Hay Htoo
မြင့်မြတ်တဲ့ ခေါင်းဆောင်ကောင်း (ကဗျာ)
(လကင်္ာဒီပ)
တစ်ဘူတာလည်း..ဒါ
နှစ်ဘူတာလည်း....ဒါ
ဗျူဟာမမြောက်တဲ့ သမိုင်းမျိုး
ရိုက်ချိုး ထိုးဖောက်အသစ်ထွင်
အမြင်ရှင် အသွင်ရှင်း
ဆောင်ကျဉ်းလာခဲ့တယ် ကမ္ဘာသစ်
နွံမနစ် ရွှေကြာများ ပွင့်လာလှည့်ပါ။
တရုတ်ကြောက် လူလိမ်ငသွမ်း
ငြိမ်းချမ်းရေး စကားပျက်လုံး
ခပ်တုံးတုံး ကိုယ်တော်တွေက
မစခင်ကတည်းက ပေါက်သင်ညိုတံဆိပ်
ခေါင်းငြိမ့်ပြီးသားတွေဆိုပဲ
တကတည်း တတ်နိုင်လွန်းပါသလေ
ပိုင်းလုံးတွေဆုံတဲ့ညက
ယမကာတွေနဲ့ ရီဝေထွေပျော်
တော်လှန်ရေးကိုတောင် သိက္ခာချခဲ့တယ်။
မီးစတဖက် ရေမှုတ်တဖက်လမ်း
ငြိမ်းချမ်းရေးလား ထိန်းချုပ်ရေးလား
နားလှည့် ပါးရိုက်လုပ်မနေနဲ့
စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်
တရက်တောင် အရွေ့မခံချင်ပါဘူး။
အခြေခံလူထုရဲ့ ငိုကြွေးသံများ
မကြားမိလိုက်တာလား
မကြားဟန်ပြုခဲ့တာလား
ပိုင်းလုံးနထိုင်း(နားထိုင်း)လိုကြွက်ချေး
မြေခွေးကိုမှ ပထွေးတော်ချင်သကိုး
တမျိုးသားလုံးကို မထောက်ညှာ
သူ့တွက်သာလျှင် ကြည့်တဲ့လူစား။
လာလမ်းကိုလည်း မမေ့နဲ့
အတိတ်ရဲ့အရိပ်မည်း...
၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင် ဆုရှင်ကို အမည်စာရင်း အဆိုတင်သွင်းနိုင်ပြီ
နိုဝင်ဘာလ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
၂၀၁၂ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင် ဆုရှင်ကို အမည်စာရင်း စတင် အဆိုတင်သွင်းနိုင် ပြီ ဖြစ်ကြောင်း ဖန်းဖောင်ဒေးရှင်းမှ ယမန်နေ့ က ကြေညာလိုက်ပြီဖြစ်သည်။
အဆိုပါဆုမှာ ကရင်လူမှုအဖွဲ့အစည်းအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ၍ အသက် ၃၅နှစ် ထက် မကျော်လွန်...
မြဝတီမြို့နယ်၊ ထီးဝါ့ဘလောရွာ တွင် BGF တပ်သားသစ် ၈ဦး ဗိုလ်ချစ်သူ စည်းရုံးရရှိခဲ့
နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
နယ်ခြားစောင့်တပ်-BGF တပ်သားသစ်စုဆောင်းရရှိရေး အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အတွင်းရှိ ထီးဝါ့ဘလောကျေး ရွာတွင် BGF အမှတ်(၃) တိုက်နယ်မှူး ဗိုလ်မှူးကြီးစောချစ်သူကိုယ် တိုင် သွားရောက်စည်းရုံးခဲ့ရာ တပ်သားသစ် ၈ဦး ရရှိခဲ့သည် ဟု သိရသည်။
ထီးဝါ့ဘလောကျေးရွာ၌ ယခင်က...
ငြိမ်းချမ်းရေးကိစ္စ သတိရှိရန် KNU ကို ပြည်တွင်း ကရင်လူမှုအဖွဲ့ အစည်းများ ပြောဆို
နိုဝင်ဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခါွးလေး (ကေအိုင်စီ)
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ လုပ်ဆောင်ရာတွင် ကရင်အမျိုးသားအစည်းအရုံး-KNU အနေဖြင့် သတိရှိရန်နှင့် ပြည်သူလူထုအ ကျိုးကို ရှေးရှု ရန် ပြည်တွင်း ရှိ ကရင်လူမှုအဖွဲ့အစည်း များက ရန်ကုန်တိုင်း၊ အလုံမြို့ နယ်ရှိ Myanmar Baptist Convention –...
လိင်ကွဲပြားမှုအပေါ် အခြေခံသည့် ၁၆ရက်တာ လှုပ်ရှားမှုအထိမ်း အမှတ် KWO ကျင်းပ
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
လာမည့် နိုဝင်ဘာလ ၂၅ရက်နေ့မှ ဒီဇင်ဘာလ ၁ဝရက်နေ့အထိ ကျရောက်သော လိင်ကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများအား ဆန့်ကျင်သော ၁၆ရက်တာလှုပ်ရှားမှု၏ အထိမ်းအမှတ်ကို ဂုဏ်ပြု၍ ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ယနေ့ အခမ်းအနားတစ်ရပ် ကျင်းပခဲ့သည်။
၁၆ရက်တာလှုပ်ရှားမှုဟူသည်...
