Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

တိုက်ပွဲရပ်တန့်‌ပေးရန်ကချင်အဖွဲ့များ ဘန်‌ကောက်တွင် ဆန္ဒပြ‌တောင်းဆို

ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ပြည်‌ထောင်စုမြန်မာနိုင်ငံ‌တော် သမ္မတဦးသိန်းစိန်အစိုးရအ‌နေဖြင့် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေသည့် တိုက်ပွဲများ ချက်ချင်းရပ်တန့် ‌ပေးရန် ကချင်တိုင်းရင်းသားအဖွဲ့အစည်းများက ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့ရှိ မြန်မာသံရုံး‌ရှေ့တွင် ယ‌နေ့ ဆန္ဒပြ‌တောင်းဆိုလိုက်သည်။ ထိုင်းနိုင်ငံရှိ ကချင်တိုင်းရင်းသားအဖွဲ့အစည်းများမှ အဖွဲ့ဝင်‌ပေါင်း ၄၀‌ကျော်က မြန်မာသံရုံး‌ရှေ့တွင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား‌နေ သည့်...

အ‌မှောင်ခွင်း၍ အလင်း‌ဆောင်‌စေ

အယ်ဒီတာ့အာ‌ဘော် (‌ကေအိုင်စီ) လူမှုအသိုင်းအဝိုင်းတခုအတွင်း အဆိုး အ‌ကောင်း ဖြစ်တည်‌ပြောင်းလဲမှုများသည် စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်း၊ အချိန်တိုင်း၌ ‌နှေး ‌ကွေးမှုများ ရှိသလို မြန်ဆန်မှုများမှာလည်း မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားမှုများက သက်‌သေတည်‌နေသည်။ ‌မေတစ်လတည်းအတွင်း၌ မတူညီ‌သော ‌ပြောင်းလဲမှုများစွာ ရှိခဲ့‌ပေရာ တိုင်းပြည်တိုးတက် ‌ပြောင်းလဲရန်အတွက် ကဏ္ဍတိုင်းတွင်...

ဖားကန့်-မိုး‌ကောင်းကားခ အဆမတန် မြင့်တက်

ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန် မိုင် ၆ဝသာ ကွာ‌ဝေး‌သော ဖားကန့်မှ မိုး‌ကောင်းမြို့သို့သွားသည့် ခရီးသည်တစ်ဦးလျှင် ကားခမှာကျပ်၈‌သောင်းအထိ ‌ဈေးတက်သွားခဲ့ ‌ကြောင်း မြစ် ကြီးနား‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။ “အဆင်းကားခ (ဖားကန့်မှ မိုး‌ကောင်းအလာ) ‌ဈေးတက်သွားတာ။ အရင်က ဗဲန်(Ven)ကားနဲ့သွားရင် တစ်‌ယောက်ကို ၂‌သောင်းခွဲ(ကျပ်) ပဲ...

စက်ရုံအလုပ်သမား ၃၆၀၀၀‌ကျော် ဆန္ဒပြခဲ့ဟု အလုပ်သမားဝန်ကြီး ထုတ်‌ဖော်‌ပြောဆို

ဇွန်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန် ‌မေလတစ်လအတွင်း ရန်ကုန်တိုင်း‌ဒေသကြီးအတွင်းရှိ စက်ရုံ ၅၇ရုံမှ အလုပ်သမား ၃၆,၈၁ဝဦး ဆန္ဒပြမှု ဖြစ်ပွားခဲ့‌ကြောင်း အလုပ်သမား ဝန်ကြီးဌာန ပြည်‌ထောင်စုဝန်ကြီး ဦး‌အောင်ကြည်က ‌မေလ ၃ရက်‌နေ့တွင် ‌ပြောဆိုခဲ့သည်။ ဆန္ဒပြသူများမှာ မိမိတို့၏ လုပ်ခ လစာတိုး‌တောင်းခြင်းဖြစ်ပြီး အလုပ်သမား ၂၂,၄၈၇ဦးအတွက် စက်ရုံ...

