Hay Htoo
အလုပ်သမားမှတ်ပုံတင်ပြုလုပ်ချိန် သက်တမ်းကုန်ဆုံးပြီ
ဇူလိုင်လ ၁၄ရက်။ ကေအိုင်စီ
ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ထိုင်းအလုပ်သမားမှတ်ပုံတင် (work permit) ပြုလုပ်နေသည်မှာ ယနေ့ ဇူလိုင် လ ၁၄ရက်နေ့တွင် နောက်ဆုံးရက်အဖြစ် သက်တမ်းကုန်ဆုံးသွားပြီ ဖြစ်သည်။
“ကျနော်တို့မှာက မနေ့ကတည်းက လုပ်ပေးဖို့ လက်မခံတော့တာ ဖုန်းဆက်ပြီး မေးလာတဲ့ အလုပ်သမားတွေကတော့ အများကြီး ရှိနေဆဲပဲ။ ဒါပေမယ့်...
ထိတ်လန့်ကြောက်ရွံ့မှုကြောင့် ကြိတ်ရွာသားများ အလုပ်အကိုင်ပျက်နေ
ဇူလိုင်လ ၁၁ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကြိတ်ကျေးရွာတွင် အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ပစ်ခတ်မှုများ မကြာ ခဏ ဖြစ်ပွားသောကြောင့် ယခုအချိန်တွင် ရွာသားများသည် ထိတ်လန့်ကြောက်ရွံ့ကြပြီး အလုပ်အကိုင်လည်း ပျက်ရသည်ဟု ရွာ သားများက ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များသည် ပြီးခဲ့သည့်...
မြဝတီဗုံးပေါက်မှု ထိခိုက်သူ မရှိ
ဇူလိုင် ၁၁ရက်။ ကေအိုင်စီ
မြဝတီမြို့၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး အနောက်ဘက်တွင် ယမန်နေ့ည မြန်မာစံတော်ချိန် ၈နာရီကျော်တွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့ရာ ထိခိုက်သေကြေမှု မရှိကြောင်း သိရသည်။
မြို့ခံတစ်ဦးက “ဗုံးပေါက်တဲ့အသံကတော့ အတော်ကျယ်တယ်။ နေရာက ကြံ့ခိုင်ရေးရုံးအနောက်ဘက်က မြောင်းထဲမှာ ပေါက် တာ။ ဘယ်သူ့ကိုမှ ထိခိုက်သွားတာ မရှိပါဘူး။”ဟု ဆိုသည်။
ထိုပေါက်ကွဲမှုကြောင့် နယ်မြေခံရဲများက...
ကရင်ပြည်နယ်အတွင်း မြို့တွင်းတိုက်ပွဲဖြစ်မည်ကို လူထုစိုးရိမ်
ဇူလိုင်လ ၈ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကရင်နယ်ခြားစောင့်တပ်နှင့် မြန်မာစစ်တပ် များ ပဋိပက္ခဖြစ်ပွားမှုကြောင့် ယခုအချိန်တွင် လှိုင်းဘွဲ၊ ဖားအံနှင့် ကော့ကရိတ်မြို့များ၌ လုံခြုံရေးများ ချထားလျှက်ရှိသဖြင့် မြို့တွင်းတိုက်ပွဲဖြစ်ပွားမည်ကို လူထုအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု သိရသည်။
ကရင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် ဘားအံမြို့တွင် နေထိုင်သော အစိုးရဝန်ထမ်းများသည်...
မြို့ပြတိုက်ပွဲနှင့် ငြိမ်းချမ်းရေး
အယ်ဒီတာ့အာဘော်
နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေး ဆိုသည့်ဆောင်ပုဒ်ပါ လက်တွေ့ အကောင်အ ထည်ဖော်ဆောင်မှုမှာ ဗမာပြည်နှင့် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးအတွက် ယခုအချိန်ထိ ပေါ်ထွန်းလာခြင်း မရှိ သေး။ မဆလ၊ နဝတ၊ နအဖ ခေတ်အဆက်ဆက်သော စစ်အစိုးရလက်ထက် နိုင်ငံရေးပြဿနာကို စစ်ရေးအရ ဖြေရှင်းလာမှု...