အဖွဲ့အစည်းကွဲမည် မဟုတ် ဟု ကေအဲန်ယူ ပြော
နိုဝင်ဘာလ ၂၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
စက်တင်ဘာလက ဖွင်းလှစ်ခဲ့သည့် ဖားအံဆက် ဆံရေးရုံးဖွင့်ခြင်းနှင့် ပတ်သက်၍ အဖွဲ့အစည်းတွင် အကွဲအပြဲရှိ နိုင်သည်ဟု သတင်းများ ထွက်ပေါ်နေခြင်းမှာ မဟုတ်မမှန်ကြောင်း ကရင်အမျိုးသားအစည်း အရုံး-ကေအဲန်ယူ က ယနေ့ထုတ်ဖော်ပြောကြား လိုက်သည်။
ကေအဲန်ယူ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “တလောက ကျနော်တို့ရဲ့...
တောင်ငူခရိုင်တွင် လေယာဉ်ဖြင့် အစိုးရတပ် စစ်ရေးလေ့ကျင့် ၍ ဒေသခံများ စိုးရိမ်ထိတ်လန့်နေ
နိုဝင်ဘာလ ၂ဝ ရက်၊ ၂၀၁၂ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ် နယ်မြေ တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ယခုရက်ပိုင်း အတွင်း မြန်မာအစိုးရစစ်တပ် ဘက်မှ လေယာဉ်ဖြင့် စစ်ရေးလေ့ကျင့်မှု များ ပြုလုပ်နေသဖြင့် ထိုဒေသရှိ ဒေသခံရွာသူ ရွာသားများမှာ စိုးရိမ်ထိတ်လန့်မှုဖြစ်နေကြသည်ဟု သိရသည်။
မြန်မာအစိုးရတပ်သည်...
မြန်မာနိုင်ငံရှိ လူမှုအခြေပြုအဖွဲ့ အစည်းများကို သမ္မတအိုဘားမား ချီးကျူးစကားဆို
နိုဝင်ဘာလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
တိုင်းပြည်ပြုပြင်ပြောင်းလဲမှုတွင် ယနေ့အခြေအနေအထိ တိုးတက်ပြောင်းလဲမှု ဖြစ်လာရခြင်းမှာ မြန်မာနိုင်ငံရှိ လူထုအခြေပြုအဖွဲ့အစည်းများ၏ ကြိုပမ်းအားထုတ်မှု လည်းပါဝင်ကြောင်း အမေရိကန်ပြည်ထောင် စု သမ္မတ ဘရက်အိုဘားမားက ယမန်နေ့၌ ချီးကျူးစကား ပြောဆို လိုက်သည်။
မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် အလည်အပတ်ရောက် ရှိခဲ့သော သမ္မတ...
ဘုရားသုံးဆူတွင် ပြည်သူ့ စစ်ခေါင်းဆောင်အိမ် ဖောက်ထွင်းခံရ
နိုဝင်ဘာလ ၂ဝရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ဖောက်ထွင်းခိုး ယူမှုများ ဆက်တိုက်ဖြစ်ပွားနေသည်နှင့်အမျှ ယနေ့မနက် ၃နာရီခန့်တွင် ဘုရားသုံးဆူမြို့ ရပ်ကွက် (၁)ရှိ ပြည်သူ့ စစ်ခေါင်းဆောင် ဦးမင်းသိန်း ၏ နေအိမ် ဖောက်ထွင်းခံရ သည်ဟု သိရသည်။
အိမ်ဖောက်ထွင်းခံရသူ ဦးမင်းသိန်းက “သူခိုးက...
KSNG မှ ကရင်ကျောင်းသားများ ချစ်ကြည်ရေး အားကစားပြိုင်ပွဲ KNU တပ်မဟာ (၇)တွင် သွားရောက်ကျင်းပ
နိုဝင်ဘာလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကရင်အမျိုးသားအစည်းအရုံး-KNU ဖားအံခရိုင်၊ တပ်မဟာ(၇)အတွင်းရှိ ကလေ့ဖိုးကလိုး ရွာတွင် ကရင်ကျောင်းသားများ ကွန်ယက်အဖွဲ့-KSNG မှ ကြီးမှူး၍ ကျောင်းသားကျောင်းသူများအတွက် ချစ်ကြည်ရေး အားကစားပြိုင်ပွဲတရပ်ကို နိုဝင်ဘာလ ၁၉ ရက်မှ ၂၃ရက်နေ့အထိ သွားရောက်ကျင်းပပေး လျှက်ရှိသည်။
ကရင်ကျောင်းသားကျောင်းသူများအချင်းချင်း ဆက်သွယ်ရေးကောင်းမွန်လာမှု၊...





