Hay Htoo
ဘုရားသုံးဆူရှိ ဒီကေဘီအေတပ်ဖွဲ့များ လက်နက်ချရန် တောင်းဆိုခံရ
နိုဝင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)တပ်ဖွဲ့ဝင်များအား လက်နက်အပ်နှံရန် အစိုးရစစ်တပ်၏ တောင်းဆိုခြင်းခံခဲ့ရသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်းက ဘုရားသုံးဆူမြို့ရှိ အစိုးရစစ်တပ် ခလရ(၂၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအောင်ဝင်းခိုင်က ဘုရားသုံးဆူ ဒေသတွင်...
သမ္မတကြီးဆီ တိုင်ပါရစေ
မေသကြင်္န်ဟိန်း (မြစ်မခ)။ နိုဝင်ဘာလ ၁၁၊ ရန်ကုန်မြို့။
ဒီနေ့ဟာ တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တယ်။ ရုံးပိတ်ရက်လည်း ဖြစ်တဲ့အတွက် ကျမအတွက်တော့ မိသားစုအားလုံး တစုတ စည်းထဲ ရှိခွင့်ရတဲ့နေ့တနေ့ ဖြစ်ပါတယ်။
နေ့လည် ၁၂ နာရီလောက်မှာ မိသားစု ထမင်းစားနေတုန်း ကျမလက်ကိုင်ဖုန်းမြည်လာခဲ့တယ်။
ဖုန်းနံပတ်တွေကို ကြည့်လိုက်တော့ ကျမတို့မြင်နေကြ နာမည်တွေ မဟုတ်ပါဘူး။...
KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော် မတီကို ဖွဲ့လိုက်ပြီ
နိုဝင်ဘာလ ၁၁ရက်။ (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေးကိစ္စများ ဆွေးနွေးရန်အတွက် ကရင်အမျိုးသားအစည်းအရုံး(KNU)က ငြိမ်းချမ်းရေးဖော်ဆောင် ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကေအိုင်စီက စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၈ရက်နေ့မှ ၁၁ရက်နေ့အထိ ပြုလုပ်ခဲ့သည့် KNU ၏ အရေးပေါ် အစည်းအဝေးတွင် အဖွဲ့ဝင် ၇ဦးပါသည့် အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
အဆိုပါကော်မတီတွင်...
ကရင်မိန်းကလေးငယ်တဦး၏ ဘဝသရုပ်ဖော်မှတ်တမ်းရုပ်ရှင် ဩစတြေးလျားတွင် ပြသခဲ့
နိုဝင်ဘာလ ၁၁ရက်။ နန်းသူးလေ (ကေအိုင်စီ)
ကရင်မိန်းကလေးငယ်တဦး၏ ဘဝဖြတ်သန်းမှုနှင့် တွေ့ကြုံခံစားချက်များကို ပုံဖော်ထားသည့် (Burmese Dreaming) အမည်ရှိ မှတ်တမ်းရုပ်ရှင်ဇာတ်ကားတခုကို ဩစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့လယ်ရှိ Event ရုပ်ရှင်ရုံတွင် နိုဝင်ဘာလ ၉ရက်နေ့က ရုံတင်ပြသခဲ့သည်။
မှတ်တမ်းရုပ်ရှင်တွင် ဇာတ်ကောင် နော်စေးစေးလား၏ အသက် ၅နှစ်အရွယ်က ဘဝဖြတ်သန်းမှုကို အခြေခံကာ...
ရွာတွင်းဝင်သည့် အစိုးရစစ်တပ် လူသတ်၊ ပစ္စည်းသိမ်းယူခဲ့
နိုဝင်ဘာလ ၁ဝရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ခလယ့်ဒေးစခန်းအခြေစိုက် မြန်မာအစိုးရ စစ်တပ် စကခ(၁၂)လက်အောက်ခံ ခမရ(၂၃၀) တပ်ရင်းသည် ပြီးခဲ့သည့်အပတ်က ထိုဒေသရှိ ရွာသူကြီးတဦးကို ပစ်သတ်ကာ အရပ်သားပိုင် ပစ္စည်းများကိုလည်း အဓမ္မသိမ်း ယူမှုများ ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီးသန်းထိုက်စိုး ဦးဆောင်သည့် အဆိုပါတပ်ရင်းသည် ပြီးခဲ့သည့် အောက်တိုဘာလ...
