Home တွေ့ဆုံမေးမြန်းခန်း ငြိမ်းချမ်း‌ရေးကို လိုလား‌နေတဲ့ ‌တော်လှန်တပ်ဖွဲ့ပါ

ငြိမ်းချမ်း‌ရေးကို လိုလား‌နေတဲ့ ‌တော်လှန်တပ်ဖွဲ့ပါ

2242

မြန်မာပြည်တွင် အစိုးရသစ်တက်ပြီး‌နောက်ပိုင်း ငြိမ်းချမ်း‌ရေး တည်‌ဆောက်ရန်အတွက် နိုဝင်ဘာလ ၃ရက်‌နေ့က အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး ပဏာမ သ‌ဘောတူညီခဲ့သည့် DKBA ကလို့ထူး‌ဘောတပ်ဖွဲ့မှ ဗိုလ်မှူးဆန်း‌အောင်ကို ကရင်သတင်းဌာန (‌ကေအိုင်စီ)မှ သတင်း‌ထောက် ‌စောသိန်းမြင့်က နိုဝင်ဘာလ ၇ရက်‌နေ့တွင် ဆက်သွယ်‌မေးမြန်းထားချက် ဖြစ်ပါသည်။

KIC – အစိုးရနဲ့ အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူရတဲ့ အ‌ကြောင်းရင်းက ဘာလဲ။
ဗိုလ်မှူးဆန်း‌အောင် – အပစ်အခတ်ရပ်စဲရတဲ့ အ‌ကြောင်းအရင်းက ဒီလိုပါ။ အခုတက်လာတဲ့အစိုးရသစ်က ငြိမ်းချမ်း‌ရေးကို လို လားတယ်ဆိုပြီး‌တော့ ငြိမ်းချမ်း‌ရေးလုပ်ချင်တယ်။ ကျ‌နော်တို့ တိုင်းရင်းသား‌တွေနဲ့ ကျ‌နော်တို့တပ်ဖွဲ့ကို ငြိမ်းချမ်း‌ရေး ကမ်း လှမ်းတယ်။ ကျ‌နော်တို့ မသွားဘူးဆိုလို့ရှိရင် ငြိမ်းချမ်း‌ရေးဆိုတာ ဘယ်‌တော့မှ မရဘူး။ တစ်ဖက်ကလည်း ပြည်သူ‌တွေက ငြိမ်း ချမ်း‌ရေးကို တကယ်တမ်း လိုလား‌နေတယ်။ ဒီလိုစစ်ဖြစ်‌နေတဲ့အ‌ပေါ်မှာ စစ်ကို ရွံတယ်။ မလိုလားဘူး။ ဒီလို စစ်‌ဘေးစစ်ဒဏ် ‌ကြောင့် သူတို့အိုးအိမ်‌တွေကို စွန့်ရတယ်။ ဥယျာဉ်ခြံ‌တွေကို ပစ်ခွာရတယ်။ ရိတ်ချိန်တန်လည်း ‌ကောင်း‌ကောင်းမွန်မွန် မရိတ်ရ ဘူး။ ‌ပြောင်း(‌ပြောင်းဖူး)ဆိုလည်း လွတ်လွတ်လပ်လပ် မချိုးရဘူး။ ကျ‌နော်တို့‌ဒေသက ပြည်သူ‌တွေနဲ့ ကျ‌နော်တို့ အစည်းအ ‌ဝေး ထိုင်‌သေးတယ်။ အခု သူများ(အစိုးရ) ပစ်ခတ်ရပ်စဲ‌ရေး ‌တောင်းတယ်။ ငြိမ်းချမ်း‌ရေး ‌တောင်းတယ်။ လုပ်ရမလား၊ မလုပ်ရ ဘူးလား။ သူတို့နဲ့ တိုင်ပင်ခဲ့တယ်။ သူတို့သ‌ဘောထား‌တွေကို ‌တောင်းဆိုတာရှိတယ်။ သူတို့ကလည်း လုပ်ပါ။ အပစ်အခတ် ရပ်စဲ‌ရေး စစ်မှန်လို့ လက်နက်မအပ်ရဘူးဆိုရင် လုပ်ပါလို့ ကျ‌နော်တို့ကို တိုက်တွန်းတယ်။ ဟိုး နယ်ခြား‌စောင့်တပ် အသွင် ‌ပြောင်းရမယ့် ကိစ္စတုန်းကလည်း သူတို့(ပြည်သူလူထု)နဲ့ တိုင်ပင်ခဲ့ပါ‌သေးတယ်။ နယ်ခြား‌စောင့်တပ် ‌ပြောင်းရမယ်။ လက်မှတ် ထိုးရမယ်။ အဲဒါကို ထိုးရမလား၊ မထိုးရဘူးလား။ သူတို့က ကျ‌နော်တို့ကို ‌ပြောတယ်။ လက်မှတ်မထိုးနဲ့။ နယ်ခြား‌စောင့်တပ် ဖြစ်သွားလို့ရှိ ရင် သူများ‌ကျေးကျွန်ဘဝ ဖြစ်သွားမယ်။ ‌ပြောတာရှိတယ်။ ပြည်သူ‌တွေက ဟိုးပထမ နယ်ခြား‌စောင့်တပ်ကို လက်မှတ်မထိုးဖို့ ‌ပြောတာလည်း ပြည်သူပဲ။ စစ်ဆိုတာ မ‌ကောင်းဘူး။ စစ်‌ဘေးစစ်ဒဏ်‌ကြောင့်၊ စစ်ရဲ့ အနိဋ္ဌာရုံ‌အောက်မှာ ‌နေရတာ လူ‌တွေက လည်း အရမ်း မျက်နှာငယ်တယ်။ ဆင်းရဲတယ်။ အဲဒီအ‌ပေါ်မှာ မူတည်ပြီး‌တော့ သူဘယ်‌လောက်အထိ ‌ပြောင်းလဲမလဲ။ ကျ‌နော် တို့လည်း စစ်‌သွေးကြွတဲ့ စစ်အုပ်စုမဟုတ်ပါဘူး။ တကယ်တမ်း ငြိမ်းချမ်း‌ရေးကို လိုလား‌နေတဲ့ ‌တော်လှန်တပ်ဖွဲ့ပါ။ တိုင်းရင်း သား‌တွေပဲ။ ကျ‌နော်တို့ သက်‌သေပြတဲ့အ‌နေနဲ့ ကျ‌နော်တို့ ငြိမ်းချမ်း‌ရေးလုပ်တယ်။ အပစ်အခတ်ရပ်စဲ‌ရေး ယူတယ်။ ‌လော ‌လောဆယ်‌တော့ လုံ‌လောက်တဲ့ အ‌နေအထား မရှိ‌သေးဘူး‌ပေါ့။ ‌နောက်‌နောင် တဖြည်းဖြည်း ကျ‌နော်တို့ ‌ဒေသဖွံ့ဖြိုး‌ရေးအ တွက်‌တွေ၊ ပြည်သူ‌တွေရဲ့ လိုအပ်ချက်‌တွေကိုလည်း တင်သွားဖို့ ရှိတယ်။

