Hay Htoo
ABSDF အစိုးရ အကျိုးဆောင်အဖွဲ့နှင့် တွေ့ဆုံ
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
မြန်မာအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)တို့ အကြား ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ ဆွေးနွေးနိုင်ရန်အတွက် မြန်မာအစိုးရ ဘက်မှစေလွှတ်သည့် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့သည် ယမန်နေ့က ထိုင်း -မြန်မာနယ်စပ်သို့ လာရောက်ခဲ့ကြသည်။
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦး...
ကချင်လွတ်မြောက်ရေးအ ဖွဲ့နှင့် ပြည်ထောင်စု ငြိမ်း ချမ်းရေးအဖွဲ့တွေ့ဆုံ
ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
မြန်မာအစိုးရ၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ အပစ်အ ခတ် ရပ်စဲရေးအတွက် တရုတ်ပြည် နယ်စပ်တွင် ယနေ့ တွေ့ဆုံခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပခဲ့ကြပြီး KIO အမြဲတမ်းဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်...
အမည်မသိ လူတစုက ခေါ်ဆောင်မှုကြောင့် နတ်ထိပ်ရွာသူကြီးနှင့် ရွာသားနှစ်ဦး ပျောက်ဆုံးနေ
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၂။ စောခါးစူးညား၊ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ထိပ်(လာ့ထနာ့)ကျေးရွာရှိ ရွာသူကြီးနှင့် ရွာသားနှစ်ဦးကို အမည်မသိ လူတစ်စုမှ ယခုလ ၁၆ရက်နေ့က ၎င်း၏နေအိမ်မှ ခေါ်ဆောင်သွားပြီးနောက် ယနေ့အထိ ပျောက်ဆုံးလျှက်ရှိကြောင်း သိရသည်။
ထိုနေ့ မွန်းလွဲ ၁နာရီအချိန်တွင် နတ်ထိပ်ရွာသူကြီးဖြစ်သူ အသက် ၄၅နှစ်အရွယ်...
အပစ်ရပ်မှု နေးရှင်းဝိုက်ဒ် ဖြစ်ဖို့လို
အယ်ဒီတာ့အာဘော်
အပစ်အခတ် ရပ်စဲရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေး ဆိုသည့်အသံများ လူတိုင်း၏ ပါးစပ်ဖျား၊ မီဒီယာများ၏ ထုတ်လွှင့် သံများ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်အဖွဲ့၏ ငြိမ်းချမ်းရေး ဖော်ဆောင် ရေးအဖွဲ့ဝင်များသည် ကရင်၊ ကယား၊ မွန်၊ သျှမ်း တိုင်းရင်းသား...
ကရင်နီဒေသအတွင်း ဘိန်းစိုက်ပျိုးမှု ပိုများလာ
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၂။ (ကေအိုင်စီ)
ကရင်နီဒေသအတွင်းရှိ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းနှင့် ဒီမောဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်ယာစိုက်ပျိုးမြေ များပေါ်တွင် ဘိန်းစိုက်ပျိုးမှု တနှစ်ထက်တနှစ် ပိုများလာကြောင်း ကရင်နီသတင်းနှင့် ပြန်ကြားရေးဌာနက ပြောသည်။
“အရင်ကဆို ဧက ရာဂဏန်းလောက်ပဲ စိုက်ကြတယ်။ အခုဆို တော်တော်ကို များလာတယ်လို့ပြောရမယ်။ အကြမ်းဖျင်းပေါ့။ ဧက...
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ရှင်းလင်းပွဲပြုလုပ်
ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာအစိုးရနှင့် တွေ့ဆုံခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ပြည်တွင်းငြိမ်းချမ်းရေး ကိုယ် စားလှယ်အဖွဲ့သည် အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို ဗဟိုကော်မတီဝင်များထံသို့ ယမန်နေ့က တင်ပြရှင်း လင်းပွဲ ပြုလုပ်ခဲ့သည်။
KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ခရီးစဉ်တစ်လျှောက်လုံးနဲ့ပတ်သက်ပြီး EC...
ပဒိုမန်းငြိမ်းမောင်ကို ဥပဒေအရ အရေးယူဆောင်ရွက်နေဟု အစိုးရပြောဆို
ဇန်နဝါရီ ၁၇ရက်၊ ၂၀၁၂။ ရွှေသိုက်တော (ကေအိုင်စီ)
အကျဉ်းကျခံနေရသည့် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်သည် မကြာမီရက်ပိုင်း အတွင်း ပြန်လည် လွတ်မြောက်လာမည်ဟု မိခင်အဖွဲ့အစည်းက ပြောဆိုသော်လည်း မြန်မာအစိုးရ ဘက်ကမူ ဥပဒေ အရအရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်ဟုအစိုး ရ ပြည်ထဲရေးဝန်ကြီးက...
