Hay Htoo
ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်းတွင် ငွေကြေးကောက်ခံဂိတ်များလာ
ဇူလိုင် ၁၈ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကိုးတိုင်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် ယခုနှစ် ၂၀၂၂ နှစ်ဆန်းပိုင်းမှ စ တင်၍ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်- BGF ပူးပေါင်းတပ်ဖွဲ့အပါအဝင် ဒေသခံတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့မှ ငွေကြေးကောက်ခံသည့်ဂိတ်တိုးမြှင့်ချထားမှုများလာသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံလူထုများအကြပ်အတည်းရှိသည့်ကာလတွင် ယခုလိုငွေကြေးကောက်ခံသည့် ဂိတ်များလာသည့်အတွက် လက်လုပ်လက်စား...
ကော့ကရိတ်တောင်ခြေ အာရှလမ်းသစ်တွင် ရေဆင်းခပ်သည့် စစ်ကောင်စီတပ်သား ပစ်ခတ်ခံရ၍ ဒဏ်ရာရမှုရှိ
ဇူလိုင်လ ၁၇ရက်၊ ၂၀၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်တောင်ခြေ၊ အာရှလမ်းသစ် တစ်တန်နေရာ၌ ယမန်နေ့ ဇူလိုင်လ ၁၆ရက်နေ့ နံနက် ၆နာရီ ဝန်းကျင်တွင် ရေဆင်းခပ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရ၍ ထိခိုက်ဒဏ်ရာမှုရှိကြောင်း သိရသည်။
ကော့ကရိတ်တောင်ခြေ၊ တစ်တန်တွင် တပ်စွဲထားသော စစ်ကောင်စီများ ရေခပ်ဆင်းလာချိန် KNLA ပူးပေါင်းတပ်ဖွဲ့နှင့်...
ခလရ(၉၇) ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ တပ်ဝင်းထဲရောက် ဘဏ်ဝန်ထမ်းတစ်ဦးဒဏ်ရာရ
ဇူလိုင်လ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၉၇)ကို ဇူလိုင်လ ၁၅ရက်၊ ယနေ့မနက်တွင် ဒရုန်း (မောင်းသူမဲ့ယာဉ်)ဖြင့်တိုက်ခိုက်ခံရပြီး ထိုတပ်ဝင်းသို့ ဘဏ်ငွေများသွားထုတ်ယူနေသည့် မြန်မာ့စီးပွားရေးဘဏ်ဝန် ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံပြည်သူများထံမှ သိရသည်။
ယနေ့မနက် ၉နာရီဝန်းကျင်အချိန်တွင် မြန်မာ့စီးပွားရေးဘဏ်မှ ဘဏ်ဝန်ထမ်းများက ကော့ကရိတ်မြို့တွင်းရှိ ခလရ (၉၇)တပ်တွင်းသို့...
ကျောက်ကြီးတွင် စစ်ကောင်စီ ရိုက်နှက်ဖမ်းဆီးသွားသည့် ကရင်လူငယ် (၂၃)ဦး ပြန်မလွတ်သေး
ဇူလိုင်လ ၁၅ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃) ကျောက်ကြီးမြို့နယ်တွင် ကရင်လူငယ် (၂၃)ဦးကို စစ်ကောင်စီတပ်မှ ဖမ်းဆီးရိုက်နှက်ကာ ညှင်းပန်းနှိပ်စက်မှုများပြုလုပ်ပြီး ယနေ့ ဇူလိုင်လ (၁၅)ရက်နေ့အထိ ပြန်လည် လွတ်ပေးခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
နယ်မြေခံ ကရင်လူမှုရေးရာအဖွဲ့ဝင်တစ်ဦးက “အခုထိ အဲဒီလူငယ် ၂၃ယောက်ကို ပြန်လွတ်ပေးတာမရှိဘူး။...















