Home Authors Posts by Hay Htoo

Hay Htoo

3506 POSTS 0 COMMENTS

စစ်ရှောင်ကျောင်းသားလူငယ်များကိုအတင်းအဓမ္မပြန်ခိုင်းသည့် ထိုင်းအစိုးရ၏ လုပ်ရပ်အပေါ် ဥရောပရောက် ကရင်များ အပြင်းအထန်ရှုတ်ချ

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ မြဝတီတောင်ဘက်ရှိ သေ့ဘောဘိုးကျေးရွာမှ တစ်ဖက် ထိုင်းနိုင်ငံဖက်ခြမ်းသို့ တိုက်ပွဲရှောင် ထွက်ပြေးနေရသည့် ကျောင်းသူ၊ ကျောင်းသားနှင့် ကျောင်းဆရာ၊ ဆရာမများကို ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ထိုင်းနယ်ခြားစောင့် စစ်တပ်ဘက်မှ လှေဖြင့် အတင်းအဓမ္မပြန်ခိုင်းသည့်လုပ်ရပ်အပေါ် အပြင်းအထန် ရှုတ်ချ...

မြဝတီ−မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားတွင် ကုန်တင်ကားကြီးများကို စတင်သွားလာခွင့်ပြု

အောက်တိုဘာလ (၅)ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ထိုင်း−မြန်မာနယ်စပ်ရှိ မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ယနေ့ အောက်တိုဘာလ (၅)ရက်နေ့ နံနက်(၆)နာရီမှစ၍ ကုန်တင်ကားကြီးများကို စတင်ဖြတ်သန်းသွားလာခွင့်ပြုနေပြီဖြစ်ကြောင်း ယာဉ်မောင်းသူများထံမှ သိရှိရသည်။ ထိုင်း−မြန်မာနယ်စပ် အမှတ်(၂)ချစ်ကြည်ရေးတံတားကို ဖြတ်သန်းခွင့်ပြုရန် မြဝတီရှိ နယ်စပ်ကုန်သွယ်ရေးတာဝန်ရှိ လူကြီးများနှင့်၊ ထိုင်းအာဏာပိုင်းများက ညှိနှိုင်းဆွေးနွေးပြီး ယနေ့...

ရေတိုက်စားကာ ချောင်းကူးတံတားပြိုကျ၍ ဒေသခံများ သယ်ယူပို့ဆောင်ရေး အခက်ကြုံ

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ လှိုင်းဘွဲမြို့နယ်ရှိ ထီးပရီးကျေးရွာအဝင် ချောင်းကူး သံကူကွန်ကရစ်တံတားတစ်စင်းမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်က တောင်ကျရေ တိုက်စားမှုကြောင့် ပြိုကျပျက်စီးသွားခဲ့သဖြင့် ရွာသားများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုအခက်ကြုံလာရသည်ဟု ထီးပရီးကျေးရွာသူရွာသားများထံမှ သိရှိရသည်။ အရှည် ၁၀ပေရှိ အဆိုပါတံတားပျက်စီးမှုကြောင့် ဒေသခံများအနေဖြင့် သယ်ယူပို့ဆောင်ရေးများအတွက် ပို၍ခက်ခဲ...

မြို့အနှံ့လုံခြုံရေးကင်မရာများ တပ်ဆင်ထားသော်လည်း ဖားအံမြို့တွင် ခိုးမှုများ ယခင်ထက် ပိုမို ဖြစ်ပွား လျက်ရှိ

အောက်တိုဘာ ၅ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ၊၊ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် မြို့အနှံ့လုံခြုံရေးကင်မရာ (CCTV) များ တပ်ဆင်ထားသော်လည်း မြို့တွင်း ည ဘက် အချိန်မတော် ခိုးယူမှုများ ယခင်ကထက် ပိုမိုဖြစ်ပွားလာလျက်ရှိကြောင်း မြို့ခံ ပြည်သူများက ကေအိုင် စီသို့ ပြောသည်၊၊ ဖားအံမြို့တွင် ပြီးခဲ့သည့် လပိုင်းများက မြို့အနှံ့လုံခြုံရေးကင်မရာများကို...