KIC – အရင်က ဒီ‌ကေဘီ‌အေဟာ အစိုးရကို ခုခံ‌တော်လှန်‌နေတဲ့ အဖွဲ့‌တွေဖြစ်ကြတဲ့ ‌ကေအဲန်ယူ၊ ရခိုင်၊ ‌ကျောင်းသားတပ်မ ‌တော် စတဲ့အဖွဲ့‌တွေနဲ့ မဟာမိတ်ဖွဲ့ထားတယ်။ အခု ဒီ‌ကေဘီ‌အေက အပစ်အခပ်ရပ်စဲ ‌ရေးယူလိုက်ပြီးဆို‌တော့ ‌ရှေ့ဆက် သူတို့နဲ့ ဘယ်လိုပူး‌ပေါင်းသွားဖို့ ရှိ‌သေးလဲ။
ဗိုလ်မှူးဆန်း‌အောင် – ဒီလိုပါ။ ခုန‌ပြောတဲ့ မဟာမိတ်တပ်ဖွဲ့အ‌နေနဲ့ ကျ‌နော်တို့နဲ့ ပူး‌ပေါင်းတဲ့ ‌အေဘီရဲ့‌ကျောင်းသား‌သော်လည်း ‌ကောင်း၊ ရခိုင်‌သော်လည်း‌ကောင်း၊ ဇိုမီးတပ်ဖွဲ့‌သော်လည်း‌ကောင်း လာပူး‌ပေါင်းတယ်။ သူတို့လည်း သူတို့ယုံကြည်ချက်နဲ့ လက်နက်ကိုင်ပြီး ‌တော်လှန်တိုက်ခိုက်‌နေတာပဲ။ ကျ‌နော်တို့က သူတို့ကို အဟန့်အတား သွားလုပ်လို့လည်း မရပါဘူး။ သူ့ယုံ ကြည်ချက်နဲ့သူ သွား‌နေတယ်။ ကျ‌နော်တို့က နိုင်ငံ‌တော်နဲ့ အပစ်အခတ်ရပ်စဲ‌ရေး လုပ်တယ်။ မင်းမလုပ်နဲ့။ အဲလိုသွား‌ပြောလို့ လည်း မရဘူး‌လေ။ သူတို့က‌တော့ ကျ‌နော်တို့ မဟာမိတ်အ‌နေနဲ့ သွား‌နေမှာ‌ပေါ့။ ကျ‌နော်တို့လည်း အရင်က ‌သေ‌ဖော်ရှင်ဖက် ဆို‌တော့ သူတို့ကို ရန်သူလိုလည်း ကျ‌နော်တို့ မသတ်မှတ်ပါဘူး။ ဒါ ကျ‌နော်တို့ရဲ့ ညီ‌နောင်‌တွေ။ တချိန်က ကျ‌နော်တို့ရဲ့ ‌တော် လှန်‌ရေး အတူတူ လက်တွဲခဲ့တဲ့သူ‌တွေပဲ။ သူတို့က ကျ‌နော်တို့ကို မလုပ်နဲ့လည်း ‌ပြောလို့ မရပါဘူး။ ရန်သူလိုလည်း ကျ‌နော်တို့ မသတ်မှတ်ပါဘူး။

