KIC News
ဖားအံတောင်ကလေး အကျဥ်းထောင်မှ နိုင်ငံရေး ပုဒ်မ ၅၀၅(က)ဖြင့် ၉ ဦး ပြန်လွှတ်
မေလ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီက အကျဥ်းထောင်များမှ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နှင့် အကျဥ်းကျခံနေရသူ ၊ အချုပ် ကျခံနေရသူ အကျဥ်းသား ၂,၁၅၃ ဦးကို ကဆုန်လပြည့်နေ့ အထိမ်းအမှတ်ဟုဆိုကာ လွတ်ငြိမ်းသက် သာခွင့်ပေးရာတွင် ကရင်ပြည်နယ် ဖားအံမြို့ တောင်ကလေး အကျဥ်းထောင်မှ...
ညမထွက်ရန် စစ်တပ်၏ ခေါ်ယူသတိပေးမှုကြောင့် စျေးသည်များ အခက်ကြုံ
မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် စစ်ကောင်စီက ညမထွက်ရန် ဒေသခံများကို ခေါ်ယူ သတိ ပေးမှုကြောင့် နေ့စဉ်ဈေးရောင်းအသက်မွေးဝမ်းကျောင်းပြုနေရသည့် ဒေသခံစျေးသည်များ စျေးထွက်ရန် အခက်တွေ့နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ၂၈ရက်နေ့တွင် စစ်ကောင်စီတပ်က ပုလောမြို့တော်ခန်းမ၌ ဒေသခံများကို အစည်း အဝေးတစ်ရပ်...
၈ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံတွင် လွတ်လပ်သောမြန်မာမီဒီယာကိုယ်စားပြု ယန္တရားတစ်ခုဖွဲ့စည်းရန် သဘောတူညီခဲ့
မေလ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
နိုင်ငံတကာမြန်မာသတင်းအဖွဲ့(BNI)မှ ကြီးမှူးကျင်းပသည့် (၈)ကြိမ်မြောက် တိုင်းရင်းသားမီဒီ ယာညီလာခံတွင် လွတ်လပ်သောမြန်မာမီဒီယာကို ကိုယ်စားပြုမည့်ယန္တရား (Independent Self-Regulatory Body) တစ်ခုဖွဲ့စည်းရန် တက်ရောက်လာသော မီဒီယာကိုယ်စားလှယ်အသီးသီးက သဘောတူညီခဲ့ကြကြောင်း ညီလာခံအပြီး ယနေ့ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
အဆိုပါ ညီလာခံကို “ဖက်ဒရယ်မြန်မာနိုင်ငံသို့...
ဖားအံမြို့ခံ ပြည်သူများ လျှပ်စစ်မီးဖြန့်ဝေမှု အချိန်သတ်မှတ်ချက်အတိုင်း ပုံမှန်မရရှိ
မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုမေလမှစ၍ လျှပ်စစ်မီးကို အကန့်သတ်ဖြင့် စတင် ဖြန့်ဝေပေးသွားမည်ဟု ကြေညာထားသော်လည် လျှပ်စစ်မီးပုံမှန် မရရှိသောကြောင့် မြို့တွင်းနေထိုင်သူများအနေဖြင့် အခက်ကြုံနေကြရကြောင်း မြို့ခံများက ပြောသည်။
ဖားအံမြို့တွင် မေလ ၁ ရက်နေ့မှ စတင်ပြီး လျှပ်စစ်မီးကို...
KNU ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူး ၃ ဦးနှင့် ဗဟိုတရားသူကြီးချုပ်တို့ကို ရွေးကောက်တင်မြောက်မှုပြီးစီး
မေလ ၃ ရက်။ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ (၁၇) ကြိမ်မြောက် ဗဟိုကွန်ဂရက်၏ ရွေးကောက်ပွဲမှ ကြီး (၅) ကြီးရွေးချယ်မှုတွင် ယမန်နေ့ မေလ ၂ရက်နေ့က ပဒိုစောကွယ်ထူးဝင်းဥက္ကဋ္ဌ ဖြစ်လာပြီးနောက် ကျန်ကြီး (၄)ဖြစ်သော ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး ၃...
