Hay Htoo
အာရှလမ်းသစ် မြေပြိုမှုဖြစ်နေသည့် နေရာအနီး တိုက်ပွဲဖြစ်နေသည့်အတွက် ခရီးသွားကားများ လမ်းပိတ် စောင်ဆိုင်းနေရ
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးလမ်းပိုင်း တောင်ပြိုမှုဖြစ်နေသည့်နေရာ မိုင်တိုင်အမှတ်(149.5)km (တောနော် ရေတံခွန်အနီး)တွင် စစ်ကောင်စီတပ်များနှင့် စစ်အာဏာရှင်ဆန့်ကျင်သည့် တော်လှန်ရေး အဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ခရီးသွားကားများ၊ ကုန်စည်ကားများလမ်းပိတ်မိနေကြောင်း သိရှိရသည်။
ဩဂုတ်လ(၁၁)ရက်နေ့ နံနက် ၁၀ နာရီခွဲက မိုးသည်းထန်စွာရွာသွန်းမှုကြောင့်...
ဖလူး-ဝေါလေ ဒေသ စစ်ဘေးရှောင်များ သောင်ရင်းမြစ်တောင်ကျရေလွှမ်းမှုကြောင့် နေထိုင်ရေးအခက်အခဲကြုံ နေရ
ဩဂုတ်လ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ် မုလအိ၊ မုလအ တောင်တန်းများမှ စီးဆင်းလာသည့် တောင်ကျရေ သောင်ရင်းမြစ်အတွင်း တိုး၀င် စီးဆင်းလာသည့်အတွက် မြစ်ကမ်းဘေးယာယီ နေထိုင်စစ်ဘေးရှောင် နေရသူများနေထိုင်ရေး အခက်အခဲများကြုံ တွေ့နေကြရကြောင်း သိရှိရသည်။
"မိုးကနေ့တိုင်းရွာတယ်။ အခုဆို...
ကျေးလက်ကရင်ပြည်သူများ သောက်ရေသန့်ရရှိရန် စွမ်းဆောင်ပေးသူ ၂၀၂၁ ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆုရရှိ
ဩဂုတ် ၁၁ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
၂၀၂၁ ခုနှစ်အတွက် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်း၏ လူငယ်ခေါင်းဆောင်ဆုကို နယ်စပ်ဒေသနှင့် ဒုက္ခသည်စခန်းများရှိ ပြည်သူလူထုများ သန့်ရှင်းသောရေရရှိရေး စွမ်းဆောင်ပေးသူ စောသေးဂေမှုအား ပေးအပ်ချီးမြှင့်ကြောင်း ဖန်းရှောင်ဒေးရှင်းမှ ယနေ့ ဩဂုတ်လ (၁၁)ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
စောသေးဂေမူးသည်...
ဘဦးရဲ့ လူ
ဘဦးရဲ့ လူ
ရာသီဥတုတွေ ဂဏှာမငြိမ်ဘူး
မိုးတိမ်တွေက ပျာယာခတ်လို့
ကုန်စျေးနှုန်းတွေ ကမောက်ကမနဲ့
တောကြောင်တို့ လက်ခမောင်းခတ်ချိန်မှာ
တောတောင်လျှိုမြောင်ကြားက တို့အမျိုးများ
ဘယ်လိုနေ ဘယ်လိုစား
ဘယ်လိုသွားလို့ ဘယ်လိုတွေအိပ်ရပါ့။
ဗြဟ္မစိုရ်တရား လက်ကိုင်ထားဖို့
မြတ်ဘုရားက မိန့်မြွက်တယ်
နားပင်းများက နာတော့နာတယ်
နာတယ် ကျဉ်တယ်
နာတယ် ဖယ်တယ်
နာကြားမှု အမှတ်မှား
နာနာကျဉ်ကျဉ် လူ့ဗာလများ။
လူ့ဗာလတစ်သိုက်
၀သီစရိုက်
အမိုက်မှောင်ခဲ့တာကြောင့်
လူနေစရိုက်လည်း
ငှက်ပျောစိုက်သလို
အခုထိ မိုက်တွင်းက နက်နေဆဲ။
ဖြူစင်မှုကို အရောင်သုတ်
ရိုးသားမှုကို ဝေဝါးအောင်လုပ်
သိပ်ဟုတ်ပြီတော့ မထင်နဲ့
ဒါ …
ဝဋ်ကြွေးမဟုတ်ဘူး
တမင်တကာ နှိမ်တာ
ဘလိုင်း...
စစ်ကြောင်းစွန့်ခွာ ထွက်ပြေးပါက ပစ်သတ်ရန် အမိန့်ပေးထားသည့်အကြားမှပင် CDM လုပ်ပြီး KNU ထံ ခိုလှုံလာခဲ့ကြောင်း တပ်ကြပ်ကြီးဆို
ဩဂုတ် ၁၀ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီတောင်ဘက် ဖလူး-ဝေါလေ ၃ ထပ်ကွေ့လမ်းပိုင်းနေရာတွင် စစ်ကြောင်းထိုး တိုက်ခိုက်နေသည့် တပ်မ ၄၄ လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့များအနေဖြင့် စစ်ကြောင်းစွန့်ခွာ ထွက်ပြေးပါက ပစ်သတ်ရန် အမိန့်ပေးထားသည့်အကြားမှပင် CDM (အာဏာဖီဆန်မှု)ပြုလုပ်ပြီး KNU-ကရင်အမျိုးသားအစည်းအရုံးထံ ခိုလှုံလာခဲ့ရကြောင်း စစ်ကောင်စီတပ်ကြပ်ကြီးက ပြောသည်။
၃...
စစ်ကောင်စီတပ်နှင့် BGF တပ်ဖွဲ့ဝင်များ မြိုင်ကြီးငူဒေသဘက်သို့ အင်အားထပ်မံတိုးချဲ့လာ၍ ဒေသခံရွာသားများ စိုးရိမ်မှုမြင့်တက်နေ
ဩဂုတ်လ ၁၀ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသဘက်သို့ စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်များက ယမန်နေ့သြဂုတ်လ (၉) ရက်နေ့တွင် နောင်ကမြိုင်လမ်းပိုင်းတစ်လျှောက်မှ မြိုင်ကြီးငူဘက်ကို တပ်အင်အား (၁၀၀) ခန့်ဖြင့် ထပ်မံအင်အား ဖြည့်တင်းလာမှုကြောင့် ၎င်းလမ်းပိုင်းတစ်လျှောက်ရှိ ဒေသခံရွာသားများစိုးရိမ်မှု မြင့်တက် လျက်ရှိနေသည် ဟု...
ထောင်ချောက် – သတ်ကွင်း – ထွက်ပေါက် (သို့မဟုတ်) ၂၀၀၈ အခြေခံဥပဒေ – (NCA)စာချုပ် –...
ထောင်ချောက် - သတ်ကွင်း - ထွက်ပေါက်
(သို့မဟုတ်)
၂၀၀၈ အခြေခံဥပဒေ - (NCA)စာချုပ် - ၂၀၂၃ ရွေးကောက်ပွဲ
မောင်ကျော်စွာ
(၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၁၀ရက်)
ယခုဆောင်းပါးမှာတော့ အကြမ်းဖက် (စကစ) စစ်အုပ်စုနဲ့ သွားရောက်ဆွေးနွေးခဲ့ကြတဲ့ လူမျိုးစုအဖွဲ့အစည်း ၁၀ဖွဲ့နဲ့သက်ဆိုင်တာကို ရရှိထားတဲ့...