KIC – ‌နောက်‌နောင်မှာ အကယ်၍များ အစိုးရက ‌ကေအဲန်ယူကို ထိုးစစ်ဆင် တိုက်ခိုက်တဲ့‌နေရာမှာ ဒီ‌ကေဘီ‌အေကို အကူအညီ ‌တောင်းလာလို့ရှိရင် ဒီ‌ကေဘီ‌အေအ‌နေနဲ့ ဘယ်လို ရပ်တည်မလဲ။
ဗိုလ်မှူးဆန်း‌အောင် – ကျ‌နော်တို့ ဒီ‌ကေဘီ‌အေကို မသတ်ဘူး၊ မပစ်ဘူး ဆိုလို့ရှိရင် ကျ‌နော်တို့ တိုက်ဖို့ ‌မျှော်လင့်ချက်မရှိဘူး။ ကျ‌နော်တို့ ပူးတွဲတိုက်ဖို့လည်း ဦးသိန်းစိန်စစ်အစိုးရနဲ့လည်း လက်မှတ်‌ရေးထိုးတာ မရှိပါဘူး။ ဒါ‌ပေမယ့် ကျ‌နော်တို့ကို သစ္စာ ‌ဖောက် အ‌သေရရ အရှင်ရရ တိုက်လာမယ်ဆိုလို့ရှိရင်‌တော့ ကျ‌နော်တို့ကိုယ် ကျ‌နော်တို့ ကာကွယ်ရမယ့် အ‌နေအထား‌တော့ ရှိတာ‌ပေါ့‌နော်။

