Hay Htoo
မီးဘေးသင့်အုန်းဖျန်စခန်းရှိ ကျောင်း သားကျောင်းသူများ စာမေးပွဲဖြေရန် အခက်ကြုံနေ
ဖေဖော်ဝါရီလ ၂၇ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အရည်အချင်းစစ် စာမေးပွဲဖြေ ဆိုရမည့် ကျောင်းသားကျောင်းသူများ အခက်အခဲနှင့်ကြုံတွေ့နေကြသည်ဟု စခန်းမှ ပညာရေးမှူး စောညို့ ကလီထီး ကပြောသည်။
“လာမည့်မတ်လ (၂၀)ရက်နေ့မှာ ကျောင်းသားတွေ စာမေးပွဲဖြေဖို့၊ ဖတ်စရာ စာအုပ်တွေ မရှိတော့...
ရွှေရည်စိမ်ငြိမ်းချမ်းရေး
လကင်္ာဒီပ
(ဖေဖော်ဝါရီ ၂၅၊ ၂၀၁၂)
မမြတ်နိုးလို့ မဟုတ်ဘူး
အထူးတလည် လိုအပ်တဲ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးတရား
ပန်းများဖူးပွင့်လာတာကို
ကြိုဆိုမျှော်လင့်မိတာအမှန်
သံဇကာနဲ့ ဘောင်ခတ်တဲ့အိမ်
ရွှေရည်စိမ်အတုကြီးတော့ မလိုချင်ဘူး။
တံတွေးထွေးလိုက်တာလည်း အကြိမ်ကြိမ်
မြိန်မြိန်ယှက်ယှက် ပြန်ကောက်စားတတ်တဲ့ဗီဇ
ငပွကြီးတွေ ရေးဆွဲတဲ့ဥပဒေ
အခြေအတုနဲ့ ရွေးကောက်ပွဲ
တတ်လည်းတတ်နိုင်တဲ့လူမျိုး
ဇောက်ထိုးကြည့် လင်းနို့လိုလူကိုမှ
ဘယ်သူက အထင်ကြီးခဲ့ကြတာတုန်း။
သူ့အခက်အခဲ သူ့ဆန္ဒ
တို့ဘဝကို ထိုးခွဲသပ်လျှို
အချိုကြိုက် အချိုပေးခင်
အချဉ်ကြိုက် အချဉ်ပေး
ကျောသပ်ချွေးသိပ်ခြင်းအရာ
မာယာအပြည့်နဲ့လမ်းများ
နောက်ကျော ဓါးနဲ့ထိုးမွှေခံရ
နားရွက်တွေလည်း တံတွေးဆွတ်ခံရပေါင်း များလှပြီ။
ကျားငစဉ်းလဲရဲ့ဥပုသ်
နင်အဟုတ်ထင်နေရင်ဖြင့်
လေလွင့်ရွက်ပြတ်တက်ကျိုးလှေ
ရေလိုက်၊ ငါးလိုက်အဆင့်နဲ့
ဒီလိုသာ နေလာသွားခဲ့မယ်ဆိုရင်
ဉာဏ်ကြီးရှင်...
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးသွားရန် အစိုးရနှင့် မွန်ပြည်သစ် သဘောတူ
ဖေဖော်ဝါရီလ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ကိုယ်စားလှယ်အဖွဲ့တို့ ယနေ့တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုအ ဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရန်အတွက် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
၎င်းတွေ့ဆုံပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကမ်းနားလမ်းရှိ Strand Hotel တွင် နံနက် ၁ဝနာရီဝန်းကျင်ခန့်က စတင် ပြုလုပ်ခဲ့ကြခြင်း...
ပဒိုမန်းငြိမ်မောင်အမှု အင်းစိန်ထောင်ပိုင်နှစ်ဦးကို တရားရုံးမှ ဆင့်ခေါ်ပေးမည်
ဖေဖော်ဝါရီလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ပဒိုမန်းငြိမ်းမောင်အမှုအတွက် တရားခံပြ သက်သေအဖြစ် အင်းစိန်ထောင်ပိုင်နှစ်ဦးကို ဆင့်ခေါ်ပေး မည်ဖြစ်ကြောင်း ယနေ့ တရားရုံးတွင် အမိန့်ချမှတ်လိုက်သည်။
ယနေ့ နေ့လည် ၁၂ နာရီမှ ၁နာရီခွဲအထိ ပဒိုမန်းငြိမ်းမောင်အမှုကို ရုံးထုတ်စစ်ဆေးခဲ့ပြီး ယခင် အင်းစိန်ထောင်ပိုင် ဦးဇော်မိုးနှင့် လက်ရှိ...
အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှုကြောင့် အိမ်ခြေ ၁,၀၀၀ကျော် ပျက်စီးဆုံးရှုံး
ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်း၌ ယနေ့ နေ့လည် ၁၂နာရီကျော်မှ မွန်းလွဲ ၁နာရီခွဲ အချိန်ထိ မီးလောင်မှုဖြစ်ပွား၍ ဒုက္ခသည်များ၏ အိမ်ခြေ ၁၀၀၀ကျော် ပျက်စီးဆုံးရှုံးသွားသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။
မီးကြောင့် လောင်ကျွမ်းသွားသည့် အိမ်ခြေမှာ ၅၆၆လုံးဖြစ်ပြီး...
တရုတ်ရှိ မြန်မာအမျိုးသမီးအလုပ် သမားများဥပဒေအကာအကွယ်လိုအပ်နေ
ဖေဖော်ဝါရီလ ၂၃ရက်။ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တရုတ်နိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအမျိုးသမီး အလုပ်သမားများ၏ အခွင့်အရေးများကို ဥပဒေဖြင့် အကာ အကွယ်ပေးစေလိုကြောင်း မြန်မာအမျိုးသမီးများ သမဂ္ဂ (BWU) က တရုတ်အစိုးရကို ယနေ့ တောင်းဆိုလိုက်သည်။
ယနေ့ ထုတ်ပြန်လိုက်သည့် တရုတ်နယ်စပ်မြို့နောက်ကွယ်မှ အသံမဲ့...
မြိုင်ကြီးငူတွင် ဒီကေဘီအေ တပ်ဖွဲ့ဝင် ၇၀ကျော် ဝိုင်းထားခံရ
ဖေဖော်ဝါရီလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် အခြေစိုက်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၇ဝဦးကျော်သည် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်) တပ်ဖွဲ့ဝင်များ၏ ဝိုင်းရံပိတ်ဆို့ထားခြင်းခံနေရသည်ဟု သိရသည်။
ယခုလ ၁၉ရက်နေ့က ဒီကေဘီအေနှင့် ဘီဂျီအက်ဖ်တပ်ဖွဲ့များအကြား ပစ်ခတ်မှု...
DKBA နှင့် BGF တို့ ပစ်ခတ်မှုတွင် အရပ်သားများ သေဆုံးဒဏ်ရာရရှိခဲ့
ဖေဖော်ဝါရီလ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စောဖိုးမူး (ကေအိုင်စီ)
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(ဒီကေဘီအေ)နှင့် နယ်ခြားစောင့်တပ် (ဘီဂျီအက်ဖ်)တပ်ဖွဲ့တို့ ပြီးခဲ့သည့် ရက် ပိုင်းက ကရင်ပြည်နယ်၊ လှိုှုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် အရပ်သား ၂ဦးသေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့ သည်။
သေဆုံးသူများမှာ...
အုန်းဖျန်ဒုက္ခသည်စခန်း မီးလောင်မှု ကြီးကျယ်
ဖေဖော်ဝါရီ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် ယနေ့ နေ့လည် ၁၂နာရီကျော်အချိန်မှစ၍ ယခု အချိန်ထိ မီးလောင်မှု ဖြစ်ပွားလျှက်ရှိသည်။
အုန်းဖျန်စခန်း၏ ရပ်ကွက်(၆)၊ (၇)နှင့် (၈)တို့တွင် မီးလောင်ကျွမ်းနေခြင်းဖြစ်ပြီး လောင်ကျွမ်းရသည့် အကြောင်းရင်းကို လက်ရှိအချိန် တွင် ကေအိုင်စီမှ ဆက်လက်စုံစမ်းနေဆဲ...
အပစ်အခတ်ရပ်စဲရေး ပိုခိုင်မာအောင် KNU က အစိုးရနှင့် ထပ်မံ ဆွေးနွေးသွားမည်
ဖေဖော်ဝါရီ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး(KNU) သည် ပဏာမ အပစ်အခတ်ရပ်ဆိုင်းရေးကို သဘောတူလက်မှတ် ထိုးထားသော်လည်း အပစ်အခတ် ရပ်စဲရေးကိစ္စ လက်ရှိအခြေအနေထက် ပိုခိုင်မာစေရေးအတွက် လာမည့်မတ်လ မြန်မာအစိုးရနှင့် ထပ်မံ တွေ့ဆုံရာတွင် ဆွေးနွေးသွား မည်ဟု ယနေ့ ပြောကြားလိုက်သည်။
အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍ အစိုးရနှင့် ထပ်မံတွေ့ဆုံရန်အတွက်...





