Hay Htoo
သမ္မတ လွတ်ငြိမ်းချမ်းသာခွင့် တွင် ရှေ့နေ စောကျော်ကျော်မင်း ပါဝင်
နိုဝင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ရန်ကုန်တိုင်းဒေသကြီး အင်းစိန်အကျဉ်းထောင် တရားရုံးတော်တွင် မထီမဲ့မြင်ပြုမှုဖြင့် ဖမ်းဆီးထိန်းသိမ်း ခံထားရသော ရှေ့နေစောကျော်ကျော်မင်းသည် ယနေ့နံနက် ၇နာရီတွင် လွတ်မြောက်လာပြီဖြစ်သည်။
ယနေ့ လွတ်မြာက်လာသည့် အကျဉ်းကျခံနေရသူ စုစုပေါင်း ၆ဝ ကျော်အနက် ထောင်ဝင်အမှတ် အစ/၁၂/၀၉၆၅၁/က...
မိဘမဲ့ကလေးများအတွက် ရန်ပုံငွေ ရရန် မြန်မာနိုင်ငံ အနုပညာ ရှင်များ ဩစတြေးလျနိုင်ငံတွင် ဖျော်ဖြေ
နိုဝင်ဘာ ၁၈၊ ၂၀၁၂ခုနှစ်။ စောကျော်ခွီး (ကေအိုင်စီ)
မြန်မာနိုင်ငံရှိ မိဘမဲ့ကလေးများအတွက် ရန်ပုံငွေရရှိရန် ရည်ရွယ်၍ ဆစ်ဒနီ မြန်မာ့လူမှုအဖွဲ့အစည်းမှ ကြီးမှူး ကျင်းပပြီး မြန်မာနိုင်ငံ အနုပညာရှင်များ၏ အနုပ ညာဖျော်ဖြေ တင်ဆက်မှုတရပ်ကို ဩစတြေးလျ နိုင်ငံ ဆစ်ဒနီ(Sydney)မြို့၊ Black Town ရပ်ကွက် Bowman...
အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အပြောနှင့်အလုပ် မကိုက်ညီဟု AAPP ပြောဆို
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာအစိုးရ၏ အခြေခံ ဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ (က)နှင့်အညီ လွတ်ငြိမ်းချမ်း သာခွင့်အဖြစ် ယမန်နေ့က လွှတ်ပေးလိုက်သည့် အကျဉ်းသား ၄၅၂ဦးထဲ တွင် နိုင်ငံရေးအကျဉ်းသား မပါဝင်သည့်တွက် အစိုးရသည် အပြောနှင့်အလုပ် မကိုက်ညီကြောင်း ထိုင်း နိုင်ငံ...
ယာယီပတ်စ်ပို့ ပြုလုပ်မှု ကြန့်ကြာနေသဖြင့် အလုပ်သမား များ သွားလာရေး အခက်ကြုံ
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမားအဖြစ် အလုပ် လုပ်ကိုင်နိုင်ရန် ယာယီနိုင်ငံကူးလက်မှတ်(ပတ်စ်ပို့)ပြု လုပ်ရာတွင် သတ်မှတ်ချိန်အတိုင်း အတာထက် ပိုမိုကြန့်ကြာနေ သဖြင့် အလုပ်သမားများ အတွက် သွားလာရေး အခက် အခဲ ကြုံတွေ့နေရသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ ပတ်စ်ပို့လုပ်ပေးနေသည့် ဌာနသို့ ပတ်စ်ပို့ရရှိရေးအတွက်...
စစ်လေ့ကျင့်ရေးကျောင်း တည်ဆောက်ရေးရပ်စဲရန် ကရင်နီဒေသခံတို့၏ တောင်းဆိုချက် KCSN ထောက်ခံ
နိုဝင်ဘာလ ၁၆ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ် ဖရူဆိုမြို့နယ်တွင် တည်ဆောက်နေသည့် မြန်မာအစိုးရ၏ အမှတ်-၁၄ စစ်လေ့ကျင့်ရေး သင်တန်း ကျောင်းသစ်ကို အစိုးရမှ ရပ်စဲထားရန် ဒေသခံများ၏ တောင်းဆိုထားမှုကို ထောက် ခံကြောင်း ကရင်နီ အခြေပြု လူမှုအဖွဲ့အ စည်းကွန်ယက်- KCSN...