KIC – ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ ကရင်အသိုင်းအဝိုင်းက ‌ပြောကြတယ်။ ဒီပစ်ခတ်ရပ်စဲမှုဟာ စစ်မှန်တဲ့ အပစ်အခတ် ရပ်စဲမှု မဟုတ်တဲ့အတွက် ‌ရေရှည်ခံမှာ မဟုတ်ဘူးလို့ ‌ပြောကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး‌တော့ ဗိုလ်မှူးတို့အ‌နေနဲ့ သူတို့‌တွေ နားလည် ‌အောင် ဘယ်လို‌ပြောချင်ပါသလဲ။
ဗိုလ်မှူးဆန်း‌အောင် – ဒီလို‌ပေါ့‌လေ။ လူ‌တွေ‌ပြောကြတယ်။ ခုနှစ်ရက်သားသမီး‌တွေကလည်း ကိုယ့်ထမင်းကိုယ်စားပြီး‌တော့ သူများအ‌ကြောင်း‌ပြောမှပဲ ‌ကျေနပ်တယ်။ စစ်မှန်တာ မစစ်မှန်တာ။ ‌ရွှေ‌တောင်မှ စစ်မစစ် ပြဒါးနဲ့ ‌ကျွေးပြီးမှ သိရတာကိုး။ ငြိမ်း ချမ်း‌ရေးဆိုတာ စစ်မှန်လား၊ မစစ်မှန်လားဆိုတဲ့ လုပ်ပြီး‌ပေါင်းပြီးမှပဲ စစ်မှန် မစစ်မှန်ဆိုတာ အ‌ဖြေ‌ပေါ်မှာ‌ပေါ့ဗျာ။ ဒီလိုကြို‌ပြော ပြီး‌တော့ ကြိုပြီး‌ဝေဖန်လို့ မရဘူး။ ကြို‌ပြော ကြို‌ဝေဖန်မယ် ဆိုလို့ရှိရင် သူ့ဘက်ကိုယ့်ဘက် လုပ်‌ဆောင်ရမယ့် ‌ရှေ့လုပ်ငန်းစဉ် ‌တွေ အကုန်လုံး ပျက်ပြယ်သွားမယ်။

KIC – အရင်တုန်းက ‌ကေအဲန်ယူဟာ မိခင်အဖွဲ့အစည်းလို့ ဗိုလ်မှူးတို့က ‌ပြောကြတယ်‌ပေါ့‌နော်။ အခုချိန်မှာ ‌ကေအဲန်ယူက အပစ်အခတ်ရပ်စဲ‌ရေး မလုပ်ဘူး။ ဒီ‌ကေဘီ‌အေက လုပ်သွားတဲ့အ‌ပေါ်မှာ ‌ကေအဲန်ယူကို ဆန့်ကျင်ရာ မ‌ရောက်ဘူးလား။
ဗိုလ်မှူးဆန်း‌အောင် – အဲဒါ ကြည့်တဲ့သူ‌တွေရဲ့ အ‌ပေါ်မှာပဲ မူတည်တယ်။ ဆန့်ကျင်တဲ့ မျက်လုံးနဲ့ကြည့်ရင်‌တော့ ဆန့်ကျင်တယ် လို့ပဲ သူတို့မြင်မယ်။ ငြိမ်းချမ်း‌ရေးဆိုတာ အင်မတန်လိုအပ်တဲ့ မျက်လုံးနဲ့ကြည့်ရင်‌တော့ ဒါသူတို့ အပစ်ခတ်ရပ်စဲ‌ရေးလုပ်တာ ‌ကောင်းတယ်။ ငြိမ်းချမ်း‌ရေးဆိုတာ ‌ကောင်းတယ်။ သူတို့ မြင်မှာပဲ။ အဓိကက ကြည့်တဲ့လူ‌တွေရဲ့ မျက်လုံး‌ပေါ်မှာပဲ မူတည် တယ်‌ပေါ့‌နော်။

