Home သတင်း ကရင်‌ကောက်သစ်စားပွဲကို ဝင်း‌ရော်‌ဒေသတွင် အစဉ်အလာမပျက် ကျင်းပ

ကရင်‌ကောက်သစ်စားပွဲကို ဝင်း‌ရော်‌ဒေသတွင် အစဉ်အလာမပျက် ကျင်းပ

1971
Photo: Yaunt Thar Ae San

ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသရှိ ဒိုင်လွတ်-တမို‌ဝေါင်း‌ကျေးရွာ၊ သိမ်ကွင်း၌ ၃၁ ကြိမ်‌မြောက် ကရင်ရိုးရာ ‌ကောက်သစ်စားပွဲကို ပြာသိုလပြည့်(ဇန်နဝါရီ ၂၇ ရက်)တွင် Covid -19 ‌ရောဂါကာလဖြစ်‌သော်လည်း အစဉ်အလာမပျက် ကျင်းပခဲ့သည်။

ကရင်လူမျိုးတို့သည် မိမိတို့၏ ‌တောင်ယာ၊ လယ်မှ ရရှိလာသည့် ‌ကောက်ပဲသီးနှံ ‌ပေါ်ဦး‌ပေါ်ဖျားများကို စု‌ဆောင်းထားပြီးမှ ယခု ပြာသိုလတွင် မိသားစုအ‌နေဖြင့်‌သော်လည်း‌ကောင်း၊ ‌ကျေးရွာအလိုက်‌သော် လည်း‌ကောင်း စု‌ပေါင်းချက်ပြုတ်စား‌သောက်သည့်အ‌နေဖြင့် ရိုးရာ‌ကောက်သစ်စားပွဲကို ကျင်းပရခြင်း ဖြစ်သည်ဟု ကျင်းပ‌ရေး‌ကော်မတီဝင်ဖြစ်သူ ‌စော‌ယောင့်သာအဲဆန်က ဇန်နဝါရီ ၂၉ ရက်တွင် ‌ပြော သည်။

၎င်းက “ပထမဦးဆုံး ခြံထွက်‌ကောက်ပဲသီးနှံနှင့် ဆန်စပါး‌တွေကို တစ်အိမ် တစ်တင်းစီ စု‌ပေါင်းသို‌လှောင်ထားပြီးမှ ကိုယ်ထက် အသက်အရွယ်ကြီးသူ‌တွေကို သီးဦးသီးဖျားနဲ့ ချက်ထားတဲ့ ထမင်းဟင်း‌တွေကို ‌ကျွေး‌မွေးပြီး ကုသိုလ်ယူတာ‌ပေါ့။ ဆန်‌ရေစပါး‌တွေ ဒီထက်မက တိုးပွား လာရ‌အောင်ဆိုပြီး ဖီ့ဘူး‌ယော်(စပါး‌စောင့်နတ်)ကို ဂုဏ်ပြုတာလည်း ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ရိုးရာ‌ကောက်သစ်စားပွဲအထိမ်းအမှတ်အ‌နေဖြင့် ကရင်ဘာသာဖြင့် ဝတ္ထု၊ ကဗျာနှင့် ‌ဆောင်းပါး ပြိုင်ပွဲများကို ထည့်သွင်းကျင်းပခဲ့ရာ ဝင်း‌ရော်‌ဒေသမှ ဝင်‌ရောက်‌ဖြေဆိုသူ ၁၇ဝ ဦး‌ကျော်အထိရှိခဲ့ပြီး ဇန်နဝါရီ ၂၆ ရက် ညတွင် စာ‌ပေပြိုင်ပွဲဆုချီးမြှင့်ခြင်း၊ ကရင်ဒုံးအဖွဲ့မှကပြ‌ဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့ သည်ဟု သိရသည်။

ပြာသိုလပြည့်(ဇန်နဝါရီ ၂၇ ရက်)‌နေ့တွင် ‌ကောက်သစ်စားပွဲအ‌နေဖြင့် ဖီ့ဘူး‌ယော်အား ဂုဏ်ပြုခြင်း၊ သက်ကြီး ဘိုးဘွားကန်‌တော့ပြီး ‌ကောက်သစ်ထမင်းဟင်း‌ကျွေး‌မွေးခြင်းများပြုလုပ်ခဲ့သည်ဟု ကျင်း ပ‌ရေး‌ကော်မတီ တာဝန်ရှိသူများက ‌ပြောသည်။

ရိုးရာ‌ကောက်သစ်စားပွဲတွင် ပိန်းဥ၊ ဖား၊ ခရုများကို အဓိကထားချက်ပြုတ်စား‌သောက်ကြပြီး အဓိ ပ္ပာယ်မှာ ပိန်းဥသည် ရာသီမ‌ရွေး ပြန်လည်ရှင်သန်‌ပေါက်ပွား‌လေ့ရှိသလို ဖား၊ ခရုမှာလည်း အလားတူ ‌နွေ၊ မိုး၊ ‌ဆောင်းရာသီစလုံး အသက်ရှင်သန် ‌နေထိုင်နိုင်သည့်အတွက် ကရင်လူမျိုးတို့သည်လည်း မည်သည့်အခါမျှ ‌သေဆုံးခြင်းမရှိ၊ အမြဲရှင်သန်‌နေမည်ဟူ‌သော ရိုးရာယုံ ကြည်မှုအရ ပြုလုပ်ခြင်းဖြစ် သည်ဟု ‌ဒေသခံများထံမှ သိရသည်။

တမို‌ဝေါင်းရွာမှ ‌နောင်‌ဖော့မီယိုးက “ရိုးရာပွဲ‌တော်ဆို‌ပေမဲ့ တစ်ဖက်က ကရင်စာ‌ပေ၊ ကရင်ဒုံးအက ‌တွေပါ ‌ဖော်ထုတ်မြှင့်တင်‌ဆောင်ရွက်‌ပေးတယ်။ လူကြီး‌တွေ အစဉ်အဆက်ကတည်းက ကျင်းပလာခဲ့ တာဆို‌တော့ ဒီရိုးရာမ‌ပျောက်ရ‌အောင် လူငယ်‌တွေစုပြီး ဝိုင်းဝန်းလုပ်‌ဆောင်တာပါ။” ဟု ဆိုသည်။

ဝင်း‌ရော်‌ဒေသ၊ ဒိုင်လွတ်-တမို‌ဝေါင်း‌ကျေးရွာ၌ ကရင်ရိုးရာ‌ကောက်သစ်စားပွဲကို နှစ်စဉ် ကျင်းပလာခဲ့ ရာ ယခုနှစ်တွင် ၃၁ ကြိမ်‌မြောက်ရှိခဲ့ပြီဖြစ်သလို ကရင်လူမျိုးများ‌နေထိုင်သည့် အခြား‌ဒေသများတွင် လည်း ရိုးရာ‌ကောက်သစ်စားပွဲကို အစဉ်အလာအရ ကျင်းပ‌လေ့ရှိသည်ဟု သိရသည်။