ဖိနပ်စက်ရုံအလုပ်သမား ၂,၀၀၀ကျော် လုပ်အားခအတွက် ဆန္ဒပြ
ဇူလိုင်လ ၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၏ တစ်ဖက်ရှိ ထိုင်းဘက်ခြမ်းမှ ဖိနပ်စက်ရုံတရုံ၌ ယနေ့မွန်းလွဲပိုင်းတွင် အလုပ်သမား ၂,၀၀၀ကျော်က ၎င်းတို့၏ လုပ်အားခအတွက် တောင်းဆိုရာမှ ဆန္ဒပြမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယနေ့မွန်းလွဲ ၂နာရီအချိန်တွင် ဘုရားသုံးဆူမြို့ နယ်စပ်ဂိတ်နှင့်ကပ်လျှက် ဘာစီနီဖိနပ်စက်ရုံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား...
ဂျပန်သို့ တတိယနိုင်ငံ အစီအစဉ် ကရင်ဒုက္ခသည် ၅ဝဦး ထပ်မံ လျှောက်ထား
ဇူလိုင်လ ၇ရက်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်း တွင် တတိယနိုင်ငံ ခိုလှုံသည့် အစီအစဉ်ဖြင့် ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ရန် ပြီးခဲ့သည့် ဇွန်လ ၁ရက်နေ့က ဒုက္ခသည် ၅ဝဦး UN ရုံးသို့ ထပ်မံ သွားရောက်လျှောက်ထားခဲ့သည်ဟု သိရှိရသည်။
အဆိုပါ လူဦးရေ ၅ဝအနက် ဂျပန်နိုင်ငံသို့...
ယာယီမြန်မာနိုင်ငံကူးလက်မှတ် သက်တမ်း ၆နှစ်အထိ တိုးမြှင့်
ဇူလိုင်လ ၇ရက်။ ကေအိုင်စီ
ယာယီ မြန်မာနိုင်ငံကူးလက်မှတ် ထပ်လျှောက်ထားသူများ ယခင်သက်တမ်း သုံးနှစ် ပြုလုပ်ပေးနေမည့်အစား ၂၀၁၁ခုနှစ်၊ ဇူလိုင် လ ၁ရက်နေ့မှစပြီး အသစ်ပြုလုပ်သူများ သက်တမ်း ၆နှစ်အထိ တိုးမြှင့် ပြုလုပ်ပေးကြောင်း သိရသည်။
“ဇူလိုင်လ ၁ ရက်နေ့ကစပြီး လုပ်တဲ့လူတွေကတော့ သက်တမ်း ၆နှစ်အထိ ရတယ်။...
မြဝတီရှိ BGF တပ်ဖွဲ့အား KNLA ဝင်ရောက်ပစ်ခတ်၊ ၃ဦး ထိခိုက် ဒဏ်ရာရ
ဇူလိုင်လ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မယ့်ပလယ်တိုဂွင်တွင် လှုပ်ရှားသည့် နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့အား ယမန်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၇) တပ်ဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့ရာ BGF တပ်ဖွဲ့ဝင် ၃ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မြဝတီမြို့၏ မြောက်ဘက်...
တိုင်းရင်းသားပါတီ အပါအဝင် ကြံ့ဖွံ့ပါတီမှ လူငယ်များ ဂျပန် သွားမည်
ဇူလိုင်လ ၄ရက်။ ကေအိုင်စီ
ဂျပန်ခရီးစဉ်အတွက် သွားရောက်လေ့လာမည့် နိုင်ငံရေးပါတီ ၅ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့မှ ကိုယ် စားလှယ်များ ကြိုတင်ပြင်ဆင်မှုများ လုပ်နေကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ဖိတ်ကြားချက်ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ...