မြန်မာအစိုးရစစ်တပ် ခမရ (၂၃၀)တပ်ရင်း၏လူ့အခွင့်အရေးချိုးဖောက်မှုများ
မြန်မာအစိုးရစစ်တပ် ခမရ (၂၃၀)တပ်ရင်း၏လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်း -
DKBA လူထုအစည်း အဝေး ပြုလုပ်မည်
နိုဝင်ဘာလ ၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ဖလူးဒေသရှိ တာအုထာ့နေရာတွင် ဗိုလ်မှူးချုပ်စောလားပွယ် ဦးစီးသည့် တိုးတက်သောဗုဒ္ဓဘာ သာ ကရင်အမျိုးသားတပ်မတော် (DKBA)က မနက်ဖြန် ၁ဝနာရီ၌ လူထုအစည်းအဝေးတရပ် ပြုလုပ်မည်ဖြစ်ကြောင်း DKBA ဘက်မှ ပြောသည်။
ထိုအစည်းအဝေးအတွက် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံနှင့် ဖလူးဒေသရှိ ရွာပေါင်း...
နေရပ်ပြန် ရေဘေးဒုက္ခသည်များ အား မြန်မာရဲများ ငွေညစ်
နိုဝင်ဘာလ ၈ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ရေကြီးမှုကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းကြောင်းဘက်သို့ ပြန်လာကြသည့်
ရေဘေး ဒုက္ခသည်မြန်မာအလုပ်သမားများသည် ဘုရားသုံးဆူမြို့ရှိ မြန်မာရဲများကငွေညှစ်တောင်းယူမှုများနှင့် ကြုံတွေ့နေရသည်ဟု ရေဘေးဒုက္ခသည်များက ပြောသည်။
ဘန်ကောက်မြို့မှ ဘုရားသုံးဆူမြို့သို့ ပြန်လာကြသည့် ရာနှင့်ချီသည့် အဆိုပါ အလုပ်သမားများမှာ ယခင်အပတ်မှစ၍ ယခုအ ချိန်ထိ...
အမျိုးသမီးများအတွက် တရားမျှတမှုကို WLB ဆောင်ကြဉ်းစေလို
နိုဝင်ဘာလ ၈ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)မှ စစ်ရာဇဝတ်မှုနှင့် လူသားဖြစ်မှုကို ဆန့်ကျင်သော ရာဇဝတ်မှုများအတွက် မြန်မာ စစ်တပ်၏ တာဝန်ခံမှု၊ တာဝန်ရှိမှုကို တောင်းဆိုသည့် “အမျိုးသမီးများအတွက် တရားမျှတမှုကို ဆောင်ကြဉ်းပါ”ဟူသော ဗီဒီ ယိုမှတ်တမ်းခွေကို နိုဝင်ဘာလ ၇ရက်နေ့က ထုတ်ဝေဖြန့်ချိခဲ့သည်။
အဆိုပါမှတ်တမ်းခွေ၏ သတင်းထုတ်ပြန်ချက်တွင်...
ငြိမ်းချမ်းရေးကို လိုလားနေတဲ့ တော်လှန်တပ်ဖွဲ့ပါ
မြန်မာပြည်တွင် အစိုးရသစ်တက်ပြီးနောက်ပိုင်း ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် နိုဝင်ဘာလ ၃ရက်နေ့က အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီခဲ့သည့် DKBA ကလို့ထူးဘောတပ်ဖွဲ့မှ ဗိုလ်မှူးဆန်းအောင်ကို ကရင်သတင်းဌာန (ကေအိုင်စီ)မှ သတင်းထောက် စောသိန်းမြင့်က နိုဝင်ဘာလ ၇ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားချက် ဖြစ်ပါသည်။
KIC - အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး...





