Hay Htoo
ဝေါလေ-ဆုံဆည်းမြိုင်လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် စစ်ကောင်စီလေယာဉ် ဗုံးကြဲလာမည့်အရေး စိုးရိမ်ပူပန်နေရ
စက်တင်ဘာ ၇ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြ၀တီမြို့တောင်ဘက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်နှင့် တောင်နီ (လေးဝေါ်)ကျေးရွာ ဒေသတောင်ပေါ်လမ်းပိုင်းတွင်
ယမန်နေ့ စက်တင်ဘာလ ၆ရက်ညနေပိုင်းမှ ယနေ့ စက်တင်ဘာလ ၇ရက်နေ့ နံနက်ပိုင်းအထိ စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီလေကြောင်းမှ တိုက်ခိုက်ဗုံးကြီးကြဲချလာမည်ကို...
သာယာဝတီထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခံရသည့် ဖားအံထောင်၊ နိုင်ကျဉ်းများ ညှင်းပမ်းနှိပ် စက်ခံနေရ
စက်တင်ဘာ ၇ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့၊ တောင်ကလေးအကျဉ်းထောင်မှတဆင့် ပဲခူးတိုင်း အနောက်ခြမ်းရှိ သာယာဝတီအကျဉ်း ထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားလူငယ်များမှာ ထောင်အာဏာပိုင်များ၏ ညှင်းပန်းနှိပ် စက်မှုကို ခံနေကြရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အကျဉ်းသားတစ်ဦးနှင့် နီးစပ်သူများက စက်တင်ဘာ ၆ရက်၊ ယမန်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
စစ်တပ်၏...
ဖားအံမြို့တွင်းနှင့် လူပြတ်သည့် မြို့ပြင်လမ်းများတွင် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ အဖြစ်များလာ
စက်တင်ဘာလ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင်းနှင့် မြို့အနီးဝန်းကျင် လူသွားလူလာ ပြတ်တောက်သည့် လမ်းများပေါ်တွင် ခရီးသွား ပြည်သူများကို ပုံစံမျိုးစုံဖြင့် အသွင်ယူအုပ်စုဖွဲ့ လုယက်မှုများ၊ အနုကြမ်းစီးမှုများ ယခင် ဩဂုတ်လမှစ၍ ပိုမိုအဖြစ်များလာကြောင်း မြို့ခံလူထုများက ပြောသည်။
ယမန်နေ့ စက်တင်ဘာလ ၆ ရက်နေ့...
ရဲနှင့်အုပ်ချုပ်ရေးမှူး ထောက်ခံစာပေးရန် တောင်းခံသဖြင့် အခြားအရပ်ဒေသမှ ရွှေ့ပြောင်းလာသူများ အခက်ကြုံ
စက်တင်ဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ဖားအံမြို့နယ်တွင် အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများမှ လာရောက်ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် မိမိတို့ဇာတိဒေသမှ ရဲနှင့်အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာလာပေးရန် စစ်ကောင်စီ ကျေးရွာအုပ်ချုပ်ရေးမှူးက တောင်းခံလာသဖြင့် အခက်အခဲကြုံတွေ့နေရသည်ဟု သိရှိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်နေ့တွင် ဖားအံမြို့နယ် ဖအွန်ရွာ၊ ဖားကပ်နှင့် မိန်းမလှကျွန်းကျေးနယ်...
မြဝတီမြို့တွင် ဆေးဝါးဈေးနှုန်းများ မြှင့်တက်မှုနှင့် ဆေးဝါးပြတ်လပ်မှုများ ကြုံနေရ
စက်တင်ဘာလ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဆေးဝါးများ ယခင်ကထက် ဈေးနှုန်းများ မြှင့်တက်လာမှုနှင့် ဆေးဝါး ပြတ်လပ်မှုများရှိလာခြင်းကြောင့် ဆေးမှီဝဲသုံးစွဲနေရသူများအနေဖြင့် အခက်အခဲများ ကြုံတွေ့လာနေရကြောင်း မြို့ခံများက ပြောသည်။
နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့တွင် ယခင်လ ဩဂုတ်လမှစ၍ ဆေးဝါးဈေးနှုန်းများသည် သိသိသာသာမြှင့် တက်...
KNU တပ်မဟာ ၅ တွင် ဩဂုတ်လအတွင်း စစ်ကောင်စီနှင့် BGF တပ်သား ၈၄ ဦးသေဆုံး
စက်တင်ဘာ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ(၅) နယ်မြေထဲတွင် ပြီးခဲ့သည့် ဩ ဂုတ်လတစ်လအတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် (၈၄)ဦးသေဆုံးပြီး (၄၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့ စက်တင်ဘာလ...
BGF နှင့် စစ်ကောင်စီတို့ မှားယွင်းပစ်ခတ်မှုဖြစ်၊ လက်နက်ကြီးကြောင့် လူနေအိမ်နှင့် နွား ၈ကောင် ထိခိုက်သေဆုံး
စက်တင်ဘာ ၆ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့၊ အာရှလမ်းမပေါ်တွင် နယ်ခြားစောင့်တပ်(BGF)နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၅ရက်၊ ညနေ ၆နာရီ ၁၅မိနစ်အချိန်၌ အချင်းချင်း မှားယွင်းပစ်ခတ်မှုကြောင့် ကော့နွဲကျေးရွာရှိ နေအိမ်နှင့် နွားများ ထိခိုက်သေဆုံးကြောင်း ရွာခံများထံမှ သိရသည်။
ဒေါနလင်းနှင့် ကော့နွဲတံတားနှစ်နေရာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့မှ...