KIC – ဒီနှစ် စက်တင်ဘာလတုန်းက ဒီ‌ကေဘီ‌အေကို စနစ်တကျ ပြန်လည် ဖွဲ့စည်းချိန်မှာ ကလို့ထူး‌ဘောဌာနချုပ်‌အောက်က ကလို့ထူးဝါးနဲ့ ကလို့ထူးလားဗျူဟာဆိုပြီး ဖွဲ့စည်းထားတယ်။ အခု အပစ်အခတ် ရပ်စဲ‌ရေးလုပ်တာ ကလို့ထူးဝါး‌ကော၊ ကလို့ထူး လားပါ အကုန်လုံး အကျုံးဝင်ပါလား။
ဗိုလ်မှူးဆန်း‌အောင် – ကလို့ထူး‌ဘောလက်‌အောက်ခံမှာ ကလို့ထူးဝါးနဲ့ ကလို့ထူးဝါး နှစ်ခုရှိတယ်‌နော်။ ကလို့ထူးဝါး၊ ကလို့ထူး လား အကုန်ပါပါတယ်။ ကလို့ထူးဝါးဘက်က တာဝန်ရှိ ပုဂ္ဂိုလ်‌တွေလည်း သွားပြီး ညှိနှိုင်း‌ဆွေး‌နွေးတာ ပါတယ်။ ကလို့ထူးလား ဘက်က တာဝန်ရှိပုဂ္ဂိုလ်‌တွေလည်း ပါတယ်။ အခုလည်း ကျ‌နော်တို့နဲ့ ‌ဆွေး‌နွေးတာ ကလို့ထူးဝါးက ‌ခေါင်း‌ဆောင်‌တွေလည်း ပါ တယ်။ ကလို့ထူးလားက ‌ခေါင်း‌ဆောင်‌တွေလည်း ပါတယ်။ ပြည်တွင်းမှာ ‌ဆွေး‌နွေးတာလည်း ပါတယ်။ အခု ကျ‌နော်တို့ ‌တော တွင်းတစ်‌နေရာမှာ ‌ဆွေး‌နွေးတာလည်း ပါတယ်။

KIC – အခု ကချင်‌ဒေသဘက်မှာ တိုက်ပွဲအ‌ခြေအ‌နေက တစ်ရက်ထက်တစ်ရက် ဆိုးလာသလို လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှု ‌တွေလည်း ဆိုးလာတဲ့အချိန်မှာ ဒီ‌ကေဘီ‌အေက အစိုးရနဲ့ အပစ်အခတ်ရပ်စဲ‌ရေး လုပ်သွားတဲ့အခါကျ‌တော့ မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်‌ရေး ‌ဖော်‌ဆောင်တဲ့‌နေရာမှာ အဟန့်အတား မဖြစ်ဘူးလား။
ဗိုလ်မှူးဆန်း‌အောင် – ဒါက‌တော့ ဒီလုပ်ရပ်က မဆန်းပါဘူး။ ဟိုးအရင်တုန်းကလည်း ဒီလိုပဲ လုပ်‌နေတာဟာ။ ဒါကို အဆန်းလုပ် ပြီး ဆန်းတယ်လို့ ‌ပြောလို့မရပါဘူး။ ဒါ ရိုးရိုး‌လေးပဲ။ အရင်တုန်းက လုပ်တာလည်း သူများ ‌ပြောတာပဲ။ စစ်‌ရေး‌လေ့လာသူ‌တွေ၊ နိုင်ငံ‌ရေး‌လေ့လာသူ‌တွေ‌သော်လည်း‌ကောင်း၊ ပြည်တွင်း‌ရေးရာ ‌လေ့လာသူ‌တွေ‌သော်လည်း‌ကောင်း အရင်ကလည်း ဒီလိုပဲ လုပ်ခဲ့တာပဲ။ ဒါ ဆန်းတယ်လို့ ‌ပြောလို့ မရပါဘူး။

KIC – အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီချက်ထဲမှာ နယ်‌မြေသတ်မှတ်မှုနဲ့ ပတ်သက်ပြီး ယာယီ‌နေထိုင်ရန် သ‌ဘောတူညီ ချက်သာ ‌ဖော်ပြထားတာ ‌တွေ့ရတယ်။ အဲဒီ ယာယီသုံးထားခြင်းရဲ့ အဓိပ္ပါယ်ကို ‌ပြောပြပါလား။
ဗိုလ်မှူးဆန်း‌အောင် – ယာယီဆိုတာက ဒီလိုပါ။ ကျ‌နော်တို့စခန်း ဒီ ၂ခုတည်းရှိတာ။ ကျ‌နော်တို့တပ်နဲ့ ‌လောက်မှမ‌လောက်တာ။ လုံမှ မလုံ‌လောက်ပဲဟာ။ ဒါပဲ ကျ‌နော်တို့ အတည်ပြုလိုက်ပြီဆိုရင် ဒီနှစ်ခုပဲ။ ‌ဟေ့ မင်းတို့ ဒါပဲ လက်မှတ်ထိုးထားတယ်။ ဒီ‌လောက်ပဲ ရမယ်။ ‌နောက်ဆို ဟိုဒင်းလုပ်လို့ မရ‌တော့ဘူးဆိုတာ ဒါလည်း သက်‌သေ သာဓကတစ်ခုပဲ မဟုတ်လား။ ကျ‌နော် တို့ ဒီ‌ကေဘီ‌အေရှိတာ ဒီတစုထဲ။ ဒီဆုံဆည်းမြိုင်နဲ့ မြဝတီနားမှာရှိတာမှ မဟုတ်ဘဲ။ ကျ‌နော်တို့ ဒီ‌ကေဘီ‌အေက တပ်မဟာ(၅)၊ (၁)၊ (၆)၊ (၇) ရှိတယ် မဟုတ်လား။ ဒီ ၂ခုပဲ သွားပြီး‌တော့ အတည်ပြုပြီး လက်မှတ်ထိုးရင် ‌နောက် ပြုပြင်‌ပြောင်းလဲမှုလုပ်ရင် ခက်မယ်‌လေ။