လူထုပိုင်‌မြေအတွင်း BGF တပ်‌နေရာထူ‌ထောင်ရန် မြန်မာ အစိုးရတပ် ညွှန်ကြား

ဇွန်လ ၄ရက်၊ ၂၀၁၂ခုနှစ်။ (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်ရှိ နို့‌ဖောထီးနှင့် ထီးက‌ဆောမဲ‌ကျေးရွာအကြားတွင် ‌ဒေသခံလူထုပိုင် ‌မြေ များအတွင်း နယ်ခြား‌စောင့်တပ်-BGF အမှတ်(၁၀၁၃) တပ်ရင်းအတွက် တပ်‌နေရာတည်‌ဆောက်ရန် ထို‌ဒေသရှိ မြန်မာအစိုးရတပ်ကညွှန်ကြားမှုများ ပြု လုပ်ထားသည်ဟု သတင်းရရှိသည်။ မြန်မာအစိုးရတပ်မ(၄၄)၊ နည်းဗျူဟာ(၄၄၂)တပ်ရင်းကို ဦး‌ဆောင်သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးတင့်ထွန်းက အမှတ်(၁၀၁၃)တပ်ရင်းအား...

ပျဉ်းမငုတ်တိုရဲ့ မိုးမခငုတ်တို

စ’အိုင်ခန့် (နှင်းခဲ‌မြေ) “အယူ” ဆိုတဲ့‌တောင်စွယ်‌တောင်တန်းကြားက မြစ်ဖျားခံစီးဆင်းတဲ့ အတ္တ‌ရေနီကြမ်းတစ်ချို့‌ကြောင့် အနယ်အနှစ်‌တွေနဲ့ ကိုးသွယ်နဒီရဲ့‌ရေကြည် လှိုင်းဂယက်ထ ‌နှောက်ကျိသွားခဲ့တာ မင်းသိပါတယ် သူငယ်ချင်း။ ‌နှောက်ကျိ‌နေတဲ့ ကိုးသွယ်နဒီမြစ်‌ရေကို ‌ခြေ‌ဆေးခဲ့ကြသည့်တိုင် မ‌ကျေနပ်နိုင်တဲ့ မဟာတစ်သိုက် တို့ရဲ့‌သွေးနဲ့ ငါတို့ရဲ့‌မြေကို ‌စွေး‌စွေးနီ‌အောင်အ‌ရောင်ချယ်‌နေကြတာ မင်းသိပါတယ် သူငယ်ချင်း။ သံလွင်‌သောင်ရင်းဆုံရာ မိုးမခရိပ်မြုံ ဒို့မြစ်ဆုံမှာ ငါတို့ညီအကိုချင်း ချစ်ခြင်းမဲ့စစ်ခင်းလျှက် အမုန်းဖွဲ့ပြီး ခွဲခွာခဲ့ကြရတာ ပျဉ်းမငုတ်တို ဇာတ်လမ်းတစ်ပုဒ်မဟုတ်တဲ့ မိုးမခငုတ်တို ဇာတ်ကြမ်းတစ်ပုဒ်ဆိုတာ မင်းသိပါတယ် သူငယ်ချင်း။ သုံး‌ရောင်ချယ် ကိုးနဒီသွယ်တဲ့ ဖားစည်ပုံပါ အလံ‌တော်‌အောက်မှာ ‌နောင်မမုန်း‌ကြေး ဖွဲ့စုံ‌နေထိုင်နိုင်‌ရေးမူ‌တွေချ အ‌ပြောနဲ့လုပ်ရပ်...