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် (KNLA)တပ်ဖွဲ့တို့ ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့

အောက်တိုဘာလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့တွင် အောက်တိုဘာလ(၄)ရက် နံနက် (၁၀)နာရီနှင့် နေ့လည် (၁၂)နာရီအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တပ်ဖွဲ့တို့အကြား ထိတွေ့ ပစ်ခတ်မှု (၂)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ကြာအင်းဆိပ်ကြီး ဗျူဟာကုန်းပေါ်သို့ အင်အင်းဖြည့်တင်းရန် တက်လာသည့် စစ်ကောင်စီတပ်...

KNU တပ်မဟာ (၅) တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့်အပါအဝင် ထိခိုက်ကျဆုံးမှုများပြား

အောက်တိုဘာ ၅ ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-KNU၊ အမှတ်(၅) တပ်မဟာနယ်မြေအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ တစ်လအ တွင်း စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်(BGF)နှင့် နယ်မြေခံကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း အကြိမ်ရေ တစ်ရာကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးအဆင့် အပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့ကြောင်း KNU...

စစ်ကောင်စီ၏ တပ်မ ၄၄ တပ်မမှူးအနားပေးခံရ

အောက်တိုဘာ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ခဲ့သော စစ်ကောင်စီတပ်မ(၄၄)၏ တပ်မ မှူးဗိုလ်မှူးချုပ်တင်မိုးနိုင်အား အောက်တိုဘာလ ၂ရက်နေ့မှစ၍ စစ်ဖက်ရာထူးမှ အနားပေးလိုက်ကြောင်း စစ်ဖက် သတင်းရပ်ကွက်မှ စုံစမ်းသိရှိရသည်။ မြဝတီမြို့၊ ဖလူး-ဝေါလေ ဒေသတွင် စစ်ဆင်ရေးဝင်နေသော တပ်မမှူးဗိုလ်မှူးချုပ်တင်မိုးနိုင်သည် စစ်ဆင်ရေးတာဝန် များ ကျေပြွန်စွာ...

တိုက်ပွဲများကြောင့် လမ်း၊ တံတား ပျက်စီးသဖြင့် ကမမောင်း-ကတိုင်တိ သွားလာရေးခက်ခဲ

အောက်တိုဘာ ၄ရက်၊ ၂၀၂၂ခုနှစ်။ ကေအိုင်စီ ဖာပွန်မြို့နယ်ရှိ ကမမောင်းနှင့် ကတိုင်တိကျေးရွာကို ဆက်သွယ်ထားသည့် လမ်း၊ တံတားများမှာ တိုက်ပွဲကြောင့် ပျက် စီးမှုများရှိနေသဖြင့် ပြည်သူများ သွားလာရေးခက်ခဲနေကြောင်း ဒေသခံများ၏ ပြောပြချက်များအရ သိရသည်။ “ကတိုင်တိနားက ရွာတွေလောက်ပဲ လာလို့ရတယ်။ ကမမောင်းဘက်တွေဆို သွားလို့မရဘူး။ ကတိုင်တိ − ကမမောင်း...

ပြည်သူများ ထားဝယ်ရိုးရာသပိတ်မျှောပွဲ မသွားကြရန် ထားဝယ်-ပကဖ အဖွဲ့ မေတ္တာရပ်ခံ

အောက်တိုဘာ ၄ရက်၊ ၂၀၂၂ခုနှစ်၊၊ ကေအိုင်စီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် လာမည့် အောက်တိုဘာလ ၉ရက်နေ့ တိုင်းဒေသစစ်ကောင်စီက ကျင်းပ မည့် ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ကို မသွားကြရန် ထားဝယ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ထားဝယ်-ပကဖ)က အောက်တိုဘာလ (၂)ရက်၊ ယမန်နေ့တွင် အသိပေးချက် ထုတ်ပြန်ထားသည်၊၊ ထားဝယ်မြို့နယ် တလိုင်းမရပ်ကွက်၊ ဆိပ်ကမ်းသာ ကမ်းနားလမ်းရှိ မြစ်ကမ်းတွင်...
Donate