Home သတင်း က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ မဲ‌ဆောက်တွင် ကျင်းပ

က‌လေးကူးသန်း‌ရောင်းဝယ်မှု ပ‌ပျောက်‌ရေး‌နေ့ မဲ‌ဆောက်တွင် ကျင်းပ

2708
ဒီဇင်ဘာလ ၁၂ရက်။ နန်းသူး‌လေ (‌ကေအိုင်စီ)

မြန်မာနိုင်ငံ က‌လေးကူးသန်း‌ရောင်းဝယ်မှု ‌လျော့ကျ‌ရေးလုပ်ငန်းအဖွဲ့ (Burma- ACT)က ကြီးမှူး၍ ယ‌နေ့ကျ‌ရောက်သည့် က‌လေးကူးသန်း‌ရောင်းဝယ်မှု ဆန့်ကျင်‌ရေး‌နေ့ အခမ်းအနားကို ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့ရှိ Children Development Center (CDC)‌ကျောင်းတွင် ယ‌နေ့မနက် ၈နာရီက ကျင်းပခဲ့ကြသည်။

Burma- ACT အဖွဲ့မှ ဒုတာဝန်ခံ ‌စော‌နေဦးက “အရင်တုန်းကဆိုရင် လူထုထဲက‌တော့ ပါဝင်တာနည်းပါတယ်။ ဒီနှစ်‌တော့ လူထု‌တွေ အားတက်သ‌ရောနဲ့ ပူး‌ပေါင်း ပါဝင်လာတာ များလာတယ်။ ‌နောက်ပြီး က‌လေးကူသန်း‌ရောင်းဝယ်မှု ‌လျော့နည်းလာ ‌အောင် ဘယ်လိုမျိုးနည်းလမ်း‌တွေနဲ့ ဆက်လက်ဝိုင်းဝန်းလုပ်‌ဆောင်သွားမှာလဲဆိုတာ အားလုံးမှာ တာဝန်ရှိတယ်။”ဟု ‌ပြော သည်။

အခမ်းအနားတွင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း ၃၀‌ကျော်မှ ‌ကျောင်းဆရာ ဆရာမများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ မြန်မာ‌ရွှေ့ ‌ပြောင်းအလုပ်သမားများနှင့် အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ကူညီ‌ထောက်ပံ့‌ပေးခဲ့သည့် World Vision အဖွဲ့နှင့် Foundation for Education and Development အဖွဲ့ အပါအဝင် ပရိဿတ် ‌ထောင်နှင့်ချီ၍ တက်‌ရောက်အား‌ပေးခဲ့သည်။

ထို့အပြင် အခမ်းအနားကို မြန်မာ့ဒီမိုက‌ရေစီ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်၏ ဗီဒီယိုမိန့်ခွန်းဖြစ်သည့် “က‌လေးသူငယ် များ ကူးသန်း‌ရောင်းဝယ်‌ရေး ဆန့်ကျင်‌ရေး‌နေ့ ဆိုပြီး‌တော့ ကျမတို့ စွဲစွဲမြဲမြဲ မှတ်ထားဖို့ လိုတယ်။”ဟု ပြသခဲ့ပြီး အခမ်းအနားကို စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

တဆက်တည်း၌ပင် ‌ကျောင်းသူ‌ကျောင်းသားများမှ ‌ဖျော်‌ဖြေ‌ရေးအဖြစ် အက၊ ကဗျာ၊ သံချပ်များဖြင့် ‌ကျောင်းအလိုက် တင် ဆက်ခဲ့ကြပြီး United ACT အဖွဲ့မှ ပြဇာတ်ဖြင့် တင်ဆက်ကပြခဲ့ကာ က‌လေးများအား ကာကွယ်‌စောင့်‌ရှောက်ရန် လုပ်‌ဆောင် ခဲ့သည့် အချက်အလက်များ၊ ရုပ်ပုံကားချပ်များနှင့် ဓါတ်ပုံများပါသည့် ပြခန်းများလည်း အခမ်းအနားတွင် ပြသထားခဲ့သည်။

CDC ‌ကျောင်းမှ ‌ကျောင်းသူ မအိက “ဒီလိုအခမ်းအနားကို ‌ငွေကုန်ခံ၊ အချိန်ကုန်ခံပြီး ကျင်းပ‌ပေးခဲ့တဲ့အတွက် မြန်မာပြည်သား အားလုံးကို လာ‌စေချင်တယ်။ ‌နောက်ပြီး ဒီက‌နေ ‌ပေးလိုက်တဲ့ပညာ‌တွေကို ‌ပေါ့‌ပေါ့တန်တန်မထင်ပဲနဲ့ တကယ်လို့ ကိုယ်တိုင် ကူးသန်း‌ရောင်းဝယ်ခံ‌နေရပြီဆိုရင် ပြန်လည် ကာကွယ်တတ်‌အောင် လုံးဝ မ‌မေ့ဖို့ လိုတယ်။”ဟု ‌ပြောသည်။

အခမ်းအနားကို တက်‌ရောက်ခဲ့သည့် ထိုင်းပညာ‌ရေးဌာနမှ ဖနိဒါကလည်း မိဘများနှင့် လူထုအဖွဲ့အစည်းများမှ က‌လေးများ အား အလုပ်မခိုင်း‌စေရန်၊ အ‌ရောင်းစားမခံရ‌အောင် ကာကွယ်‌စောင့်‌ရှောက်ရန်၊ က‌လေးငယ်များကို ပညာသင်ကြား‌ပေးပြီး အသိဉာဏ်ဖွံ့တိုးတက်လာ‌အောင် လုပ်‌ဆောင်‌ပေးကြရန်၊ ‌ကျေးရွာများမှ က‌လေးငယ်များ ‌ကျောင်းတက်နိုင်ရန် လူမှု‌ရေးအဖွဲ့ အစည်းများမှ တိုက်တွန်း‌ပေးသွားကြရန် ‌ပြောကြားခဲ့သည်။

အမျိုးသမီးနှင့် က‌လေးများအ‌ပေါ် လူကုန်ကူးမှုများကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး နိုင်ငံများမှ ပူး‌ပေါင်းတိုက်ဖျက်ရန် တာ ဝန်‌ပေးထားခဲ့သည့် ပါလာမိုစာချုပ် အသက်ဝင်လာသည့်‌နေ့ကိုအစွဲပြုပြီး ၂၀၀ဝခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်‌နေ့တွင် က‌လေးကူး သန်း‌ရောင်းဝယ်မှု ဆန့်ကျင်‌ရေး‌နေ့ကို သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

က‌လေးကူးသန်း‌ရောင်းဝယ်မှု ဆန့်ကျင်‌ရေးအတွက် အ‌ရှေ့‌တောင်အာရှရှိ ထိုင်းနိုင်ငံအပြင် လာအို၊ ဖိလစ်ပိုင်၊ က‌မ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံများတွင်လည်း လှုံ့‌ဆော်သည့် အခမ်းအနားများ ကျင်းပသည်ဟု သိရသည်။