KIC News
ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်းတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ
ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ(၆)နယ်မြေရှိ ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း တွင် ယနေ့အချိန်ထိ စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ကျိုက်ဒုံမြို့ရှိ ဒေသခံများက ပြောသည်။
ထိုနယ်မြေသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးအင်အားစုများသည် ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း ၁၉မိုင်တွင် ယမန်နေ့က...
ထီလုံ-နဘူးလမ်းပေါ်ရှိ ဆောက်လုပ်ပြီးတံတားများအနီးမှ လယ်ကွင်းများ စပါးစိုက်ပျိုးမရဖြစ်နေ
ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ပိုင်ကျုံမြို့နယ်အတွင်းရှိ ထီလုံ-နဘူးလမ်းမပေါ်တွင် ၂၀၂၁မှ ၂၀၂၃ခုနှစ် တံတားဆောက်လုပ်ရေးစီမံကိန်းအနီးရှိ လယ် ကွင်းများထဲတွင် ဆောက်လုပ်ရေး၌ အသုံးပြုထားခဲ့သည့် မြေကြီး၊ ဘိလပ်မြေနှင့် ကျောက်စရစ်ခဲများကြောင့် လယ်ပိုင် ရှင်များမှာ လယ်မြေထဲတွင် မိုးစပါးစိုက်ပျိုး၍မရဘဲ အခက်အခဲဖြစ်နေကြသည်။
စစ်ကောင်စီ၏ နယ်စပ်ဒေသနှင့် တိုင်းရင်းသားဖွံ့ဖြိုးရေးဦးစီးဌာန(နတလ)၏ အစီအစဉ်ဖြင့် အဆိုပါဒေသတွင်...
ကွမ်းရွက်ဈေးကောင်းသော်လည်း နယ်မြေမအေးချမ်း၍ စိုက်ပျိုးတောင်သူများ ဆုံးရှုံးမှုများနေ
ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်အတွင်းရှိ ကွမ်းရွက်ခြံ စိုက်ပျိုးသူများသည် ယခုနှစ်တွင် ကွမ်းရွက်များ ဈေးကောင်းရရှိသော်လည်း နယ်မြေမအေးချမ်းမှုကြောင့် သွားလာရေးခက်ခဲသဖြင့် ရောင်းဝယ်ဖောက်ကားမှု မရှိဘဲ ဆုံးရှုံးမှုများနေကြောင်း ကွမ်း ရွက်ခြံ စိုက်ပျိုးသူများက ပြောသည်။
ကွမ်းရွက်စိမ်းဈေးနှုန်းသည် ယမန်နှစ်ကထက် ဈေးကောင်းရနေသော်လည်း စိုက်ပျိုးချိန်တွင် အပင်ပြုပြင်စရိတ်၊ ဓာတ် မြေဩဇာစရိတ်...
တောင်ကြာအင်းရွာလမ်းဖျက်ဆီးခံရပြီးနောက် ဒေသထွက်ဒူးရင်းသီးများ ခက်ခဲစွာ သယ်ယူရောင်းဝယ်နေရ
ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့နယ်ရှိ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းကို စစ်ကောင်စီဘက်က လမ်းဖျက်ဆီးကာ သွားလာရေးပိတ်လိုက်ပြီးနောက် မိုးတွင်းကာလ ဒေသထွက်ဒူးရင်းသီးများကို သယ်ယူရောင်းဝယ်ရ ခက်ခဲလာသည်ဟု ဒူးရင်းသီးရောင်းဝယ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က အဆိုပါလမ်းကြောင်းပေါ်ရှိ တောင်ကြာအင်းကျေးရွာလမ်းကို စစ်ကောင်စီတပ်မှ ဖျက် ဆီးလိုက်သည့်အတွက် ယခုလို...
သံလွင်တံတား စစ်ဆေးရေးအဖွဲ့က သွားလာနေသည့် ဒေသခံများကို ခြိမ်းခြောက်စစ်ဆေးမှု ပြုလုပ်လာ
ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့အထွက်ရှိ သံလွင်တံတား လုံခြုံရေးစောင့်ကြပ်သည့် စစ်ကောင်စီ၏ စစ်ဆေးရေးအဖွဲ့သည် တံတားဖြတ်သန်း ကာ နေ့စဥ် သွားလာနေကြသည့် ဒေသခံပြည်သူများအပေါ် ယခုလအတွင်း ခြိမ်းခြောက်စစ်ဆေးလာမှုများကြောင့် ကျေးရွာများမှ ဖားအံမြို့ဘက်သို့ သွားလာရေးမှာ ပိုခက်ခဲလာကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဒေသခံများက ပြော သည်။
ဇွန်လနှင့် ဇူလိုင်လအတွင်း...












