Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကော်သူးလေတပ်မတော် ဖွဲ့စည်းကြောင်း KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြ ကြေညာချက်ထုတ်

ဇူလိုင်လ ၁၉ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကော်သူးလေတပ်မတော်(Kaw Thoo Lei Army) ကို ဖွဲ့စည်းလိုက်ကြောင်း KNU က တာဝန်နှင့် ရာထူး ထုတ်ပယ်ခံ ထားရသည့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးဘိုမြက ဇူလိုင် လ ၁၉ရက်၊ ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ KNDO အနေဖြင့်...

တောင်ပျောက်တိုက်နယ်အတွင်း စစ်ဘေးရှောင်များအတွက် ဆန်နှင့်စားနပ်ရိက္ခာဝယ်ယူရန် ခက်ခဲ

ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်အတွင်းရှိ ကျေးရွာ (၁၀)ရွာမှ စစ်ဘေး ရှောင် (၆,၀၀၀) ကျော်အတွက် စားနပ်ရိက္ခာဝယ်ယူနိုင်ရေး အခက်အခဲရှိနေပြီး ရိက္ခာပြတ်တောက်နိုင်သည့် အခြေအနေမှာရှိနေကြောင်း ၎င်းစစ်ဘေးရှောင်များကို အနီးကပ်ကူညီပေးသူများထံမှ သိရသည်။ သရက်ချောင်းမြို့၊ တောင်ပျောက်တိုက်နယ်အတွင်းကို ယခုဇူလိုင်လ ၃ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက...

စစ်အုပ်စုအပေါ် ပိုမိုအားကောင်းသည့် စီးပွားရေးနှင့် သံတမန်ရေး ဖိအားများ တိုးမြှင့်ရန်နှင့် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေး အစီအစဉ်များကို ရပ်ဆိုင်းရန် KPSN...

ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဂျပန်အစိုးရ အပါအဝင် နိုင်ငံတကာအနေဖြင့် အာဏာသိမ်းစစ်အုပ်စုအပေါ် ပိုမိုအားကောင်းသည့် စီးပွားရေးနှင့် သံတမန်ရေးဖိအားများကို တိုးမြှင့်ပြီး ဂျပန်နိုင်ငံ၏ ဒေသတွင်းဖွံ့ဖြိုးရေး အစီအစဉ်များကို ရပ်ဆိုင်းသွားရန် ကရင် ငြိမ်းချမ်းရေးအထောက်အကူပြု ကွန်ရက်-KPSN က ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင်...

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် တောင်ကြာအင်းဒေသခံ (၃) ဦးဒဏ်ရာရ

ဇူလိုင် ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တောင်ကြာအင်းစံပြကျေးရွာတွင် ယမန်နေ့ ဇူလိုင်လ (၁၈)ရက်နေ့ ညတွင် စစ်ကောင်စီတပ်က ကျေးရွာထဲသို့ လက်နက်ကြီးနှင့်လှမ်းပစ်ခတ်သောကြောင့် ဒေသခံ (၃)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသခံထံမှ သိရသည်။ ယမန်နေ့ည(၁၀)နာရီခွဲတွင် တစ်ကြိမ်နှင့် ည(၁)နာရီတွင်တစ်ကြိမ် စစ်ကောင်စီတပ်မှ...

MoU စနစ်ဖြင့် ထိုင်းဘက်သွားရောက်လုပ်ကိုင်ရာတွင် လိမ်လည်ခံရသည့် ဖြစ်စဉ် များတစ်နေ့တခြားများပြားလာ

ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာ MoU အလုပ်သမား ပို့ဆောင်လုပ်ကိုင်စေရေး အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ ဘက်သို့ မြန်မာအလုပ်သမား ပို့ဆောင်စေလွှတ်နေသည့် ကုမ္ပဏီအချို့နှင့် အလုပ်ပွဲ စားများမှ လိမ်လည်ပို့ဆောင်သည့်ဖြစ်စဉ်များ တစ်နေ့တခြား ပိုမို များပြားလာ နေကြောင်း MOU စနစ်ဖြင့်...

ထုံးဘိုလေးရွာ စစ်ရှောင်များအား သွားရောက်ကူညီရာတွင် ထွေအုပ်ရုံးထောက်ခံချက်ပါမှသာ သွားခွင့်ရ

ဇူလိုင် ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ(၁)နယ်မြေ) သထုံမြို့နယ် ထုံးဘိုလေး (ကော်ကျာသဲ)ကျေးရွာတွင် နေရပ်ပြန်လည်နေထိုင်သည့် စစ်ဘေးရှောင်များအတွက် အကူအညီသွားပေးမည့် အလှူရှင်များအနေဖြင့် ထွေအုပ်ခွင့်ပြုချက်ထောက်ခံစာပါရှိမှသာ စစ်ကောင်စီတပ်က သွားခွင့်ပြုသည်ဟု သိရသည်။ ထုံးဘိုလေးကျေးရွာတွင် နေအိမ်မီးရှို့ခံရသည့် နေရပ်ပြန် စစ်ဘေးရှောင်ပြည်သူများအား သွားရောက်အကူအညီ ပေးသည့်အခါတွင်...

ဖားအံမြို့တွင် စစ်ကောင်စီတပ်မှ စောင့်ကြည့်ကင်မရာ (CCTV)များကို တပ်ဆင်မှုများပြုလုပ်နေ

ဇူလိုင်လ ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် ယခုလ ဇူလိုင်(၁၁)ရက်နေ့မှစပြီး စစ်ကောင်စီတပ်နှင့် စီစီတီဗီကျွမ်းကျင်သူများက မြို့တွင်းရှိ မီးပွိုင့်လမ်းဆုံနှင့် လူသွားလူလာများသည့်နေရာများတွင် စောင့်ကြည့်ကင်မရာ(CCTV) များကို တပ်ဆင် မှု များပြုလုပ်လာကြောင်း မြို့ခံများက ပြောသည်။ ဖားအံမြို့၏ လမ်းဆုံလမ်းခွမီးပွိုင့်များနှင့် အထင်ကရ...

မြဝတီမြို့တွင် တရားမဝင်ငွေစက္ကူအတုများကို အွန်လိုင်းပေါ်ရောင်းချဖြန့်ဖြူးမှုများကြောင့် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူများ အခက်အခဲဖြစ်နေ

ဇူလိုင် ၁၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တွင် တရားမဝင် ငွေစက္ကူအတုများကို အွန်လိုင်းမှတဆင့် ရောင်းချဖြန့်ဖြူး နေမှုများကြောင့် တစ်နိုင်တစ်ပိုင် ငွေလွှဲလုပ်ငန်းများ လုပ်ကိုင်သူများအတွက် ယုံကြည်မှုလျော့နည်းခံရသည့် အခက်အခဲများ ကြုံလာနေကြရကြောင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။ လက်ရှိ နယ်စပ်မြို့တွင် တရားမဝင် ငွေစက္ကူအတုများကို ရိုက်နှိပ်ကာ...
Donate