လမ်းဆုံးတဲ့အခါ ‌ရောက်မဲ့ရွာ

M. ထက်‌ခေါင် (၁) ပြီးခဲ့သည့် မတ်လ ‌ဆောင်းပါး၌ ကျ‌နော် တစ်လနှစ်လမျှ အနားယူမည့်အ‌ကြောင်း ‌ကေအိုင်စီ ပရိဿတ်ကို အသိ‌ပေး တင်ပြခဲ့ သည်။ ကုန်လွန်ခဲ့‌သော ရက်သတ္တပတ်များအတွင်း အမြဲတ‌စေ လုပ်‌နေကျ စာ‌ရေး စာဖတ်၊ ‌ရေဒီယို နား‌ထောင်သည့် အလုပ်များထက် စိုက်ပျိုး‌ရေး ‌မွေးမြူ‌ရေးအလုပ်များ၊ ပတ်ဝန်းကျင်...

‌ဒေါ်‌အောင်ဆန်းစုကြည် မယ်လခရီးစဉ်အတို

ဇွန်လ ၂ရက်၊ ၂၀၁၂။ မွန်းလွဲ ၁နာရီခွဲ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့မှာ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွား‌ရေးနှီး‌နှောဖလှယ်ပွဲသို့လာ‌ရောက်ခဲ့သည့် မြန် မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ် ‌အောင်ဆန်းစုကြည်သည် ဇွန်လ ၂ရက်‌နေ့ ထိုင်းစံ‌တော်ချိန် မနက် ၉နာရီခွဲတွင် မဲ‌ဆောက်မြို့‌လေဆိပ်သို့‌ရောက်ရှိလာခဲ့ရာ မြန်မာနိုင်ငံသား အပါအဝင် လူထုပရိဿတ် တစ်‌သောင်းဝန်းကျင် ကြိုဆိုခဲ့ကြသည်။ ၎င်း‌နောက်...

လမ်းမ‌တော်အထက(၂) ‌ကျောင်းအုပ် ဆရာမကြီး‌ငွေ‌ပေးမှ‌ကျောင်းအပ်ခွင့်ရ

ဇွန်လ ၁ရက်၊ ၂၀၁၂။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ရန်ကုန်မြို့၊ လမ်းမ‌တော် အထက(၂)မှ ‌ကျောင်းအုပ် ဆရာမကြီး ‌ဒေါ်သန်းသန်းစိုးသည် ‌ကျောင်းသားများ လက်ခံရာတွင်သိန်းနှင့်ချီသည့် ‌ငွေ‌ကြေးများဖြင့် ‌ကျောင်း ဝင်ခွင့်လက်ခံသည်ဟု ‌ကျောင်းသားမိဘ အုပ်ထိန်းသူများက ‌ကေအိုင်စီကို ‌ပြောသည်။ ‌ကျောင်းအပ်ရာတွင် ပါဝင်လိုက်ပါသွားသူ ‌ကျောင်းသားက “ကျ‌နော်က အလက(၁) လမ်းမ‌တော်က‌နေ...

အစိုးရသစ်လက်ထက်လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုရှိ‌နေဆဲဟု လူ့အခွင့်အ‌ရေး ကွန်ယက်အဖွဲ့‌ပြော

‌မေလ ၃၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူး‌လေ(‌ကေအိုင်စီ) မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာ ခဲ့‌သော်လည်း ညှဉ်းပမ်းနှိပ်စက်မှုများ၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်များရှိ‌နေ ‌သေး‌ကြောင်း ကမ္ဘာကသိ‌အောင် လူ့အခွင့်အ‌ရေးမှတ်တမ်း ကွန်ယက်(မြန်မာနိုင်ငံ)-ND-Burma က ယ‌နေ့ ထုတ်‌ဖော် ‌ပြောကြားလိုက်သည်။ ND-Burma အဖွဲ့က ၂၀၁၀‌ရွေး‌ကောက်ပွဲအပြီး မြန်မာအစိုးရ ကျူးလွန်ခဲ့‌သော ညှဉ်းပမ်းနှိပ်စက်မှုနှင့် နိုင်ထက်ပြု ကျင့်မှု၊ လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို...
Donate