Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

ကရင်နီပြည်နယ် ‌ဒေါ‌ဆော်ဖျ‌ကျေးရွာ မီး‌လောင်၍ လူ ၃၀၀‌ကျော် အိုးမဲ့အိမ်မဲ့ဖြစ်‌နေ

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ကရင်နီ(ကယား)ပြည်နယ် ဒီ‌မော့ဆိုမြို့နယ် ‌ဒေါတ မကြီး‌ကျေးရွာအုပ်စု ‌ဒေါ‌ဆော်ဖျရွာတွင် စိတ်ကျန်းမာ‌ရေးချို့တဲ့သူတစ်ဦးမှ မီးရှို့သဖြင့် မီး‌လောင်မှုဖြစ်ပွားရာ လူနှစ်ဦး‌သေဆုံးပြီး လူ ၃၇၄ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ မီး‌လောင်မှုကို ယခုလ ဇန်နဝါရီ ၁၆ ရက်‌နေ့၊ မနက် ၁ဝနာရီခွဲ၌...

ခ‌နောက်စိမ်းသတ္တုစမ်းသပ်တူး‌ဖော် ရန် မြကန်သာကုမ္ပဏီနှင့် ပြည်နယ် အစိုးရ သ‌ဘောတူ

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့နယ်ခွဲ၊ ‌တောင်က‌လေး‌ကျေးရွာ အုပ်စု၊ ‌လေသာပ‌လော‌ဒေသတွင် ခ‌နောက်စိမ်းသတ္တု စမ်းသပ်တူး‌ဖော်ရန် ပြည်နယ်အစိုးရနှင့် မြကန်သာသတ္တု တူး‌ဖော်‌ရေး ကုမ္ပဏီလီမိတက်တို့ သ‌ဘောတူ ညီလိုက်ပြီဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။ ပြည်‌ထောင်စုဝန်ကြီး သတ္တုတွင်းဝန်ကြီးဌာန ‌နေပြည်‌တော်သို့ ‌ပေးပို့သည့် ကရင်ပြည်နယ်အစိုးရ၏...

ဒီ‌ကေဘီ‌အေတပ်သားတစ်ဦး ‌မြေမြုပ် မိုင်း နင်းမိ

ဇန်နဝါရီလ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲ့ကနဲ‌ကျေးရွာအနီးတွင် ယ‌နေ့မနက် ၁ဝနာရီ‌ကျော်၌ ဒီမိုက‌ရေစီကရင်အကျိုးပြု တပ်မ‌တော်-ဒီ‌ကေဘီ‌အေမှ အသက် ၂၇နှစ်အရွယ် တပ်သား‌စောဖါးဒို့ခို့သည် ‌မြေမြုပ်မိုင်းထိ၍ ညာဘက်‌ခြေ‌ထောက် ဖြတ်သွားခဲ့သည်။ ယင်းမိုင်းထိသည့် တပ်သားသည် ဒီ‌ကေဘီ‌အေ ကလို့ထူး‌ဘောဗျူဟာ လက်‌အောက်ခံ တပ်ရင်း(၉၀၉)၊ တပ်ခွဲ(၃)မှ ဖြစ်ပြီး...

ကွယ်လွန်သူ KNU ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြနှင့် သားကြီး‌စော‌နေ‌ကော်တို့အတွက် ဝတ်ပြုဆု‌တောင်း

ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ကွယ်လွန်သူ ကရင့်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌ‌ဟောင်း ဗိုလ်ချုပ်ကြီး‌စောဘိုမြနှင့် သားကြီး ‌စော‌နေ‌ကော်မြတို့အား ရည်စူး၍ ကျန်ရစ်သူမိသားစုမှ သတိရ‌အောက်‌မေ့သည့်အ‌နေဖြင့် ခရစ်ယာန်ဘာသာအရ ဝတ်ပြုဆု‌တောင်းပွဲကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့၊ ‌ဟွေးမယ်ပရွာတွင် ယ‌နေ့ ပြုလုပ်ခဲ့ကြသည်။ ဘဝတစ်ပါး ကူး‌ပြောင်းသွားသူ ၎င်းတို့နှစ်ဦးအတွက် သတိရ‌အောက်‌မေ့သည့်အ‌နေဖြင့်လည်း‌ကောင်း၊ “‌ကောင်းရာသုဂတိ...

ထိုင်းပြည်ထဲ‌ရေးဝန်ကြီးနှင့်အဖွဲ့ မယ်လဒုက္ခသည်စခန်း သွား‌ရောက်‌လေ့လာ

ဇန်နဝါရီလ ၁၇ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ) ထိုင်းပြည်ထဲ‌ရေးဝန်ကြီး နိုင်ကျာရုဖုန် ‌ရေယန်ဆုဝမ် အပါအဝင် ထိုင်းတာ့ခ်ခရိုင်မှူးနှင့် ထာ့‌ဆောင်ယန်း မြို့နယ်မှူးတို့သည် ထိုင်း နိုင်ငံ၊ တာ့ခ်ခရိ်ုင်၊ ထာ့‌ဆောင်ယန်းမြိ့နယ်အတွင်းရှိ မယ်လကရင်ဒုက္ခသည်စခန်းသို့ ယမန်‌နေ့က သွား‌ရောက်‌လေ့လာခဲ့သည်။ ၎င်းခရီးစဉ်၌ ထိုင်းပြည်ထဲ‌ရေးဝန်ကြီးနှင့် အဖွဲ့က မယ်လစခန်း‌ကော်မတီ၊ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ကူညီ‌စောင့်‌ရှောက် ‌ရေးညွှန့်‌ပေါင်းအသင်း(TBBC)နှင့်...

