Hay Htoo
မွန်ပညာရေးအတွက်အစိုးရမှထောက် ပံ့မှုပေးမည်ဟုပြော
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ်
မွန်စာပေကို ကျောင်းချိန်ပြင်ပ၌သာ သင်ကြားခွင့်ပေးပြီး ၎င်းအတွက် ပညာရေးထောက်ပံ့ကြေး ပေးဆောင် သွားမည်ဟု သမ္မတဦးသိန်းစိန်က တိုင်းရင်းသားညီနောင် ၆ပါတီနှင့် တွေ့ဆုံခဲ့စဉ် ပြောကြားခဲ့သည်။
သမ္မတနှင့် ဒီမိုကရေစီ မဟာမိတ် ၁ဝပါတီတို့ တွေ့ဆုံခဲ့ကြစဉ် တိုင်းရင်းသားစာပေသင်ကြားရေးကိစ္စနှင့် ပတ်သက်ပြီး ညီနောင် ၆ပါတီ...
တောင်ငူရှိ ထုံးဘိုရွာကို စံပြရွာဖြစ်ရေး Asia World ကုမ္ပဏီ ကြိုးစားနေ
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရေကာတာ တည်ဆောက်သဖြင့် ရွှေ့ပြောင်းရသည့် ပဲခူးတိုင်း၊ တောင်ငူမြို့နင့် ၁၄မိုင်ဝေးသော ထုံးဘိုရွာအား စံပြကျေးရွာ တည် ဆောက်ပေးရန်အတွက် တိုင်းဝန်ကြီးချုပ်ထံ စာတင်ထားပြီး တည်ဆောက်ခွင့်ရပါက အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟု အဆိုပါစီမံကိန်းကို တာဝန်ယူ တည်ဆောက်နေသော...
ဒုသမ္မတ စိုင်းမောက်ခမ်း အာဇာနည်ကုန်းသို့ သွားရောက်အလေးပြု
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ စအိုင်သန်
ယနေ့ကျရောက်သည့် ၆၅နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ နှစ်ပေါင်း ၂၀ကျော်အတွင်း နိုင်ငံတော် အကြီးအကဲများထဲမှ ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် နံနက် ၈နာရီကျော်တွင် အာဇာနည်ကုန်းသို့ သွားရောက်ကာ ပန်းခွေချ အလေးပြုခဲ့သည်။
ထို့အပြင် ဗိုလ်ချုပ်အောင်ဆန်း၏သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်ကျင်းပရာ နေပြည်တော်မှ...
၆၅နှစ်မြောက် အာဇာနည်နေ့ အတွက် သံဃာတော်များအား ကရင်ပြည်နယ်အစိုးရ ဆွမ်းကပ်ခဲ့
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဘားအံမြို့တွင် ပြည်နယ်အစိုးရမှ ဦးဆောင်ပြီး ယနေ့ ကျရောက်သော ၆၅ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းတွင် သံဃာတော် ၁၈ပါးကို ဆွမ်းကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပြည်နယ်ရဲမင်းကြီး ဦးသိန်းကြည်က “ဆွမ်းကပ်ပွဲလေး လုပ်ပါတယ်။ ဒါက ပြည်နယ်အစိုးရ...
ထားဝယ်မြို့နယ်တွင် ကုမ္ပဏီများ ထပ်မံ သစ်ခုတ်မည်ကို ဒေသခံများ စိုးရိမ်နေ
ဇူလိုင်လ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
တနသင်္ာရီတိုင်း၊ ထားဝယ်မြို့နှင့် ၁၃မိုင် ကွာဝေးသော အညာဖျားကျေးရွာအုပ်စုတွင် လာမည့် နွေရာသီ၌ သစ်ထုတ်လုပ်ရေး ကုမ္ပဏီ များက ထပ်မံ၍ သစ်များ လာရောက်ခုတ်ယူမည်ဟု ယခင်လက ပြောဆိုခဲ့သည့်အပေါ် ဒေသခံ ပြည်သူများက စိုးရိမ်လျှက်ရှိသည်။
“ကုမ္ပဏီတွေက နွေကျရင် ကျနော်တို့ဘက်က...
တိုင်းရင်းသားဒေသ လိုအပ်ချက်များ သမ္မတနှင့် ဒီမို ၁ဝပါတီ ဆွေးနွေးခဲ့
ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် ဒီမိုကရေစီ မဟာမိတ် ၁ဝပါတီမှ ခေါင်းဆောင်များ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ် တော်တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြရာ တိုင်းရင်းသားဒေသမှ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းရင်းသားနိုင်ငံရေးပါတီ အသီးသီးက အဓိက...