KIC – ‌နောက်ထပ် ‌တွေ့ဆုံ‌ဆွေး‌နွေးဖို့အတွက် မြဝတီမြို့မှာ ယာယီဆက်ဆံ‌ရေးရုံး ဖွင့်ထားမယ်ဆိုပြီး နှစ်ဦးနှစ်ဘက် သ‌ဘော တူ လက်မှတ်‌ရေးထိုးကြတယ်။ ‌နောက်တစ်ကြိမ် ‌တွေ့ဖြစ်မယ်ဆိုလို့ရှိရင် ဘာ‌တွေ တင်ပြ‌ဆွေး‌နွေးဖို့ ကြိုတင်ပြင်ဆင်ထားတာ ရှိပါသလဲ။
ဗိုလ်မှူးဆန်း‌အောင် – ကျ‌နော်တို့တပ်ဖွဲ့‌တွေရဲ့ ‌ရှေ့‌ရေး စားဝတ်‌နေ‌ရေး‌တွေ။ ‌နောက်ပြီး လူထုကို ကျ‌နော်တို့ အလုပ်အ‌ကျွေးပြု ဖို့။ ကျ‌နော်တို့လူထု‌တွေ လိုအပ်‌နေတဲ့ ပညာ‌ရေး‌တွေ၊ ကျန်းမာ‌ရေး‌တွေ ဒါ‌တွေကို ကျ‌နော်တို့က ဆက်ပြီး‌တော့ ‌ဆွေး‌နွေးရမှာ ‌ပေါ့။\