ခရာဘွမ်တွင် အစိုးရစစ်တပ်နှင့် KIA အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်

ဇန်နဝါရီလ ၁၆ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ကချင်ပြည်နယ်၊ လိုင်ဇာမြို့၏ အ‌နောက်ဘက် ကချင်လွတ်‌မြောက်‌ရေးတပ်မ‌တော်-KIA ထိန်းချုပ်ရာ ခရာဘွမ်‌တောင်စခန်းတွင် အစိုးရစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက် ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။ KIO မှ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦးလနန်က “ဒီ‌နေ့မနက် ၈နာရီကစတင်ပြီး‌တော့ လိုင်ဇာစခန်းရဲ့...

ပုလဲသွယ်စပ်မျိုးစပါး မစိုက်ရ‌ရေးအတွက် ကျိုင်းတုံ ဆန်စပါးအသင်း ညှိနှိုင်း‌နေ

ဇန်နဝါရီလ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ ‌နော်ဆဲကလယ် (‌ကေအိုင်စီ) ပုလဲသွယ်စပ်မျိုးစပါးများကို အစိုးရ စီမံချက်ဖြင့် စိုက်ပျိုးရမည်ဆိုပါက ‌တောင်သူများ ခက်ခဲနိုင်သဖြင့် ညှိနှိုင်းမှုများ ပြုလုပ်‌နေ‌ကြောင်း သျှမ်းပြည်နယ် ကျိုင်းတုံမြို့မှ ဆန်စပါးအသင်းဥက္ကဌ ဦး‌အောင်ဖြူက ယခုရက်ပိုင်းအတွင်း၌ ‌ပြောကြားလိုက်သည်။ ဦး‌အောင်ဖြူက “ကျ‌နော်တို့ ဒီအမျိုး‌တွေကိုယူပြီး တရုတ်နိုင်ငံ ကျင်းဟိုက တရုတ်ဝယ်လက်‌တွေကို...

ရန်ကုန်ရှိ အာလိန်ငါးဆင့် နှစ်သစ်ကူး ပွဲ‌တော်သို့ KNU ‌ခေါင်း‌ဆောင်အချို့ တက်‌ရောက်

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ စဖန်း‌ရှောင်း (‌ကေအိုင်စီ) ရန်ကုန်တိုင်း‌ဒေသကြီး အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဂဂင်္ဘာ အာလိန်ငါးဆင့်တွင် ကျင်းပ‌သော ၇၅နှစ်‌မြောက် ကရင်နှစ်သစ်ကူး စိန်ရတုပွဲ‌တော်သို့ ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူမှ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ပဒို‌စောသမိန်ထွန်းနှင့် ပဒို‌စော အယ်ကလူ‌စေးတို့ တက်‌ရောက်ခဲ့ကြသည်။ ၂၇၅၂ ခုနှစ်၊ ပြာသိုလဆန်း ၁ (ဇန်နဝါရီလ ၁၂)ရက်‌နေ့တွင် ကျ‌ရောက်‌သော...

အ‌မေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲနှင့် KNU ‌တွေ့ဆုံ

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ ဖိုးခွါး‌လေး (‌ကေအိုင်စီ) ကရင်အမျိုးသားအစည်းအရုံး-KNU သည် မြန်မာနိုင်ငံလုံးဆိုင်ရာ အ‌မေရိကန် သံအမတ်ကြီး ဒဲရက်မစ်ချဲလ် (Derek Mitchell) နှင့် ဇန်နဝါရီလ ၁၁ရက်က ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂နာရီအချိန်ကြာ ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြသည်။ ဒဲရက်မစ်ချဲလ်အား ‌တွေ့ဆုံ‌ဆွေး‌နွေးရာတွင် KNU ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး...

JaGuar စတီးစက်ရုံ အလုပ်သမားဆန္ဒပြမှု ကြားဝင် ကူညီခြင်း‌ကြောင့် ‌ပြေလည်မှုရရှိ

ဇန်နဝါရီလ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူး‌လေ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ JaGuar(ဂျာဂွါ) စတီးစက်ရုံတွင် ထိုင်းအလုပ်ရှင်မှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၁ဝဦး ကို အလုပ်ထုတ်ပယ်ခဲ့၍ ယခုလ ၄ရက်‌နေ့က ကျန်အလုပ်သမားများ ဆန္ဒထုတ်‌ဖော်မှုဖြစ်ပွားကာ မြန်မာ‌ရွှေ့‌ပြောင်း ကူညီ‌ပေး‌နေသည့် အဖွဲ့အစည်းများ၏ ကြားဝင်ကူညီ‌ပေးမှု‌ကြောင့် ‌ပြေလည်မှု ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည်...
Donate