ထန်းတပင်တွင် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးခဲ့
မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဘုမ္မတီး၊ သရက်တန်းနှင့် ကျွဲလမ်း ကျေးရွာတို့အား ယမန်နေ့ မေလ(၂)ရက်နေ့ညနေက စစ်ကောင်စီ၏ တောင်ငူ လေတပ်စခန်းမှ တိုက်လေယာဥ်နှစ်စင်းဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသမီး ၂ ဦးအပါအဝင် ဒေသခံ(၃) ဦးသေဆုံးခဲ့ကြောင်း...
ရာဇဝတ်မှုများမလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့် နာမည်ထွက်သောခေါင်းဆောင်အချို့ကို စစ်ဆေးအရေးယူမည်ဟု KNU ပြော
မေလ ၃ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ရာဇဝတ်မှုများ မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်ဆက်နွယ်မှုရှိသည်ဆိုပြီး နာမည်ထွက်သော ကေအဲန်ယူခေါင်းဆောင်တချို့ကို ယခုကျင်းပနေသော (၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်၏ အသစ်ပြန်လည်ရွေးကောက်တင်မြောက်လာသည့် ခေါင်းဆောင်များမှ ဆက်လက်ထိန်းသိမ်းကြပ်မတ် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း KNU က ပြောဆိုလိုက်သည်။
လူ့အခွင့်အရေးချိုးဖောက်မှုများရှိသည့် တရားမဝင်မြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်မှုရှိသော ခေါင်း...
ဝေါမြို့နယ်တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ အရပ်သား ၃၀ ကျော်အထိရှိလာ
မေလ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်ရှိ ညောင်ခါးရှည်နယ်မြေရဲစခန်းအား ဧပြီလ(၂၇)ရက် နေ့က ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်ပစ်ခတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံ (၂၀)ဦး ဖမ်းဆီးခံလိုက်ရပြီးနောက် လက်ရှိအချိန်တွင် ထပ်မံဖမ်းဆီးခံရသူများရှိလာပြီး စုစုပေါင်း ဖမ်းဆီးခံရသူ (၃၀)ဦးကျော် ရှိနေပြီဖြစ်ကြောင်း ဝေါမြို့နယ် ပြည်သူ့...
၁၀ ဦးမြောက် KNU ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း ဖြစ်လာ
မေလ ၂ ရက်။ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၏ (၁၇) ကြိမ်မြောက် ဗဟိုကွန်ဂရက်ရွေးကောက်ပွဲကို ယနေ့ မေလ ၂ ရက်နေ့တွင် ဆက်လက်ကျင်းပရာ (၁၀)ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးကောက်တင်မြောက်လိုက်ကြောင်း သိရသည်။
(၁၇) ကြိမ်မြောက် ကေအဲန်ယူကွန်ဂရက်ကို ပြီးခဲ့သည့် ဧပြီလ ၂၄ရက်နေ့မှစ၍...
လှိုင်းဘွဲမြို့နယ်တွင် မီတာ စာရွက်များမဟုတ်သည့် ငွေဖြတ်ပိုင်းများဖြင့် မီတာခကို အဆမတန်ကောက်ခံနေ
မေလ ၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊လှိုင်းဘွဲမြိုနယ်အတွင်းရှိ သပုထိုကျေးရွာတွင် မီတာခများကို မီတာစာရွက်မဟုတ်သည့် ငွေဖြတ် ပိုင်းများဖြင့် မီတာခများ ကောက်ခံနေပြီး သတ်မှတ် သုံးစွဲ ယူနစ်များ မပါဘဲ ကုန်ကျမှု အဆမတန် ပေးဆောင် နေရသည်ဟု ဒေသခံ ပြည်သူများထံ မှသိရသည်။
သပုထိုရွာတွင်...














