Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

မိနန်းအပ်ရွာတွင် စစ်ကောင်စီတပ်နှင့် KNLA ပစ်ခတ်မှုဖြစ်ပွားပြီး ဒေသခံတစ်ဦးထိခိုက်ဒဏ်ရာရ

စက်တင်ဘာ ၄ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ နယ်မြေ)၊ ကော့ကရိတ်မြို့နယ် (ကျိုက်ဒုံမြို့နယ်ခွဲ)ရှိ မိနန်းအပ်ကျေးရွာထဲတွင် ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၄နာရီဝန်းကျင်ခန့်တွင် စစ် ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ကြား ပစ်ခတ်မှုဖြစ်ပွားပြီး...

ပေါင်မြို့မရဲစခန်းကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဝင်ရောက်ပစ်ခတ်

စက်တင်ဘာ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ မွန်ပြည်နယ် ပေါင်မြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ စက်တင်ဘာလ(၃) ရက်နေ့ ည (၆)နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။ ပေါင်မြို့ မင်းလမ်းမလမ်းရှိ စစ်ကောင်စီ၏ မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က...

စစ်တပ်နှင့်ရဲများကို လစဉ်ကြေးပေးကာ BGF အဖွဲ့ လောင်းကစားဝိုင်းများပြုလုပ်နေ

စက်တင်ဘာ ၃ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် တာပေါင်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ရဲများကို လစဉ်ကြေးပေးဆောင်ကာ နယ်ခြားစောင့်တပ်(BGF) အမှတ် (၁၀၁၅)တပ်ရင်းက ယခုနှစ် ဇွန်လမှစ၍ လောင်းကစားဝိုင်းများ ပြုလုပ်နေကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။ ဗိုလ်မှူးဝင်းနိုင်စိန် လက်အောက်မှ BGF တပ်ဖွဲ့ဝင်များက လောင်းကစားများဖြစ်သည့် ကာစီနို၊ ငါးပစ်ဂိမ်း...

ဖားအံမြို့အတွင်း ခိုးဆိုးလုနှိုက်မှုဖြစ်စဉ်များ ပိုမိုများပြားလာ

စက်တင်ဘာ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် လတ်တလော ဓားပြတိုက်မှု၊ ဆိုင်ကယ်ခိုးမှု၊ လုယက်မှုနှင့် ခါးပိုက်နှိုက်မှုဖြစ်စဉ်များ တစ်ရက်ထက်တစ်ရက် ပိုမိုများပြားလာ၍ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝလုံခြုံရေးအတွက် စိုးရိမ်လာကြရသည်ဟု မြို့ခံများက ပြောဆိုကြသည်။ ဖားအံမြို့ နှစ်ထပ်စျေးတွင် စျေးသွားဝယ်နေချိန် ခါးပိုက်နှိုက်ခံထားရသူနှင့်နီးစပ်သူတစ်ဦးက ဤကိစ္စမျိုးဖြစ်စဉ်များကြောင့်...

ထားဝယ်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးမှုများနှင့် အကြမ်းဖက်လုပ်ရပ်များပိုမို ပြုလုပ်လာ

စက်တင်ဘာလ ၂ရက်၊ ၂၀၂၂ ခုနှစ်၊၊ကေအိုင်စီ။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်တွင် ရပ်ကွက်နေအိမ်များအပေါ် စစ်ကောင်စီမှဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာပြီး ဧည့်စာရင်းစစ်ဆေးမှုအပြီး နေအိမ်တွင်းပစ္စည်းများ ပျောက်ဆုံးခြင်း၊ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းနှင့် ဖမ်းဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို ပိုမိုပြုလုပ်လာကြောင်း မြို့ပေါ် သတင်းအရင်းအမြစ်များထံမှ သိရသည်၊၊ ထားဝယ်မြို့ပေါ်တွင် ပြီးခဲ့သည့် ဩဂုတ်လမှစတင်ပြီး ယခုလစက်တင်ဘာလအထိ စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည်...

ထိုင်းဘတ်ငွေစျေးမြင့်တက်နေမှုကြောင့် စျေးရောင်းစျေး၀ယ်လုပ်ဆောင်ရာတွင် မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကိုသာ ပြောင်းလဲသုံးစွဲလာနေ

စက်တင်ဘာ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ဘက်တွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် နယ်စပ်ထိုင်းဘတ်ငွေစျေးမြင့်တက်လာနေမှုကြောင့် ဒေသအတွင်း စားသောက်ကုန်များ ရောင်း၀ယ်ကြရာတွင် မြန်မာကျပ်ငွေဖြင့်ရောင်း၀ယ်ခြင်းအစား ထိုင်းဘတ်ငွေဖြင့်ရောင်း၀ယ်ခြင်းကိုသာ ပြောင်းလဲရောင်း၀ယ်မှုများ ပြုလုပ်လာနေရကြောင်း မြ၀တီ ဒေသခံများပြောစကားအရ သိရသည်။ မြဝတီဒေသခံတစ်ဦးက "မြ၀တီ ရပ်ကွက်စျေးဆိုင်တွေတောင် ထိုင်းဘတ်ငွေနဲ့ပဲ စျေးရောင်းကြတော့တယ်။...
Donate