဖွဲ့များဘက်က စစ်ရေးအရှိန်အဟုန် တိုးမြှင့်လုပ်ဆောင်...