KBC အစည်းအဝေး တက်ရောက် ရန် KNU အဖွဲ့ဝင် ၃ဦး ဖိတ်ကြားခံရ
နိုဝင်ဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာနိုင်ငံရှိ Karen Baptist Convention ခေါ် နှစ်ခြင်းခရစ်ယာန်အဖွဲ့ တစ်ခုက နိုဝင်ဘာလ ၁၇ရက်နေ့၌ အစည်းအဝေးတစ် ရပ် ပြုလုပ် မည်ဖြစ် ပြီးယင်း အစည်းအဝေးတွင် ကရင်အမျိုးသားအစည်းအရုံး-KNU မှ ကိုယ်စားလှယ် ၃ဦး အပါအဝင်...
ဖက်ဒရယ်စနစ်ကို လိုလားကြောင်း ညီနောင်တိုင်းရင်းသားပါတီများ သဘောထားထုတ်ပြန်
နိုဝင်ဘာလ ၁၃ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
မြန်မာနိုင်ငံတွင် ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးကို လိုလားကြောင်း တိုင်းရင်းသားပါတီများဖြင့် ဖွဲ့စည်းထားသော ညီနောင်တိုင်း ရင်းသားပါတီများ(Nationalities Brotherhood Forum)က နိုဝင်ဘာလ ၁၁ရက်နေ့တွင် သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
နိုဝင်ဘာလ ၁ဝရက်နှင့် ၁၁ရက်နေ့တို့တွင် ရန်ကုန်မြို့တွင် ပြုလုပ်သည့် ညီနောင်တိုင်းရင်းသားပါတီများ၏ ၁၃ကြိမ်မြောက် အစည်း...
ရွှေ့ပြောင်းကလေးများ တရားဝင် ပညာသင်ကြားခွင့်ရရန် ထိုင်းအခြေစိုက် ပညာရေး အဖွဲ့များဆွေးနွေး
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာရွှေ့ပြောင်းကလေးများ၏ အနာဂတ်တွင် တရားဝင် ပညာသင်ကြားခွင့်ရရှိရေးအ တွက် ရည်ရွယ်၍ ချင်းမိုင်အခြေစိုက် BEAM(Bridging Educational Access to Migrants) ပညာရေးအဖွဲ့နှင့် မဲဆောက်မြို့အခြေစိုက် BMTA(Burma Migrant Teacher Association)...
TNLA တပ်ကြပ်တစ်ဦး အစိုးရတပ်၏ အသတ်ခံရ
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
သျှမ်းပြည်မြောက်ပိုင်း၊ မန်းတုံမြို့နယ်ရှိ လှုပ်ရှားနေသည့် တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် မတော်-TNLA မှ တပ်ကြပ်တစ်ဦးသည် မိသားစုဝင်တစ်ဦးနာမကျန်းသဖြင့် ခွင့်ယူအိမ်ပြန်ခဲ့ရာ ၎င်း၏ဇာတိ မန် မောက်တန်တေးရွာ မရောက်မီ ပန်ကူရွာ၌ အစိုးရတပ်၏ ဖမ်းဆီးခံရကာ အသတ်ခံခဲ့ရသည်။
TNLA တွင် တာဝန်ကြီးထမ်းဆောင်နေသည့် တပ်ကြပ်အဆင့်ရှိသူ...
မဲဆောက်မြို့ရှိ တောရကျောင်းသစ်တွင် ထိုင်း-မြန်မာ စုပေါင်း ဘုံကထိန်ပွဲ ကျင်းပခဲ့
နိုဝင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံ၊ တာ့ခရိုင် မဲဆောက်မြို့ရှိ တောရကျောင်းသစ် ဘုန်းကြီးကျောင်းတွင် နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကျ ထိုင်းနှင့် မြန်မာ စုပေါင်းဘုံကထိန်ပွဲကို သိမ်တော်ထီးသစ်တင်ပွဲနှင့် တွဲ၍ ယမန်နေ့က စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပခဲ့သည်။
ယခင်နှစ်များက ဘုံကထိန်ပွဲကို ထိုင်းလူမျိုးများနှင့်အတူ မဲဆောက်ရှိ မြန်မာများမှ စုပေါင်း၍...





