Hay Htoo
ဩစတြေးလျားတွင် သမ္မတ ဦးသိန်းစိန်ကို ဆန္ဒပြ
မတ်လ ၁၈ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
နယူးဇီလန်နိုင်ငံမှတဆင့် ဩစတြေးလျားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသည့် မြန်မာသမ္မတ ဦးသိန်းစိန် ကို ဩစတြေးလျားရောက် မြန်မာနိုင်ငံသား ၂၀ဝ ကျော်က ယနေ့ ဆန္ဒပြခဲ့ကြသည်။
သမ္မတဦးသိန်းစိန်ကို ဩစတြေးလျားနိုင်ငံ၊ ကင်ဘာရာမြို့တော်ရှိ ဘုရင်ခံချုပ်အိမ်ရှေ့တွင် နေ့လည် ၁၂ နာရီ မှ...
ကရင်ပန်းချီဆရာများ စုပေါင်း၍ ရန်ကုန်တွင် ပထမဆုံးအကြိမ် ပန်းချီပြပွဲပြုလုပ်
မတ်လ ၁၈ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပန်းချီဆရာများမှ စုပေါင်း၍ ပန်းချီ၊ ပန်းပုပြပွဲ တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ အမှတ်-၁၆၁၊ ဗိုလ်ဆွန်ပက်လမ်းအလယ်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်တွင် မတ်လ ၁၅ ရက်နေ့မှ စတင်ကာ ၂၁ ရက်နေ့ ထိ ပြသမည်ဖြစ်ကြောင်း...
မြဝတီမြို့နယ် ထင်းရှူးတောင်ကျေး ရွာ ဘ-ကစာသင်ကျောင်း လာမည့်နှစ်အတွက် ပညာရေးပံ့ပိုးမှု အရေးတကြီးလိုအပ်
မတ်လ ၁၅ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အပိုင် ထင်းရှူးတောင်ကျေးရွာအတွင်းရှိ ကိုယ်ထူကိုယ်ထစနစ်ဖြင့် တည် ထောင်ထားသော ဘ-က (ဘုန်းတော်ကြီးသင်ပညာရေးကျောင်း) မှုလတန်းကျောင်းတွင် လာမည့်ပညာသင်နှစ်အတွက် အကူ အညီများစွာ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါစာသင်ကျောင်းကို ထင်းရှူးတောင်ကျေးရွာ ရန်ကင်းအောင်...
မြစ်ဆုံဒေသခံများ နေရပ်ပြန် လည်နေထိုင်နိုင်ရေးအတွက် ဆုတောင်းပွဲပြုလုပ်
မတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း အပါအဝင် အခြားသောရေကာတာ စီမံကိန်းများ ရပ်တန့်ပြီး ပြောင်းရွှေ့နေထိုင်ခဲ့ရ သည့် ဒေသခံများ နေရပ်ပြန်လည်အခြေချနိုင်ရေးအတွက် ကချင်ပြည်နယ်အခြေစိုက် လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့နှင့် ဒေသခံများက မြစ်ဆုံနေရာတွင် လူတစ်ရာကျော် ဆုတောင်းပွဲပြုလုပ်ခဲ့ကြသည်။
ဆုတောင်းပွဲတွင်...
ကွင်းကလေးရွှေတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီ
မတ်လ ၁၄ရက်၊ ၂၀၁၃ခုနှစ်။ (ကေအိုင်စီ)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြံခါးချောင်း(ခရူးခီး)အုပ်စု၊ ကွင်းကလေးရွာအနီးရှိ ရွှေတူးဖော်ရေးလုပ်များကို မတ်လဆန်းပိုင်းမှ စ၍ ရပ်ဆိုင်းလိုက်ပြီဟု ကရင်အမျိုးသားအစည်းအရုံး-KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ တာဝန်ရှိသူများက ပြောကြားလိုက်သည်။
KNU သထုံခရိုင်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးက “အခုက နွေရာသီရောက်လာပြီဆိုတော့ အဲဒီရွှေတူးတဲ့နေရာ တွေမှာ ရေတွေ...