ကရင်လူထု အားလုံးထံသို့ ကျမရဲ့ ပထမပို့စာ (ပေးစာကဏ္ဍ)
နော်ဝါးဝါးဖိုး
ကျမကရင်တိုင်းရင်းသူတယောက်အနေနဲ့ကျမလူမျိူးတွေပြိုကွဲနေခဲ့တာေတွနောက်ထပ်ထပ်ပြီးတော့မပြိုကွဲအောင်ကျမဘက်က တက်နိုင်သလောက် အကူညီပေးချင်သလို ကရင်လူထူအားလုံးကိုလည်း ကျမတို့ကရင်အချင်းချင်းပြို ကွဲခဲ့တာ တွေအားလုံးပြန်လည်သင့်မြတ်အောင် နောက်ထပ် မပြိုကွဲအောင် အတူတကွလက်တွဲပြီးလုပ်ဆောင်ဘို့အတွက်ကျမကနေေတာင်ဆိုချင်ပါတယ်။
ပထမဆုံးအနေနဲ့ယခုလက်ရှိအခြေအေနကိုစပြီးတော့ပြောချင်ပါတယ်။မကြာသေးမီက KNU ငြိမ်းချမ်းရေးဆွေးနွေးမူအပေါ်ကရင်တိုင်းရင်းသားတွေရဲ့ဝေဖန်မူတွေကိုအမျိူးမျိူးကြားနေရပါတယ်။ တချိူ့ကကောင်းတယ်၊တချိူ့ကမကောင်းဘူးလို့မြင်ကြ ပါတယ်။ တချိူ့ကလက်မှတ်ထိုးမူအပေါ်မှာစောတယ်လို့ပြောကြပြန်ရော။
ဘလော့တွေမှာလည်းအမျိူးမျိူးဖတ်ရပါတယ်။ ဝေဖန်မူတွေရှိလာတာက အရမ်းကိုကောင်းတယ် တိုးတက်လာမူရှိလာတယ်လို့ပြောလို့ရပါတယ်။ ကရင်ပြည်သူလူထုတွေကိုယ့်တိုင်းရင်းသားအရေးဘယ်လောက်စိတ်ဝင်စားလည်ကိုယ့်ကရင်တိုင်းရင်းသားတွေအပေါ်ဘယ်လောက်တိုးတက်စေချင်တဲ့သဘောနဲ့ကိုယ့်အမျိူးကိုယ်ချစ်တဲ့သဘောအများကြီးဆောင်ပါတယ်။
ထိုးနည်းတူပဲ ကျမတို့ရဲ့မိခင်အဖွဲ့အစည်းဖြစ်တဲ့ KNU...
ခရီးစဉ်ကို ကျေနပ်အားရမှုရှိဟု KNU ငြိမ်းချမ်းရေးအဖွဲ့ပြော
ဇန်နဝါရီ ၁၆ရက်။ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် ပစ်ခတ်ရပ်စဲရေး ပဏာမ သဘောတူညီမှု ရရှိခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့က ၎င်းတို့၏ ငြိမ်းချမ်းရေးဆွေးနွေးရေးခရီးစဉ်ကို အားရကျေနပ်မှုရှိကြောင်း ပြောကြားလိုက်သည်။
အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၁ရက်နေ့က စတင်၍ ၅ရက်ကြာ ခရီးစဉ်အပြီး ယမန်နေ့ ညနေက...
KNU နယ်မြေအတွင်း အစိုးရစစ်တပ် ရိက္ခာပို့
ဇန်နဝါရီလ ၁၆ရက်။ ၂၀၁၂ခုနှစ်။ စောသိန်းမြင့်(ကေအိုင်စီ)
နှစ်ဘက် အပစ်အခတ်ရပ်စဲရေးကာလတွင် အစိုးရစစ်တပ်ဘက်မှ ကရင်အမျိုးသားအစည်း အ ရုံး-KNU နယ်မြေအတွင်းရှိ တပ်စခန်းများသို့ ရိက္ခာပစ္စည်းပို့ဆောင်မှုများ လုပ်ဆောင်နေသည်ဟု KNUက ပြော သည်။
KNU တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဝေါ်လေ၊ ကျိုက်ဒုံ၊ အဇင်း၊ ပိုင်ခလန်စ သည့်ဒေသဘက်တွင်...