အာဇာနည်မျိုးစေ့
(လကင်္ာဒီပ)
ဥုံဖွနဲ့စုံမ မဖွဲ့တဲ့လူမျိုး
ဘိုးဘိုးအောင်၊ ဇော်ဂျီလိုလူကျော်များ
စောင့်စားမျှော်လင့် အားမကိုးသူပါပေ
မိုးကျရွှေကိုယ်လည်း မယုံစားသူ
ကိုယ့်မူ ကိုယ့်လူမျိုး ကိုယ်ကာကွယ်
တကယ်ပဲ တစိုက်မတ်မတ်
ရပ်တည်ကြိုးစားကြံဆောင်ခဲ့သော
စောဘဦးကြီးလို အာဇာနည်မျိုး
အဖိုးအနဂ္ဂ ထိုက်တန်လွန်းလှပါဘိတော့။
သေခြင်းရှင်ခြင်းတရား
ငါနဲ့လားလားမဆိုင်သလို
ညိုနေတဲ့မျက်ဝန်းအထွေထွ
မွန်းကြပ်နေတဲ့လူမျိုးရေး
သက်စတေးရန် အဆင်သင့်
ပေးဆပ်ဖို့လည်း ဝန်မလေးသူ
မြင့်မြတ်သူတို့စိတ်နှလုံးနဲ့။
စည်းဘောင်တွေလည်း ခွမထိုင်ခဲ့သူ
မူနဲ့လမ်းစဉ်အပေါ်သာ
အခိုင်အမာ စိုက်လိုက်ရပ်တည်ခဲ့လူသား
သွေးသားထဲ အတ္တမရှိတဲ့ပုဂ္ဂိုလ်
ထိုထိုသော မျှော်လင့်ခြင်းအတွက်
ဓါးထက်ထက် ခယောင်းတောကြား
နှလုံးသားကို ချနင်းခံဝံ့ခဲ့ပြီလေ။
ငါဟေ့လို့လည်း မကြွေးကြော်
မော်မော်ကြွားကြွား ဟန်လည်းမထားသူ
လူတွေ လူဖြစ်ဖို့ရန် ကြိုးစား
ဒုက္ခများရင်ဆိုင်ကာ ဖြေရှင်းမယ့်
တကယ့်ရှေ့တန်းခေါင်းဆောင်ကောင်းလို
ရန်သူကို ကိုယ်တိုင်ဖြိုမယ့်...
ဘုရားသုံးဆူ KNU ဆက်ဆံရေးရုံး အပြန်အလှန် သတင်းပေးပို့မှု လုပ်ဆောင်နေ
ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
အပစ်အခတ် ရပ်စဲရေးကာလအတွင်း မြန်မာအစိုးရ စစ်တပ်နှင့် ကေအဲန်ယူတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲဖြစ်ပွားမှု မရှိစေရန်အတွက် ဘုရားသုံးဆူမြို့ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဆက်ဆံရေးရုံးက လက်ရှိအချိန်တွင် နှစ်ဖက် သတင်းပေးပို့မှုများကို ပြုလုပ်နေကြောင်း သိရသည်။
အစိုးရဘက်မှ သက်ဆိုင်ရာဌာနများနှင့် တပ်ရင်း အပြောင်းအလဲများ ရှိပါက ဘုရားသုံးဆူမြို့ရှိ...
သံလွင်တိုင်းမ်ဂျာနယ်နှစ်ပတ်တကြိမ် ထုတ်ဝေတော့မည်
ဇူလိုင်လ ၁၈ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
မွန်ပြည်နယ်အတွင်း လစဉ်ထုတ် သံလွင်တိုင်းမ်ဂျာနယ်ကို လာမည့် ဩဂုတ်လမှစပြီး နှစ်ပတ်တကြိမ် ထုတ်ဝေသွားမည်ဟု ဂျာနယ်ဖြန့်ချိ ရေးတာဝန်ခံ ကျော်စံဝင်းက ကေအိုင်စီသို့ ပြောသည်။
မွန်ပြည်နယ်မြို့တော် မော်လမြိုင်တွင် အခြေစိုက်သည့် သံလွင်တိုင်းမ်ဂျာနယ်ကို နှစ်ပတ်တကြိမ် ထုတ်ဝေခွင့်ရရှိရန် ဇူလိုင်လ ပထမပတ် က...
ကရင်ဒုက္ခသည်စခန်းရှိပညာရေးဝန်ထမ်းများ လစာအနည်းငယ်တိုးလာ
ဇူလိုင်လ ၁၇ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် စာသင်ကျောင်းများ၌ သင်ကြားပို့ချနေသည့် ပညာရေးဝန်ထမ်းများအား ယခုနှစ် တွင် လစာ တိုးမြှင့်ပေးလိုက်ကြောင်း ကရင်ဒုက္ခသည်ကော်မတီ-KRC မှ ပညာရေးတွဲဘက် တာဝန်ခံ(Education Coordinator) ဆရာမ နော်တဘိုးရာထူးက ကေအိုင်စီသို့ ပြောသည်။
သူမက “ဆရာ/ဆရာမတွေကို လစာတိုးစေချင်တာကတော့ အရမ်းပဲ။...