KIC – မြန်မာနိုင်ငံ ငြိမ်းချမ်း‌ရေး ‌ဖော်‌ဆောင်တဲ့‌နေရာမှာ အစိုးရနဲ့အတူ ‌ရှေ့ဆက်ပြီး‌တော့ ဒီ‌ကေဘီ‌အေ ဘယ်အခန်းကဏ္ဍက ‌နေ ဘယ်လို ပူး‌ပေါင်းလုပ်‌ဆောင်သွားဖို့ရှိလဲ။
ဗိုလ်မှူးဆန်း‌အောင် – ဥပမာ နိုင်ငံ‌တော်က ကျ‌နော်တို့ကို ယုံကြည်တယ်။ ဒီပြည်တွင်း အပစ်အခတ် ရပ်စဲ‌ရေးနဲ့ ပတ်သက်ပြီး ‌တော့ ဝိုင်းဝန်းကူညီပါ ဆိုလို့ရှိရင် ကျ‌နော်တို့ ဗိုလ်ချုပ်‌စောလားပွယ်အ‌နေနဲ့ တိုင်းရင်းသား‌တွေနဲ့ ကမ်းလှမ်းမှု‌တွေ၊ ‌တွေ့ဆုံမှု ‌တွေ လုပ်မယ်၊ ‌ပြောမယ် ရှိတယ်‌ပေါ့။ ကိုယ့်အတိုင်းအတာနဲ့ ငါ သွားလုပ်‌ပေးမယ်။ ငါ လုပ်လို့ရမယ်ဆိုတာ လက်ရှိနိုင်ငံ‌တော် က ကိုယ့်ကို မယုံကြည်ဘူး။ မင်းအလုပ်မဟုတ်ဘူး။ သွား‌ပြောလို့ရှိရင် ကိုယ့်လုပ်လို့ရမှာမဟုတ်ဘူး။ ပြည်တွင်းငြိမ်းချမ်း‌ရေးအ တွက်က မင်းတို့မှာ တာဝန်ရှိတယ်။ ဝိုင်းဝန်းပံ့ပိုးဖို့ လိုတယ်။ အဲဒီအမြင်နဲ့ မြင်လို့ရှိရင် ကျ‌နော်တို့လည်း တတ်နိုင်သ‌လောက် တိုင်းရင်းသား‌ခေါင်း‌ဆောင်‌တွေနဲ့ ဝန်းရံ‌ပေးဖို့ ‌ပြော‌ပေးမယ်။ ဒီအပစ်ခတ်ရပ်စဲ‌ရေးနဲ့ ပတ်သက်ပြီး‌တော့ ပံ့ပိုးပြီး‌တော့ တည် ‌ဆောက်မယ်။ ငြိမ်းချမ်း‌ရေး အစစ်အမှန်လုပ်ဖို့က အပစ်အခတ်ရပ်စဲဖို့ အရင်တည်‌ဆောက်ရတယ်။ ငြိမ်းချမ်း‌ရေးကို ပါးစပ်နဲ့သာ ‌ပြောပြီး ပြည်နယ်‌တွေမှာ ‌သေနတ်သံ‌တွေ ‌ပေါက်မယ်‌နေမယ်ဆိုရင် ဒါ ဘာမှဖြစ်မလာဘူး။ ကိုယ့်လုပ်နိုင်သ‌လောက် လုပ်ပြီး ‌တော့ ကိုယ်လိုချင်တဲ့ ဥစ္စာကို ညှိနှိုင်း‌ဆွေး‌နွေး အချိန်‌ပေးမှ ရလာတဲ့ ရလဒ်အ‌ပေါ်မှာ အ‌ဖြေဘယ်‌လောက်‌ပေါ်လဲ အဲဒါကို ပြန် ဆန်းစစ်ရမှာ‌ပေါ့။ ကျ‌နော်တို့အ‌မေ‌တောင်မှ မုန့်ဖိုး‌တောင်းတာ တခါမှ လုံလုံ‌လောက်‌လောက်‌ပေးတာ မရှိတာပဲဟာ။

KIC – ‌နောက်ဆုံးအ‌နေနဲ့ အစိုးရနဲ့ အပစ်အခတ်ရပ်စဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး‌တော့ ဘာများ ထပ်‌ပြောချင်‌သေးလဲ။
ဗိုလ်မှူးဆန်း‌အောင် – ကျ‌နော်တို့ ငြိမ်းချမ်း‌ရေးလုပ်တာ စစ်အစိုးရကို ‌ကြောက်လို့လုပ်တာ မဟုတ်ဘူး။ လက်ရှိ ကျ‌နော်တို့ ငြိမ်း ချမ်း‌ရေးကို လိုလားတာ ကျ‌နော်တို့ သက်‌သေပြရမယ်။ တကယ်တမ်း ငြိမ်းချမ်း‌ရေး အစစ်အမှန် ဖြစ်မယ်ဆိုရင် ကျ‌နော်တို့ ငြိမ်း ချမ်း‌ရေးက ထာဝရ ငြိမ်းချမ်း‌ရေး ဖြစ်သွားမယ်။ ငြိမ်းချမ်း‌ရေး အစစ်အမှန် ဖြစ်မယ်ဆိုလို့ရှိရင် ‌ဟေ့ မင်းတို့ ငြိမ်းချမ်း‌ရေးမလုပ်နဲ့ ‌ပြောရင်လည်း ငြိမ်းချမ်း‌ရေး ဆက်လုပ်ရမှာပဲ။ ငြိမ်းချမ်း‌ရေး အစစ်အမှန် မလုပ်ဘူးဆိုလို့ရှိရင် မလုပ်လို့မရဘူး ‌ပြောရင်လည်း ငြိမ်းချမ်း‌ရေးဟာ အလိုလို ပျက်ပြယ်သွားမယ်။ ကျ‌နော်‌ပြောတာ ရှင်းရှင်း‌လေးပဲ။