Home သတင်း ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမည့် ‌ကေ အဲန်ယူ နှင့် မြန်မာအစိုးရကို KCBO ကြိုဆို

ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမည့် ‌ကေ အဲန်ယူ နှင့် မြန်မာအစိုးရကို KCBO ကြိုဆို

1763
ဇန်နဝါရီ ၁ဝရက်၊ ၂၀၁၂။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU ‌ခေါင်း‌ဆောင် များနှင့် မြန်မာ သမ္မတ ဦးသိန်းစိန်အစိုးရ၏ ငြိမ်းချမ်းမှု ‌ဆွေး‌နွေး‌ရေး ကိုယ်စားလှယ်တို့ ငြိမ်းချမ်း‌ရေးအတွက် ပြုလုပ်မည့် ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ကို ကြိုဆို‌ကြောင်း ထိုင်း-မြန်မာနယ်စပ် အ‌ခြေ စိုက် ကရင်လူမှုအဖွဲ့အစည်းများ-KCBO က ‌ပြောဆိုလိုက်သည်။

ယခုလ ဇန်နဝါရီ ၁၂ရက်‌နေ့၊ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် KNU နှင့် မြန်မာအစိုးရတို့ ငြိမ်းချမ်း‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေးရန် ရှိ‌နေချိန်တွင် KCBO မှ ယမန်‌နေ့က ထိုသို့ သ‌ဘောထားထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

KCBO ၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ‌စောအယ်ထူးစိုးက “ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေ မြန်မာအစိုးရနဲ့ ငြိမ်းချမ်း‌ရေးစကား သွား ‌ပြောမယ်ဆို‌တော့ သူတို့ရဲ့ လုပ်‌ဆောင်မှုကို အသိအမှတ်ပြုတဲ့အ‌နေနဲ့ အခုလို ကြိုဆိုတဲ့စာ ထုတ်တာပါ။ ကရင်အမျိုးသား အတွက် တခုတည်းမဟုတ်ဘဲ မြန်မာတနိုင်ငံလုံးအတွက် ငြိမ်းချမ်း‌ရေးကို သူတို့ ရယူနိုင်လိမ့်မယ်လို့ ‌မျှော်လင့်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU သည် ကရင်တမျိုးသားလုံး၏ ကိုယ်စားဖြစ်သကဲ့သို့ မြန်မာအစိုးရနှင့် သွား‌ရောက်‌ဆွေး‌နွေးရာတွင် အ‌ကောင်းဆုံးနှင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ဖြင့် လုပ်‌ဆောင်သွားလိမ့်မည်ဟု ယုံကြည်‌ကြောင်းလည်း သူက ဆက်‌ပြောသည်။

မြန်မာအစိုးရနှင့် ဘားအံမြို့တွင် တရားဝင် သွား‌ရောက်‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းနှင့် ပတ်သက်၍ အကြံပြုချက်များ ‌ပေးပို့ကြ ရန် ပြီးခဲ့သည့်လ ဒီဇင်ဘာကလည်း KNU ဘက်မှ ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ဖိတ်‌ခေါ်စာတစ် ‌စောင် ‌ပေးပို့ခဲ့‌သေးသည်။

ငြိမ်းချမ်း‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသည် ‌ကောင်းသည့် လက္ခဏာတစ်ရပ်ဖြစ်‌သော်လည်း သတိကြီးကြီး လုပ်သွားရန်၊ ဆုံးဖြတ် ချက် မမှားယွင်းရန်နှင့် သိန်းစိန်အစိုးရ၏ သ‌ဘောထားမှန်ကန်မှု မည်မျှရှိသည်ကို ‌သေချာစိစစ်ရန် လို‌ကြောင်း ဖိတ်‌ခေါ်စာ ကို ပြည်တွင်းပြည်ပ ကရင်များက တုံ့ပြန်‌ပြောဆိုခဲ့ကြသည်။

ယခု KCBO ‌ကြေညာချက်အရ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲတွင် နိုင်ငံတကာမှ ‌စောင့်ကြည့်‌လေ့လာအကဲခတ်ရန်၊ ကရင်တမျိုး သားလုံး၏ အကျိုးစီးပွားနှင့်အတူ အခြားတိုင်းရင်းသားလူမျိုးအားလုံးတို့၏ အကျိုးစီးပွားကို ‌ရှေ့ရှုရန်၊ နှစ်ဦးနှစ်ဘက် ‌တောင်းဆိုမှုများကို အပြန်အလှန် ‌လေးစားအသိအမှတ်ပြုရန်နှင့် အပစ်အခတ်ရပ်စဲ‌ရေးတစ်ခုတည်း ဦးတည်ခြင်းသာ မဟုတ်ဘဲ ‌ရေရှည်တည်တံ့ခိုင်မြဲသည့် ‌ဆွေး‌နွေးပွဲ ဖြစ်‌စေရန်တို့ ‌ဖော်ပြထားသည်။

KCBO ကို ၂၀၀၉ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ်နှင့် ပြည်တွင်းပြည်ပရှိ ပညာ‌ရေး၊ လူမှု‌ရေး၊ ကျန်းမာ‌ရေး၊ နိုင်ငံ‌ရေး၊ လူ့အ ခွင့်အ‌ရေးအတွက် လှုပ်ရှား‌နေသည့် ကရင်လူမှုအဖွဲ့အစည်း ၂၀‌ကျော် ပူး‌ပေါင်းထားခြင်းဖြစ်ပြီး အ‌ကြောင်းအမျိုးမျိုး‌ကြောင့် အတိဒုက္ခ‌ရောက်‌နေသည့် ကရင်ပြည်သူလူထုများကို ကူညီ‌ဆောင်ရွက်‌ပေးလျှက်ရှိသည်။