လယ်ယာမှုခင်းအတွက် ဖြေရှင်းပေး ရန် မရမ်းတစ်ပင် အုပ်ချုပ်ရေးမှူး ရှောင်တိမ်း
မတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ နော်ဆဲကလယ် (ကေအိုင်စီ)
တွံတေးမြို့နယ် ဘုရားကြီးတိုက်နယ်၊ မရမ်းတစ်ပင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးသည် ရွာရှိလယ်သမားတစ်ဦး၏ လယ်ယာမှုခင်းပြဿနာအတွက် ဖြေရှင်းရန် မြို့နယ်မြေစာရင်းမှ ချိန်းဆိုသောနေ့ တွင် ရှောင်တိမ်းခဲ့သည်ဟု ဒေသခံရွာသားများက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၆ရက်(ဗုဒ္ဓဟူး)နေ့က မြို့နယ်မြေစာရင်းမှ အခင်းဖြစ်ရာ မူလမြေပိုင်ရှင် စောဖဝေး(ခေါ်) ဦးသိန်းဝင်းနှင့်...
ကရင်နီပြည်နယ်တွင် နှုတ်ထွက်သည့် NLD ပါတီဝင် တစ်သောင်းကျော် ပါတီသစ်တည်ထောင်ဖွယ်ရှိ
မတ်လ ၁၃ရက်၊ ၂၀၁၃ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ပါတီအဖွဲ့ဝင် တစ်သောင်းကျော်သည် ပါတီမှ မတ်လ ၈ရက်နေ့တွင် နုတ်ထွက်ကြပြီးနောက် တိုင်းရင်းသားပါတီသစ်တစ်ခု တည်ထောင်သွား ဖွယ်ရှိမည်ဟု စုံစမ်းသိရှိရသည်။
NLD ဗဟိုကော်မတီမှ ဗဟိုဦးစီးချုပ်ကိုင်မှုများ ပြုလုပ်ခြင်း၊ ပြည်နယ်အတွင်းရှိ ပါတီဝင် တိုင်းရင်းသားများအပေါ် ခွဲခြားခြင်းဝါဒ...
မဲဆောက်ရှိအထည်ချုပ်စက်ရုံ မြန်မာ အလုပ်သမား ၁၈ ဦး ခြိမ်းခြောက်ခံရပြီး အလုပ်မှ ထုတ်ပယ်ခံရ
မတ်လ ၁၂ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ မယ်တော်တာ့ရပ်ကွက် အတွင်းရှိ အရပ်ခေါ် နဂါးနှစ်ကောင် အထည်ချုပ် စက်ရုံတွင် မြန်မာအလုပ်သမား ၁၈ ဦးကို အလုပ်ရှင်က ခြိမ်းခြောက်ပြီး မတ်လ ၁ဝ ရက်နေ့ ညနေပိုင်းတွင်...
ဖားအံမြို့နယ် တောင်ကလေး တွင် နွေရာသီကျောင်းပိတ်ရက် အတွင်း ပြဇာတ်သင်တန်း ဖွင့်လှစ်မည်
မတ် ၁၂ရက်၊၂၀၁၃ ခုနှစ်။ စောညွန့်သောင်း (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင်အကြီးဆုံးဖြစ်သော တောင်ကလေး ဘုန်းတော်ကြီးသင်ပညာရေး (ဘ.က) ကျောင်းသည် နွေရာသီကျောင်းပိတ်ရက် ဧပြီလ ၁ရက်နေ့မှစ၍ ရက်တိုသင်တန်းအဖြစ် တပတ်တိတိ နယ်စည်း မခြား ပြဇာတ်သင်တန်း ဖွင့်လှစ်သင်ကြားမည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်များအတွင်း (ဘ.က)တွင် နွေရာသီကျောင်းပိတ်ရက်၌ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်း၊...
လိုက်လျောညီထွေသည့် ကျန်းမာရေးစနစ် ဆက်လက်ဆောင်ရွက်သွားမည်ဟု HCCG ပြော
မတ်လ ၁၁ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရနှင့် တိုင်းရင်းသားအဖွဲ့အစည်းများ အကြား နိုင်ငံရေးဆွေးနွေးမှုများနှင့်အညီ လိုက်လျောညီထွေစွာ ပြည်နယ်၊ ပြည်ထောင်စု၏ ကျန်းမာရေးစနစ်ကို ဆုံချက်ရယူတည်ဆောက်ပြီးသည်အထိ ဆက်လက် ဆောင် ရွက်သွားမည်ဟု ကျန်းမာရေးဆိုင်ရာဆုံချက်ရနိုင်ရေးဆောင်ရွက်မည့် အစုအဖွဲ့-HCCG က ယနေ့ ပြောကြားလိုက်သည်။
HCCG ၏ ပြောခွင့်ရ ဒေါက်တာစင်သီယာမောင်က...





