Hay Htoo
တရုတ်နိုင်ငံရှိ လိုင်းရင်း ကချင်ဒုက္ခသည်စခန်း ထပ်မံ ရွှေ့ပြောင်းခံရ
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ လူဦးရေ တစ်ထောင်ကျော်အခြေစိုက်သည့် လိုင်းရင်းဒုက္ခသည် စခန်းမှာ ယနေ့မနက် ၉နာရီမှစ၍ လွယ်ဂျယ်မြို့ဘက်သို့ ပြောင်းရွှေ့ခံရပြီဖြစ်သည်။
ထိုဒေသရှိ ဒုက္ခသည်များကို သွားရောက်ကူညီပေးနေသည့် ကချင်ကယ်ဆယ်ရေးအဖွဲ့-WPN မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက “ဒီမနက်ပဲ ပြောင်းလိုက်တယ်။...
ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး PNLO သဘောတူ လက်မှတ်ထိုး
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နှင့် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့ ယနေ့ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် PNLO သည် ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးခဲ့ပြီး ပြည်ထောင်စုအဆင့်...
KNU နှင့်တတိယ အကြိမ်မြောက် ဆွေးနွေးရေး မြန်မာ အစိုးရ ရက်ရွှေ့ဆိုင်း
ဩဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ဩဂုတ်လ ၂၇ရက်မှ ၂၉ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် တတိယအကြိမ်မြောက် အပစ်ရပ်ရေးဆွေးနွေးမည့်ကိစ္စကို မြန်မာအစိုးရဘက်မှ အကြောင်းပြချက်မရှိ ရက်ရွှေ့ဆိုင်းလိုက်ကြောင်း KNU က ယနေ့ ကြေညာချက် ထုတ်ပြန်လိုက်သည်။
မြန်မာအစိုးရသည် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့က နှုတ်အားဖြင့် KNU...
မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတား မကြာမီ တည်ဆောက်မည်
ဩဂုတ်လ ၂၄ရက်၊ ၂၀၁၂ခုနှစ်။ နန်းယဉ် (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် မြဝတီနှင့် မဲဆောက်မြို့သို့ ဆက်သွယ်မည့် အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးကို မကြာခင် တည်ဆောက်တော့ မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုသည်။
လက်ရှိ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ အသေးစားနှင့် အလတ်စား မော်တော်ယာဉ်များသာ သွားလာနိုင်ပြီး မကြာခင် တည်ဆောက်...
လူငယ်များ၏ စကားလက်ဆောင်
စောချာ့ဒို့ဝါး - ၂၅နှစ်
ပညာအရည်အချင်း - ဆယ်တန်းလွန်ကျောင်း (Post Ten)
ဝါသနာ - နိုင်ငံရေး
ကျနော်က ဖာပွန်မြို့နယ်၊ ကွီးတမာ့(မိချောင်းဝင်း)ရွာမှာ နေပါတယ်။ မောင်နှမ၄ ယောက်ရှိပြီး ကျနော်က ၂ယောက်မြောက်သားပါ။ မိဘတွေကတော့ ရွာမှာပဲနေကြပြီး လယ်နဲ့ တောင်ယာပဲ လုပ်ပါတယ်။ ကျနော် ရွာမှာ သူငယ်တန်းကနေ...
မြန်မာအစိုးရနှင့် NGOs ကွန်ယက်တို့ NGOs မှတ်ပုံတင်ခြင်း ဥပဒေဆိုင်ရာ တွေ့ဆုံဆွေးနွေး
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
မြန်မာနိုင်ငံ၏ ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်း-NGOs မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြန်လည်ရေးဆွဲရေးကိစ္စကို NGOs ကွန်ယက်အဖွဲ့များနှင့် အစိုးရဌာန ဥပဒေရေးရာတာဝန်ရှိသူများ ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲကို နေပြည်တော်ရှိ သဂင်္ဟဟိုတယ်တွင် ညနေ ၆နာရီမှ ၈နာရီခွဲအထိ ပြုလုပ်ခဲ့ရာ ၎င်းတွေ့ဆုံပွဲ၌...
PNLO ပြည်နယ်အဆင့် အပစ်အခတ်ရပ်ရေး ဆွေးနွေးရန် ထွက်ခွာပြီ
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO သည် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုပြုလုပ်ရန် ယနေ့ ထွက်ခွာသွားပြီဟု သိရသည်။
PNLO တွေ့ဆုံဆွေးနွေးမှုကို တောင်ကြီးမြို့တွင် ပြုလုပ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည့် ဩဂုတ်လ ၂၅ရက်နေ့တွင် ပြုလုပ်နိုင် ဖွယ်ရှိသည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီအဖွဲ့ခေါင်းဆောင်...
တတိယနိုင်ငံထွက်နိုင်ရန် မယ်လဒုက္ခသည်အချို့ကို UNHCR စတင်လုပ်ဆောင်ပေး
ဩဂုတ်လ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါလေး (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထမ်းဆောင်ယန်းမြို့နယ် အခြေစိုက် မယ်လဒုက္ခသည်စခန်းမှ တတိယနိုင်ငံ ရောက်နှင့်ပြီးဖြစ်သော ဒုက္ခ သည်များအတွက် စခန်းတွင် ကျန်ရစ်နေသော မိသားစုများကို ပြန်ခေါ်နိုင်ရန် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ယမန်နေ့ က စတင်...
ပဒို စောသမိန်ထွန်းနှင့် တွေဆုံမေးမြန်းခြင်း
ကရင်အမျိုးသားအာဇာနည်နေ့နှင့် ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုစည်းရုံးရေးဌာန ဒုတာဝန်ခံ ပဒိုစောသမိန်ထွန်း အား ကေအိုင်စီမှ တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်ပါသည်။
KIC - ဒီဩဂုတ်လ ၁၂ရက်နေ့ဟာ ကရင်အမျိုးသား အာဇာနည်နေ့ဖြစ်တယ်လေ။ အခုဆိုရင် ၆၂နှစ်တောင် ရှိသွားပြီဆိုတော့ ကရင့်အာဇာ နည်နေ့ ဖြစ်ပေါ်လာပုံလေး အကျယ်တဝင့် ရှင်းပြပေးပါလား။
အာဇာနည်နေ့...
နိုင်ငံကူးလက်မှတ်လုပ်သူများ အပိုငွေ ပေးဆောင်နေရ
ဩဂုတ်လ ၂၂ရက်၊ ၂၀၁၂ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးသောရုံးတွင် သတ်မှတ်ထားသော ကုန်ကျငွေများအပြင် အပိုဆောင်ငွေများ ပေးသွင်းနေရသေး ကြောင်း နိုင်ငံကူး လက်မှတ်သွားရောက်လုပ်သူများ၏ ပြောပြချက်များအရ သိရသည်။
နိုင်ငံကူးလက်မှတ် ထုတ်ပေးရာတွင် သတ်မှတ်ထားသော စာအုပ်ဖိုး ၁၉,၀၀ဝကျပ်၊ အွန်လိုင်းဝန်ဆောင်ခ ၁၀၀ဝကျပ်၊ နိုင်ငံကူးလက်မှတ် ဆေးဖိုး၊...





